တိရစ္ဆာန်ချစ်သူများအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကြီးမှာ တိရစ္ဆာန်လေးတွေကို အစာလာကျွေးနိုင်ဖို့ စီစဉ်ထားပါတယ်။ အစာကျွေးမယ့် အစီအစဉ်ကို တစ်ရက် (၂) ဖွဲ့ ခွင့်ပြုပေးထားပြီး နံနက်ပိုင်း (၁) ဖွဲ့၊ နေ့လည်ပိုင်း (၁) ဖွဲ့ ဖြစ်ကာ တစ်ဖွဲ့ကို လူဦးရေ ၅ ယောက် မှ ၇ ယောက် သတ်မှတ်ပေးထားပါတယ်။ နံနက်ပိုင်း အစာကျွေးမယ့်အဖွဲ့က နံနက် ၈:၃၀ မှ ၉:၀၀ အချိန်အတွင်း၊ နေ့လည်ပိုင်းအဖွဲ့က နေ့လည် ၂:၀၀ မှ ၂:၃၀ အချိန်အတွင်း တိရစ္ဆာန်ဥယျာဉ်ကို အရောက်လာပေးဖို့ လိုအပ်ပါတယ်။ အစာကျွေးမယ့် ကုသိုလ်ရှင်များအနေနဲ့ ပြင်ပအစာအစားများ ဝယ်ယူရာမှာ ဈေး ( သို့မဟုတ် ) အပြင်ထွက်ရတဲ့အခါ ရောဂါ ကူးစက်နိုင်ခြေများပြားတာကြောင့် ကုသိုလ်ရှင်များရဲ့ ကျန်းမာရေး လုံခြုံစိတ်ချရရန်အတွက် ပြင်ပအစာများ ဝယ်ယူစရာ မလိုအောင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အစားအစာများ စီစဉ်ပေးထားပါတယ်။ ကုသိုလ်ရှင်များအနေနဲ့ အသားစား တိရစ္ဆာန်လေးများ အားလုံးအတွက် တစ်ရက်စာ အစာကျွေးရင် ၆ သိန်း၊ အသီးအနှံစား တိရစ္ဆာန်လေးများအားလုံးအတွက် တစ်ရက်စာ အစာကျွေးရင် ၄ သိန်း၊ အသားစား + အသီးအနှံစား တိရစ္ဆာန်လေးများ မျိုးစိတ်ပေါင်း ၁၃၈ ( အကောင်ပေါင်း ၁၄၂၇ ) အတွက် တစ်ရက်စာ အစာကျွေးရင် ၁၀သိန်း ဆိုပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာတင် လုံခြုံစိတ်ချစွာ ဝယ်ယူလှူဒါန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ လာရောက်ကျွေးမွေးကြမယ့်ကုသိုလ်ရှင်များနဲ့ တိရစ္ဆာန်လေးများရဲ့ ကျန်းမာရေးကို လုံခြုံစိတ်ချစေအောင် ယခုလိုပြုလုပ်ထားခြင်းဖြစ်လို့ နားလည်ပေးကြဖို့လည်း ကြိုတင် မေတ္တာရပ်ခံပါရစေ။ တိရစ္ဆာန်လေးများကို ကိုယ်တိုင်ကုသိုလ်ယူ အစာလာရောက်ကျွေးလိုသည်ဖြစ်စေ၊ ကိုယ်တိုင်မလာနိုင်ဘဲ ဖုန်းဆက်လှူဒါန်းလိုသည်ဖြစ်စေ ကြိုတင်စာရင်းပေးဖို့လိုအပ်တဲ့အတွက် ဖုန်းနံပါတ် (09682011170/09953477763) သို့ ခေါ်ဆိုပြီး ကျွေးချင်တဲ့ ရက်၊ ကျွေးချင်တဲ့ အစာနဲ့ အစီအစဉ် အသေးစိတ်ကို ကြိုတင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Copyright 2018, All rights reserved.