ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | ၄ပေ - ၆ပေ |
ခန္ဓာကိုယ်အလေးချိန် | အထီး ၁၃၀ပေါင် - ၄၄၀ ပေါင် အမ ၈၀ပေါင် - ၃၀၀ပေါင် |
အရွယ်ရောက်ချိန် | ၄ နှစ် |
ကိုယ်ဝန်ဆောင်ကာလ | ၇လ - ၈လ |
မွေးဖွားနှုန်း | ၂ကောင် |
သက်တမ်း | ၂၅ နှစ် |
တွေ့ရှိရာဒေသ - အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် တွေ့ရပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သစ်တော များတွင် တွေ့နိုင်သည်။
သွင်ပြင်လက္ခဏာ - အနက်ရောင်အမွေးများထူပြီးရှည်လျားသည်။ ရင်ဘက်ပေါ်တွင် (V) ပုံဏ္ဍာန် အဖြူရောင် အမှတ်အသားသည် လက်မောင်းရင်းထိကျယ်ပြန့်စွာတွေ့ရသည်။ နေထိုင်မှုသဘာဝ တစ်ကောင်ချင်းနေထိုင်သွားလာလှုပ်ရှားလေ့ရှိသည်။ မျိုးပွားရာသီအတွင်းသာ အထီးအမ နေထိုင်လေ့ရှိသည်။ ညဘက် အစာရှာထွက်လေ့ရှိပြီးသစ်ပင်တက်ရာတွင် လွန်စွာကျွမ်း ကျင်သည်။
အစားအစာ - အစုံစားသတ္တဝါဖြစ်ပြီး သစ်သီး ၊ သစ်ဥ၊ သစ်ဖုနှင့် ကျောရိုးမဲ့သတ္တဝါများကို စားသောက် သည်။ ပျားရည်ကိုလွန်စွာမှ ကြိုက်နှစ်သက်သည်။
ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် - လူနေအိမ်ခြေများချဲ့ထွင်လာခြင်း၊ ဟိမဝန္တာဝက်ဝံများ၏ လက်ဖဝါး၊ ခြေဖဝါးနှင့် သည်းခြေများကို ဆေးဖက်ဝင်သည်ဟူသော အယူအဆအမှားများကြောင့် ဖမ်းဆီး သတ်ဖြတ်လာကြသည့်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN Red List စာရင်းတွင် Vulnerable-VU မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါ မျိုးစိတ်အဖြစ် အဆင့်သတ်မှတ်၍ ကာကွယ်စောင့်ရှောက်ထားပါသည်။ မြန်မာနိုင်ငံတွင် သာမာန်ကာကွယ်ထား သည့် မျိုးစိတ်စာရင်းတွင် ထည့်သွင်းထိန်းသိမ်းကာကွယ်ထားပါသည်။
Copyright 2018, All rights reserved.