BUY TICKETS
English
မြန်မာ
မူလစာမျက်နှာ
လည်ပတ်ရန်အကောင်းဆုံးနေရာများ
တိရိစ္ဆာန်များ
အတွေ့ကြုံသစ်များ
ပွဲတော်များ
သင်ကြားရေးအစီအစဥ်များ
မိမိတို့အကြောင်း
သတင်းများ
ဆင်မကြီးမိုမို
လွိုင်ကော်ဒေသတောနက်ကြီးထဲတွင် ဆင်မိသားစုနှင့်ကွဲကွာနေသော အသက်(၇)နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိခဲ့ပြီးဖမ်းယူခဲ့ပါတယ်။ သူမကိုမူလကသစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် လုပ်ဆောင် ရန်သင်ကြားပေးခြင်းခံခဲ့ရသော်လည်း ပိုင်ရှင်မှ ၁၉၆၁ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်း ခဲ့ပါတယ်။ ဆင်မလေးအမည်ကို မိုမိုဟုလူသိများလာခဲ့ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သို့ ပို့ဆောင်ခြင်းခံရပြီးနောက် အာရှင် ဆင်မလေးမိုမိုဟာ လာရောက်အပန်းဖြေ လည်ပတ်ကြသော ဧည့်သည်များကို နှစ်ပေါင်း (၅၅)နှစ်တိုင်တိုင် ကပြဖျော်ဖြေခြင်းနှင့် ဘောလုံးစွမ်းရည်တို့ကို ဖျော်ဖြည်ခဲ့ပါတယ်။ ၁၉၉၄ နဲ့ ၁၉၉၆ ခုနှစ်တွင် ဗုဒ္ဓမြတ်ဆွယ်တော် စီတန်းလှည့် လည်သည့် နိုင်ငံတော်အခမ်းအနားများတွင်လည်း ပါဝင်ခဲ့ပြန်ပါတယ်။ သူမအသက်(၆၆)နှစ်မြောက်မွေးနေ့ကို ယခုနှစ် ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၃)ရက် နေ့ တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ဝင်းအတွင်း သူမကို ချစ်ခင်မြတ်နိုးသောပြည်သူတို့နှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တိရစ္ဆာန်အမျိုးပေါးများစွာအနက်ဥယျာဉ်တွင်းနှစ်ပေါင်း (၆၆) နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီး ကျန်းမာသန်စွမ်းပြီး ပျော်ရွင်စွာဖြင့် ယနေ့ထက်တို င်အသက်ရှင်နေဆဲပြည်သူ့မေတ္တာခံယူနေသော သက်တော်ရှည် ဆင်မကြီးတစ်ကောင်အဖြစ် ရပ်တည်လျှက်ရှိပါတယ်။
Copyright 2018, All rights reserved.