ပန်ဒါနီ – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

ပန်ဒါနီ

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ၀.၅၆၀မီတာ - ၀.၆၂၅ပေ
ခန္ဓာကိုယ်အလေးချိန် ၃.၇ကီလိုဂရမ် -  ၃၆ကီလိုဂရမ်
အရွယ်ရောက်ချိန် ၁၈လ
ကိုယ်ဝန်ဆောင်ကာလ ၁၁၆ရက်
မွေးဖွားနှုန်း ၁ကြိန်လျှင် ၄ကောင်
သက်တမ်း ၈ နှစ် - ၁၀နှစ်
ပန်ဒါနီ (Ailurus fulgens)

ဘူတန်၊ နီပေါ ၊တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ် ပေ(၈၀၀၀) ကျော်မြင့်သော အအေးပိုင်းနှင့် သမပိုင်းရှိ တောင်တန်းဒေသ များတွင် ရှင်သန်နေထိုင် ကျက်စားပါသည်။ နီညိုရောင်အမွေးနုများရှိပြီး အမြီးတွင် နီညိုရောင် အနုအရင့်ကွင်းလေးများရှိသည်။ ကြီးမားသောဦးခေါင်း၊ တိုသောလည်ပင်း၊ ၀ိုင်းသောမျက်နှာ၊ ချွန်သောနားရွက်နှင့် ရှည်သောအမြီးပါရှိသည်။ နားရွက်နှင့် နှာခေါင်းပတ်လည်တွင် အဖြူရောင်ရှိသည်။ အစုံစားသတ္တဝါဖြစ်ပြီး ၀ါးရွက်တို့ကို အဓိကစားသောက်နေထိုင်လေ့ရှိသည်။ အမြစ်များ၊ ငှက်ဥများ၊ သစ်ခေါက်၊ သားကောင်ငယ်များ၊ ပိုးမွှားများနှင့် ဝက်သစ်ချသီးတို့ကို ရှာဖွေစားသောက်သည်။ သက်တမ်းမှာ သဘာဝတောတွင် ၈နှစ် မှ ၁၃ နှစ်ထိ နေထိုင်နိုင်ပါသည်။

RELATED ANIMALS

Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.