ကြံ့ဖြူ – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

ကြံ့ဖြူ

အရွယ်ရောက်ချိန် အထီး (၇-၈) နှစ်၊ အမ (၇) နှစ်။
ကိုယ်ဝန်ဆောင်ကာလ ၁၆ လ
မွေးဖွားနှုန်း ၁ကောင် နွေရာသီတ္ငင်ဖွားလေ့ရှိသည်
သက်တမ်း ၄၅ - ၆၀ နှစ်။
ကြံ့ဖြူ (Ceratotherium simum)

ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - ကြံ့ဖြူ၊ ကြံ့မဲ၊ ဆူမားတြားကြံ့ ဂျာဗားကြံ့နှင့် အိန္ဒိယကြံ့ဟူ၍ ကြံ့(၅)မျိုးရှိပါ သည်။ ကြံ့များ၏ဦးချိုကို ဆေးဖက်ဝင်သည်ဟူသော အယူအဆအမှား များကြောင့် တရားမဝင်အလွန်အကျွံ့ ဖမ်းဆီးသတ်ဖြတ်ကြသဖြင့် အပြည်ပြည် ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN မှ Nearly Threatened-NT မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ်အဆင့် သတ်မှတ်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိပါသည်။

တွေ့ရှိရာဒေသ - အာဖရိတောင်ပိုင်းနှင့် အရှေ့မြောက်ဒေသ၊ ဆာဗားနားမြက်ခင်းနှင့် သစ်တောများတွင် တွေ့ရသည်။

သွင်ပြင်လက္ခဏာ - ကုန်းနေ နို့တိုက်သတ္တဝါများတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ ခန္ဓာကိုယ် အရောင်မှာ မီးခိုးရောင်သန်းသော အဖြူရောင်ဖြစ်သည်။ နှာရိုးပေါ်တွင် ဦးချိုနှစ်ချောင်းပါရှိပါသည်။ နှုတ်ခမ်းသည် လေးထောင့်ပုံသဏ္ဍာန်ရှိပါသည်။

နေထိုင်မှုသဘာဝ - နောက်ခြေအားဖြင့် တစ်နာရီလျှင်မိုင် (၃၀) နှုန်းပြေးနိုင်ပြီး ခန္ဓာကိုယ်ကို လျှင်မြန်စွာ လှည့် ပတ်နိုင်သည်။ အမြင်အာရုံ အားနည်းသော်လည်း အနံ့ခံစွမ်းအားနှင့် အကြားအာရုံ ကောင်းပါသည်။ ကြံ့ထီးများသည် အရွယ်ရောက်ချိန်တွင် အများအားဖြင့် တစ်ကောင် တည်း နေလေ့ရှိပြီး ကြံ့ဖြူမကြီးနှင့် ကလေးငယ် (၇) ကောင်ထိ အုပ်စုလိုက်နေလေ့ ရှိသည်။ အစားအစာ အသီးအရွက်စားသတ္တဝါဖြစ်ပြီး မြက်ကို အဓိကစားသုံးပါသည်။

RELATED ANIMALS

Copyright 2018, All rights reserved.