ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | ၂ပေ - ၃ပေ |
ခန္ဓာကိုယ်အလေးချိန် | ၁၈ ပေါင် - ၂၅ ပေါင် |
အရွယ်ရောက်ချိန် | ၄ နှစ် - ၆ နှစ် |
ကိုယ်ဝန်ဆောင်ကာလ | ၆လခွဲ - ၇လ |
မွေးဖွားနှုန်း | ၁ကောင် |
သက်တမ်း | ၂၅ နှစ် - ၃၀နှစ် |
ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် - မျက်ခုံးဖြူမျောက်လွှဲကျော်များ၏ လက်ဖျံရိုး၊ ဦးခေါင်းခွံများနှင့် အသားများကို ဆေးဖက်ဝင်သည်ဟု ယူဆသဖြင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ IUCN Red list တွင် Endangered-EN မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် အဆင့်သတ်မှတ်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။ မြန်မာနိုင်ငံ တွင် လုံးဝကာကွယ်ထားသည့် စာရင်းတွင်ထည့်သွင်း၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။
တွေ့ရှိရာဒေသ - အရှေ့တောင်အာရှ၊ တရုတ် နှင့် အိန္ဒိယနိုင်ငံများတွင်တွေ့ရ သည်။
သွင်ပြင်လက္ခဏာ - ရှည်လျားသောလက်များရှိပြီးမျက်ခုံးမွေးများဖြူသည်။ အထီးများ၏ခန္ဓာကိုယ် အရောင်မှာ အနက်ရောင်ဖြစ်ပြီး အမများမှာအဖြူဘက်သန်းသော အညိုရောင်ဖြစ်သည်။ အမြီး လုံးဝ မပါရှိပါ။ နေထိုင်မှုသဘာဝ မျောက်လွဲကျော် မျိုးနွယ်ဝင်များဖြစ်သည့်အတွက် သစ်ပင် အမြင့်ပိုင်းတွင်နေထိုင်ပြီး နေ့ဘက်တွင် သွားလာလှုပ်ရှားသည်။ သစ်ကိုင်းနှင့် သစ်ခက်များကြားတွင် တွဲလောင်း ခိုလျှက် တစ်ပင်နှင့် တစ်ပင်ခုန်ကူးကာ သွားလာလှုပ်ရှားတက်ပါသည်။ မြေကြီးပေါ်ဆင်း၍ သွားလာခြင်းမရှိပေ။ ၂ကောင်မှ ၆ကောင်အထိ အုပ်စုဖွဲ့ွဲနေလေ့ရှိပါသည်။ တစ်ကောင်နှင့် တစ်ကောင်၊ တစ်အုပ်စုနှင့် တစ်အုပ်စု ဆက်သွယ်ရာတွင် အသံကို ကျယ်လောင်စွာအော် ဟစ်၍ ဆက်သွယ်တက်ကြပါသည်။
အစားအစာ - သစ်ဖု ၊ ပန်းပွင့် ၊ သစ်ရွက် နှင့် သစ်သီးများကိုစားသုံးပါသည်။
Copyright 2018, All rights reserved.