နှစ်ပေါင်း(၁၀၀)ကျော်ရှိ အသားစားသတ္တဝါများပြသထားသည့် အဆောက်အဦး – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

နှစ်ပေါင်း(၁၀၀)ကျော်ရှိ အသားစားသတ္တဝါများပြသထားသည့် အဆောက်အဦး

အရှေ့တောင်အာရှမှာ သက်တမ်းအရင့်ဆုံးတိရစ္ဆာန်ရုံတခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ကျားလှောင်ရုံကို အောက်တိုဘာလ ၁၄ ရက်နေ့ကအပြာရောင် ကမ္ပည်းပြားတပ်ဆင်ခဲ့ပါတယ်။ကျားလှောင်ရုံ (Carnivora House) ကို ၁၉၁၅ ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ဥယျာဉ်၏ သက်တမ်းအရှည်ကြာဆုံးအဆောက်အဦ တစ်ခုလည်းဖြစ်ပါတယ်။ ထိုအဆောက်အဦကို အက်ဒဝပ်ဘုရင်( ၁၈၄၁ - ၁၉၁၀ ) နတ်ရွာစံဘုရင်ကြီးအား ချစ်ခင်မြတ်နိူးကြသောဥရောပနှင့် ရန်ကုန်မြို့နေလူတန်းစားအလွှာအသီးသီးမှ ထိုဘုရင်ကြီး အတွက်ထာဝရအောက်မေ့ဖွယ် အထိန်းအမှတ်အဖြစ် ရုပ်တုတစ်ခုကို ရန်ကုန်မြို့၏အထင်ကရနေရာတစ်ခုတွင် ထားရှိရန်နှင့်ပိုလျှံငွေကို၀ိတိုရိယဘုရင်မ အထိမ်းအမှတ်ပန်းခြံ  ( Victoria Memorial Park ) ( နောင်တွင်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဖြစ်လာ ) သို့လှုဒါန်းရန်ဆုံးဖြတ်ခဲ့ကြပြီး ၊ အက်ဒဝပ်ဘုရင်၏ ကြေးရုပ်ထုဆောက်လုပ်ခြင်းမှ ပိုလျှံငွေများဖြင့် အက်ဒဝပ်ဘုရင် ၁၉၁၅  အသားစားရုံ ( KING EDWARD VII  1915 CARNIVORA HOUSE ) ဟုနဖူးစည်းစာတမ်းတပ်ကာ တည်ဆောက်လှုဒါန်းခဲ့ကြပါတယ်။ ထိုအဆောက် အဦးကိုယခုအခါ ဖျံများပြသထားရှိရာ ပြကွင်းအနီးတောင်းကုန်းပေါ်တွင်တည်ဆောက်ထားရှိခဲ့ကာ တစ်ချိန်ကအသားစားတိရစ္ဆာန်ကြီးများကို ပြသထားရှိခဲ့သကဲ့သို့ ယနေ့ထက်တိုင်လည်း ကျားဖြူများကို ထည့်သွင်းပြသ အသုံးပြုလျှက်ရှိပါသည်။

Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.