ဝံကြောင် – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

ဝံကြောင်

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် အမြှီး ၀.၆၁ မီတာ မှ ၀.၉၆ မီတာ ၀.၅၆ မီတာ မှ ၀.၈၉ မီတာ
ခန္ဓာကိုယ်အလေးချိန် ၉ ကီလိုဂရမ် -  ၂၀ ကီလိုဂရမ်
အရွယ်ရောက်ချိန် ၂၇ လ
ကိုယ်ဝန်ဆောင်ကာလ ၉၀ -  ၉၂ ရက်
မွေးဖွားနှုန်း ၁ကြိန်လျှင် ၂ကောင်
သက်တမ်း ၁၈ နှစ် - ၂၅နှစ်
ဝံကြောင် (Arctictis binturong)

ရှည်လျား၍ ကြမ်းရှသော အနက်ရောင် သားမွှေးများက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး တစ်ခါတစ်ရံတွင် ထိပ်ပိုင်းတွင် မီးခိုးရောင် ဖြစ်နေတတ်ကြပါသည်။ ၎င်းတို့၏ မျက်နှာတွင် အနည်းငယ် အရောင်ဖျော့သော အမွှေးများနှင့် အဖြူရောင် နှုတ်ခမ်းမွေးတို့ ပါရှိကြပါသည်။ လုံးဝန်းသော နားရွက်ငယ်များမှ နားရွှက်မွှေး အရှည်များ ထွက်ရှိနေကြပါသည်။ ၎င်းတို့၏ မျက်လုံးသည် သေးငယ်၍ နီညိုရောင် ရှိတတ်ကြပါသည်။ဝံကြောင်များကို အရှေ့တောင်အာရှတိုက်တွင် တွေ့ရှိရပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ ကမ္ဘာဒီးယား ၊ တရုတ် ၊ အိန္ဒိယ ၊ လာအို ၊ မလေးရှား ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငိတို့တွင် တွေ့ရှိရပါသည်။ ဝံကြောင်များသည် အများအားဖြင့် တစ်ကောင်ထဲ နေထိုင်လေ့ ရှိကြပြီး အချင်းချင်း တစ်ကောင်နှင့် တစ်ကောင် ထိပ်တိုက်မတွေ့စေရန် ရှောင်ဖယ်နေထိုင်လေ့ရှိကြသည်။ သို့သော် ဝံကြောင်များသည် တင်းကြပ်စွာ တစ်ကောင်ထဲ နေထိုင်လေ့ရှိခြင်း မဟုတ်ကြပါ။ ဝံကြောင်များသည် အစာရှာရန်အတွက် ရေကူးခြင်း ရေငုပ်ခြင်းများကိုလည်း ပြုလုပ်တတ်ကြပါသည်။

RELATED ANIMALS

Copyright 2018, All rights reserved.