You can now feed the animals at Yangon Zoo by yourself. The purpose of this program is to let animal lovers meet adorable animals of Yangon Zoo. Everyone must wear masks and follow the social distancing as announced by the Ministry of Health and Sports. Only 2 groups are allowed per day: one in the morning and one in the evening. The morning group can feed between 8:30 to 9:00 am and the evening group between 2:00 to 2:30 pm....
Today (24.5.2010), is a beautiful morning of Yangon Zoo because a wildlife animal Gnu(wildebeest) was born a baby calf after a gestation period about eight months. So far, both baby and mother are healthy. Normally, new born calf learns to walk within minutes of birth and in a few days they are part of the herd, walking alongside their mother. Take a look the calf while zoo will reopen.
Special thanks to each and everyone who cooperates in the first “Animals Adoption Program”.
Today is the 67th birthday of Momo, the beloved of Myanmar. This year, we are celebrating Mo Mo’s birthday party with Yangon Zoo officials, employees without performances, games and her fans due to Covid. Kindly see the LIVE celebration of Mo Mo Birthday. We wish Mo Mo a lot of fun & healthy with her lovers from this 67th birthday to many years!!!
The Yangon Zoo would like to special thanks to all the animal lovers who have generously donated so far for the animals of Yangon Zoo. The good news is that you can easily donate to adorable animals as much as you can from the OnePay mobile app. If you have not installed the OnePay app yet, you can easily download and install the below links. 📲Playstore: Click Here📲App Store: Click Here
Yangon Zoo has not yet reopened, but we would like to introduce the Feeding Tour for you, to come and feed the animals during the holidays in accordance with the health guidelines. Four groups per day will be allowed to visit, with a maximum of five people per group for this Feeding Tour and you must arrive at 8:30 AM at Yangon Zoo. We will provide a guide and buggy for you. You can feed yourself Hippo, Bear, Deer and...
Do you miss the adorable animals in Yangon Zoo… Don’t worry! Yangon Zoo will reopen soon in accordance with health guidelines. Please tell us which animal do you miss most..
Can't wait to see Mo Mo?? 🐘🥰 So, there is a special “Meet with Mo Mo Tour” program for Mo Mo lovers who miss Mo Mo and get to meet with Mo Mo. “Meet with Mo Mo Tour” program package includes the following services Entrance fees Buggy Service One basket of food for Mo Mo It costs only 30,000 Kyats and a tour package can accommodate up to 6 people. Although the Yangon Zoo has not reopened yet, visitors with...
We would like to share incredible facts about our lovely animals, to get to know them better and get closer to them. While it is commonly believed that animals live longer in zoo than in the wild, we are protecting many endangered species at Yangon Zoo as part of maintaining the ecosystem too. If you want to support and give a helping hand for endangered species, it’s easy to donate through Onepay now.
Our Zoo temporary closed but we provide a special private program for those animals lovers who missing our animals. We limit 2 to 10 person per group and one day prebooking require. Additionally,you can buy animals food basket that can feed during 9 to 10 AM( Animals feeding Time). In Private Tour Package: 🎟 Entrance Ticket 🕰 2 Hours visiting pass 🛺 Free Buggy 💸 Price - 5000 MMK per person 📞 For your Booking : 09262499324
“လာပါတူတူဆင်နွှဲဖို့ မိုမို့မွေးနေ့မှာဆုံကြစို့” ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲ ကျင်းပချိန် ရောက်ရှိလို့လာပါပြီ။ အောက်တိုဘာလ (၂၈) ရက် မှ (၃၀) ရက်နေ့အထိ Mo Mo's Birthday Party ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ Mo Mo's Birthday Party ပွဲအတွက် Nom Nom မှ Partner အနေနဲ့ ပါဝင်အားဖြည့်ပြီး Vidya , M Channel , YTV နှင့် Yangon Thar Vlog တို့မှ Media အနေနဲ့ ပါဝင်ကူညီထားပါတယ်။ မိုမို့အတွက် မွေးနေ့ကိတ်ခွဲခြင်း မိုမိုနဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်း Animal Presentation Music & Performance Magic Show ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင် သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်တွေ အများကြီးပါဝင်မှာမို့ ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့မှာ မိုမို့အတွက် အမှတ်တရတွေ ဖန်တီးပေးကြရင်း မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)...
မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (South East Asia Zoos and Aquarium Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အမေရိကန်ကျားသစ်များနေ့ (International Jaguar Day) မြန်မာအမည်-အမေရိကန်ကျားသစ် အင်္ဂလိပ်အမည်-Jaguar သိပ္ပံအမည်-Panthera Onca ရေကူးအရမ်းကျွမ်းကျင်ပြီး အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော အသားစားသတ္တဝါ ဖြစ်သည့်အပြင် ၎င်းမျိုးစိတ်ကို ထိန်းသိမ်းခြင်းအားဖြင့် အခြားသောမျိုးစိတ် အမြောက်အမြား ကိုပါ ထိန်းသိမ်းပြီးဖြစ်သည့် ထီးနှင့်တူသော (Umbrella Species) မျိုးစိတ်ဖြစ်ပါတယ်။ ထို့အပြင် အမေရိကတိုက်၏ ထူးခြားထင်ရှားပြီး အကြီးဆုံးကြောင်မျိုးရင်းဝင် အမေရိကန်ကျားသစ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား သိရှိစေရန်၊ ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန်နှင့် နှစ်စဉ် အကောင်ဦးရေ လျော့နည်းလာသည့်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ(၂၉) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမေရိကန်ကျားသစ်များနေ့ (International Jaguar Day) အဖြစ်သတ်မှတ်ပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့အစည်းများမှ ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါတယ်။ အမေရိကန်ကျားသစ်များနှင့်ပတ်သက်၍ သိကောင်းစရာအချက်များမှာ ၁။ အမေရိကန်ကျားသစ်များသည် ကြောင်ကြီးမျိုးရင်းဝင်သတ္တဝါများထဲတွင် မေးရိုးသန်မာပြီး ကိုက်အားအသန်ဆုံးသတ္တဝါဖြစ်ပါတယ်။ ၂။ ရေဘုရင်ဟုတင်စားခေါ်ဝေါ်ခြင်းခံရသည့် မိကျောင်းများကို ရေထဲမှာပင် အမဲလိုက်နိုင်စွမ်းရှိပါတယ်။ ၃။ အမေရိကန်ကျားသစ်သည် ကြောင်ကြီးမျိုးရင်းဝင် ကျား၊ ခြင်္သေ့ပြီးလျှင် တတိယအကြီးဆုံး အသားစားနို့တိုက်သတ္တဝါဖြစ်ပါတယ်။ ၄။ ထိန်းသိမ်းရေးပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ သဘာဝတောထဲတွင်...
🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲 🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) ၊🐒🐒🐒 ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။ မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။ ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ… ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။ အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။ အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။ ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။ ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။...
🌲🧑🎄“အတူနွှဲပျော်မည် CHRISTMAS PARTY” 🎄🎅 ဒီဇင်ဘာလ ရဲ့ Special Day တွေဖြစ်တဲ့ (၂၃) ရက် မှ (၂၅) ရက်နေ့အထိ Christmas Party ပွဲကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကနေ ကျင်းပပေးသွားမယ့် “CHRISTMAS PARTY” ပွဲမှာတော့ • Magic Show 🪄✨ 🎩 • Kids Talent Show 🎤🎸👪 • Photo Session With Birds 🦜🦅 • Carol Singing 🧑🎄🧑🎄 • ခေတ်ပေါ် အကများဖြင့်ဖျော်ဖြေခြင်း 🪩💃🕺 • တေးဂီတအဖွဲ့များ၏ ဖျော်ဖြေခြင်းများအပြင် 🎶🎤🎸 လာရောက်လည်ပတ်သူများအတွက် လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများ ရောင်းချပေးမယ့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်တာမို့လို့ Christmas Party ပွဲကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဆီသို့ အရောက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ...
🌲🧑🎄“အတူနွှဲပျော်မည် CHRISTMAS PARTY” 🎄🎅 ခရစ်စမတ်ကာလပိတ်ရက်မှာတော့ သားသားမီးမီးတို့လည်း ကျောင်းပိတ်တယ်ဆိုတော့ ဖျော်ဖြေရေးအစီအစဉ်များစွာရှိတဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။🤗🤗🤗 ဒီဇင်ဘာလ ရဲ့ Special Day တွေဖြစ်တဲ့ (၂၃) ရက် မှ (၂၅) ရက်နေ့အထိ ကျင်းပမယ့် Christmas Party ပွဲရဲ့ ဒုတိယနေ့မှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်ခဲ့ပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို လာရောက်ခဲ့ကြသော ဧည့်သည်များရဲ့ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကနေ ကျင်းပပေးသွားမယ့် “CHRISTMAS PARTY” ပွဲမှာတော့ • Magic Show 🪄✨ 🎩 • Kids Talent Show 🎤🎸👪 • Photo Session With Birds 🦜🦅 • Carol Singing 🧑🎄🧑🎄 • ခေတ်ပေါ် အကများဖြင့်ဖျော်ဖြေခြင်း 🪩💃🕺 • တေးဂီတအဖွဲ့များ၏ ဖျော်ဖြေခြင်းများအပြင် 🎶🎤🎸 လာရောက်လည်ပတ်သူများအတွက် လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများ...
⛄⛄Merry Christmas ☃️☃️ We wish you and your family health, happiness, harmony, and fulfilment. ❄️❄️Merry Christmas to all of you.🌲🌲
🥳Happy New Year🎊 May this year bring new happiness, new goals, new achievements, and a lot of new inspirations on your life. Wishing you a year fully loaded with happiness. Wishing every day of the new year to be filled with success, happiness, and prosperity for you. 🎇🎆
🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (Karen New Year Day) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုလိုက်ပါသည်။
အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ရဲ့ (၁၁၈) နှစ်ပြည့်အထိမ်းအမှတ် ပွဲတော်ကျင်းပရန် အချိန်အခါ ရောက်ရှိလို့လာပါပြီ။ 🥳🥳🥳 ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ကျရောက်မယ့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို၊ တိရိစ္ဆာန်ဥယျာဉ် အတွင်းမှာ ဇန်နဝါရီလ (၂၅) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ 🎶 Music Band & Dance Performance 🤹 Magic Show အစီအစဉ် 📷 ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်များ 🎪 သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်များ 🎁 လက်ဆောင်များ ရယူနိုင်မယ့် အမေးအဖြေကဏ္ဍများအပြင်၊ 🛍️ ဈေးရောင်းပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ (၁၁၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်မှာ ကလေးဘဝ ပျော်ရွှင်လွမ်းမောစရာ အမှတ်တရများ ပြန်လည်ခံစားရင်း၊...
ဇန်နဝါရီလ ၂၅ရက်နေ့တွင် စတင်ကျင်းပတော့မယ့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၏ (၁၁၈) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ပါဝင်ဆင်နွှဲဖို့ စိတ်လှုပ်ရှားနေပြီလား 🤩🥳🤗 ဇန်နဝါရီလ (၂၅) ရက်နေ့မှာ 🎶Muisc Band 🪄Magic show 📸Photo Session with Animals ဇန်နဝါရီလ (၂၆) ရက်နေ့မှာ 🪄Magic show 🐘Animal Presentation 📸Photo Session with Animals ဇန်နဝါရီလ (၂၇) ရက်နေ့မှာ 🎵Music Band & Dance Performance 🪄Magic show 📸Photo Session with Animals 🤼Game Activities ဇန်နဝါရီလ (၂၈) ရက်နေ့မှာ 🎵Music Band & Dance Performance 🪄Magic Show 📸Photo Session with Animals 🤼Game Activities လူသုံးကုန်ပစ္စည်များနှင့် အစားအသောက်ရောင်းချပေးမယ့် ဆိုင်ခန်းများစွာလည်း ပါဝင်တဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၏ (၁၁၈) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲမှာ မိသားစု၊...
International Zebra Day (အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့) 🦓🦓🦓 ဇန်နဝါရီလ (၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ (International Zebra Day) အဖြစ် ရည်ရွယ်သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်ထဲက မြင်းကျားလေးတွေရဲ့အကြောင်းကို ဗဟုသုတအဖြစ် အနည်းငယ်မျှဝေပေးချင်ပါတယ်။ 🦓 ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဖြူနဲ့အမဲ အရောင်ခြယ် အစင်းကျားများကြောင့် ထူးခြားထင်ရှားတဲ့ မြင်းကျားတွေဟာ အာဖရိကတိုက်မှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ 🦓 🦓 လူတွေမှာရှိတဲ့ လက်ဗွေဟာ တစ်ယောက်နှင့် တစ်ယောက်မတူသလို မြင်းကျားတွေရဲ့ အစင်းကျားတွေကလည်း တစ်ကောင်နှင့် တစ်ကောင်မတူတဲ့အတွက် အလွယ်တကူခွဲခြားလို့ရပါတယ်။ 🦓 🦓 မြင်းကျားတို့ရဲ့နားတွေဟာ အဘက်ဘက်ကို လှည့်နိုင်ပါတယ်။ 🦓 🦓 မြင်းကျားများကို အိမ်မွေးတိရစ္ဆာန်တွေလို ယဉ်ပါးအောင် မွေးလို့ မရပါဘူး။ 🦓 🦓 မြင်းကျားများဟာ တစ်နာရီကို(၆၅) ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ 🦓 🦓 မွေးကင်းစမြင်းကျားလေးတွေဟာ မွေးဖွားပြီး (၆) မိနစ် အကြာမှာပဲ မတ်တတ်ရပ်နိုင်ပါတယ်။ 🦓 မြင်းကျားတစ်ကောင်ရဲ့ ကန်ချက်ဟာ ခြင်္သေ့တစ်ကောင်ကိုတောင် သေစေနိုင်လောက်အောင်ထိ ပြင်းထန်ပါတယ်။...
ကမ္ဘာ့ငှက်ကုလားအုတ်နေ့ (World Ostrich Day) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂) ရက်နေ့ ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း (၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှ ဆင်းသက်လာသည့် ခန္ဓာကိုယ် အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် (Common Ostrich) နှင့် ဆိုမာလီငှက်ကုလားအုတ် (Somali Ostrich) ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ဖွားပါတယ်။ ငှက်ကုလားအုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန်ဆုံးသော ငှက်များဖြစ်ကြပြီး ရှည်လျား သန်မာသော ခြေထောက်များ ရှိသည့်အတွက် တစ်ခါခုန်လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါတယ်။ ရှည်လျားသော ခြေတံများသည် လူသား (သို့မဟုတ်) ခြင်္သေ့ကဲ့သို့သော သားရဲများကိုပင် သေစေနိုင်သော လက်နက်တစ်ခုလည်းဖြစ်ပြီး ခြေချောင်း နှစ်ချောင်းစီတွင် ရှည်လျား ချွန်ထက်သော ခြေသည်းများ ပါရှိကြပါတယ်။ ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသော မျက်လုံးကို ပိုင်ဆိုင်ထားကြပြီး မျက်လုံးအလျားမှာ (၅) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ ကဲ့သို့သော သားရဲမုဆိုးများကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့်...
🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon.....🐉🎉
🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
“ချစ်သူများနေ့ (Valentine's Day)” မျက်စိနဲ့လည်းမမြင်နိုင်၊ ထိတွေ့ကြည့်လို့လည်းမရနိုင်သလို ထုထည်ကြီးမားပြီး တိုင်းတာ၍မရနိုင်သည်မှာလည်း ချစ်ခြင်းမေတ္တာတရားပင်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသော်လည်း ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသနိုင်သောနေ့သည် ချစ်သူများနေ့ (Valentine's day) တစ်ရက်သာရှိပါတယ်။ 💕💕 ချစ်ခင်မြတ်နိုးရသူ အချင်းချင်း အပြန်အလှန် လက်ဆောင်အဖြစ် အရုပ်များ၊ ချောကလက်များကို သာမက ရှေးအစဉ်အလာအားဖြင့် ပန်းစည်းများနှင့်သကြားလုံးများကိုလည်း ပေးလေ့ရှိကြပါတယ်။မည်သည့်လက်ဆောင်ပဲဖြစ်ဖြစ် ချစ်ရသူ အမြတ်တနိုး တန်ဖိုးထား၍ ပေးသောစိတ်ရင်းကသာ အဓိကဖြစ်ပါတယ်။💝💝 ချစ်သူနှစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့ ကတိကဝတ်တို့ကို အမှတ်ရစေနိုင်သော နေ့ထူးလည်းဖြစ်ပါတယ်။ ချစ်သူများနေ့ (Valentine Day) ဟာ အနောက်တိုင်း ရှေးယဉ်ကျေးမှု အစဉ်အလာနေ့ ဖြစ်ပြီး ယခုအခါ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုသောနေ့တစ်ခု ဖြစ်ပါတယ်။ 💞💞 ချစ်သူများနေ့(Valentine's day) မှာ ချစ်ရသူလေးနဲ့ ယှဉ်တွဲ လျှောက်လှမ်းပြီး အနားယူအပန်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗
ကမ္ဘာ့ရေမြင်းနေ့ (World Hippopotamus Day) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅) ရက်နေ့ ကမ္ဘာ့ကုန်းမြေတွင်သာမက ရေပြင်တွင်လည်း ရှင်သန်ကျက်စားကြကာ ဂေဟဗေဒစနစ်ကို ညီညွတ်စေရန် ကူညီထိန်းသိမ်းပေးနေသည့် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သော ရေမြင်းများသည် ကုန်းနှင့်ရေ နှစ်မျိုးစလုံးတွင် ရှင်သန်ကျက်စားကြပြီး ကမ္ဘာ့ကုန်းမြေပေါ်ရှိ နို့တိုက်သတ္တဝါများထဲတွင် တတိယ အရွယ်အစား အကြီးမားဆုံးဖြစ်ပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်တွင် ရှင်သန်ကျက်စား နေထိုင်ကြသည်ကို တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Hippopotamus) ဟူ၍ ရေမြင်းမျိုးစိတ် (၂) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ 🦛 Hippopotamus ဟူသော အမည်သည် ဂရိစကားလုံးမှ ဆင်းသက်လာခဲ့ပြီး River Horse (မြစ်မြင်း) သို့မဟုတ် Water Horse (ရေမြင်း) ဟူ၍ အဓိပ္ပာယ်ရပါသည်။ ယခုလက်ရှိ ကမ္ဘာပေါ်တွင် ရှင်သန်ကျန်ရှိနေသေးသည့် ရေမြင်းမျိုးစိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း (၈) သန်းခန့်က အာဖရိကတိုက်တွင် စတင်ပေါ်ပေါ်က်ခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်ရှိ ရေချိုမြစ်ဝှမ်းများနှင့် ရေကန်များတွင် ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ ရေစိမ်ရခြင်းကို အလွန်ကြိုက်နှစ်သက်သည့်...
အောက်ချင်းငှက် (Oriental Pied Hornbill) မြန်မာအမည် - အောက်ချင်း အင်္ဂလိပ်အမည် - Oriental Pied Hornbill သိပ္ပံအမည် - Anthracoceros albirostris အောက်ချင်းငှက်များသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရှင်သန်နေထိုင် ကျက်စားကြပြီး Sunda Pied Hornbill သို့မဟုတ် Malaysian Pied Hornbill ဟူ၍လည်း ခေါ်ဆိုပါတယ်။ အောက်ချင်းငှက်များ၏ ဦးခေါင်းထိပ်ရှိအမောက်သည် ခန္ဓာကိုယ်အတွင်းမှ အပူများကို ပြင်ပသို့ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အောက်ချင်းငှက်အထီးများ၏ ဦးခေါင်းထိပ်ရှိ အမောက်သည် အမများထက် အရွယ်အစား ပိုမိုကြီးမားကြပါတယ်။ အောက်ချင်းငှက်များသည် အသီးအနှံများကို စားသုံးတတ်ကြသော်လည်း အင်းဆက်ပိုးမွှားများ၊ ဖွတ်၊ ဖား၊ ငါးတို့ကိုလည်း စားသုံးတတ်ကြသည့် အစုံစားသတ္တဝါများ ဖြစ်ပါတယ်။ အောက်ချင်းငှက်များသည် ဖိုမ နှစ်ကောင်တွဲ၍ ပျံသန်းလေ့ရှိကြပြီး တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြပါတယ်။ အောက်ချင်းငှက်အမများ အသိုက်ပြုလုပ်နေစဉ်အတွင်း ငှက်ဖိုများက အပြင်မှ ရွှံ့စေးဖြင့် ပိတ်ထားပေးပြီး၊ အပြင်ဖက်မှ အစာခွံ့ရန်အတွက် အပေါက်ကျဉ်းလေးကိုသာ ဖန်တီးထားတတ်ပါတယ်။ အောက်ချင်းငှက်ဖိုများသည် အောက်ချင်းငှက်မများ သားမွေးသည့်အခါတွင် အစာရှာကြွေးလေ့ရှိတယ်။အောက်ချင်းငှက်မများသည် ဥ ဥချပြီးသောအခါ (၂၄)...
“အားလုံးပျော်မည် SUMMER PARTY” တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် Summer Party Event ကို မတ်လ ၈ ရက်နေ့မှ ၁၀ရက်နေ့အထိ ၃ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ Summer Party Event မှာ 🪄 မျက်လှည့်ပြပွဲ 🦜 ငှက်လိမ္မာလေးများနဲ့ ဓာတ်ပုံရိုက်ကူးခြင်း 🎶တေးဂီတဖျော်ဖြေပွဲနှင့် 👯 K-pop Random Dance ပါဝင်မည့်အပြင် 📸 ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်မယ့် Photo Booth၊ 🤼 သားသားမီးမီးတို့ ပါဝင်ယှဉ်ပြိုင်လို့ရမယ့် ဂိမ်းအစီအစဉ်နှင့် ပြိုင်ပွဲများလည်း ပါဝင်သွားမှာဖြစ်ပြီး လာရောက်လည်ပတ်သူများအတွက် စာအုပ်အရာင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများရောင်းချပေးမယ့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ 🥳🥳🥳 မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနဲ့အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်အပန်းဖြေလည်ပတ်ရင်း ပြိုင်ပွဲလေးတွေမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗 ဈေးပွဲတော်ဆိုင်ခန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger (သို့) ဖုန်း- 09421055332 , 09674071155, 09450037909 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တောင်သူလယ်သမားနေ့ (Peasants' Day) စိုက်ပျိုးရေးကို အခြေခံသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများရဲ့ဇွဲလုံ့လဝီရိယ၊ကြိုးစားအားထုတ်မှုနှင့် ကျေးဇူးတရားကို အသိအမှတ်ပြုဂုဏ်ယူသော အထိမ်းအမှတ်ဖြင့် တောင်သူလယ်သမားနေ့ကို မတ်လ (၂)ရက်နေ့တွင် နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍 မတ်လ ( ၃ ) ရက်နေ့သည် ကမ္ဘာပေါ်ရှိ ရှင်သန် ကျက်စားနေကြသည့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် အသိပညာပေးသည့်အနေဖြင့် World Wildlife Day ကို စတင်ဂုဏ်ပြုခဲ့သည့် နေ့ ဖြစ်ပါတယ်။ 🤗🤗🤗 ၂၀၁၃ ခုနှစ်မှ စတင်၍ United Nation General Assembly မှ World Wildlife Day ကို မတ်လ ( ၃ ) ရက်နေ့တွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ World Wildlife Day ဆောင်ပုဒ်မှာ (Connecting People and Planet: Exploring Digital Innovation in Wildlife Conservation) ဟူ၍ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များဖြင့် ဆန်းသစ်တီထွင်၍ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်များသည် ဂေဟစနစ်ကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဆောင်ရွက်ကြရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။ ဝတ်မှုန်ကူးခြင်းမှသည်...
လာရောက်ဆင်နွှဲ “Summer Party” ပွဲ မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့Summer Party ပွဲမှာ ကလေးများနှင့် လူငယ်များ ပါဝင်ဆင်နွှဲလို့ရမယ့် ပြိုင်ပွဲလေးများကို စီစဉ်ထည့်သွင်းထားပါတယ်။ 🏃အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ 🎨အသက် ၅ နှစ်မှ ၁၃ နှစ်အထိ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ မြေအိုးပန်းချီပြိုင်ပွဲနှင့် 🍜အသက်အရွယ်စုံ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ မုန့်စားပြိုင်ပွဲများ ထည့်သွင်းစီစဉ်ထားပါတယ်။ ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်မယ့် ကလေးများနှင့် လူငယ်လူရွယ်များအတွက် စာရင်းပေးနိုင်မယ့် Information Counter ကိုလည်း ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ 🤗🤗 အမှတ်တရအဟောင်းများကို ပြန်လည်ကြည်နူးရင်း အမှတ်တရအသစ်တွေကို အတူတူဖန်တီးပြီး အားလုံးတူတူပါဝင်ဆင်နွှဲဖို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ Summer Party မှာ ဆုံကြပါစို့ 🥳🥳🥳 ဈေးပွဲတော်ဆိုင်ခန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း- 09421055343, 09450037909 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။ အမျိုးသမီးများ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလာသည်။ ခေတ်ကာလ အခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏...
“အားလုံးဆုံမည် Summer Party” Summer Party Eventရဲ့ ပထမနေ့မှာ လာရောက်လည်ပတ်သူများနဲ့ ဈေးပွဲတော်အတွင်းမှ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ လာရောက်လည်ပတ်သူများ အပန်းပြေစေဖို့ ဒုတိယနေ့နဲ့ တတိယနေ့များမှာလည်း ဈေးပွဲတော်နဲ့ ဖျော်ဖြေရေးအစီအစဉ်များစွာကို စီစဉ်ထားရှိပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ မတ်လ (၉) ရက်နေ့အတွက် မနက်ပိုင်းအစီအစဉ်များကတော့ 🪄မျက်လှည့်နှင့်ဆပ်ကပ် 🏃လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ 🍜မုန့်စားပြိုင်ပွဲများ ပါဝင်မှာဖြစ်ပြီး ညနေပိုင်းမှာတော့..... 🎶Music Band 🍞မုန့်စားပြိုင်ပွဲ 🎨မြေအိုးပန်းချီပြိုင်ပွဲများပါဝင်မှာပဲဖြစ်ပါတယ်။ တတိယနေ့ဖြစ်တဲ့ မတ်လ (၁၀) ရက်နေ့အတွက် မနက်ပိုင်းအစီအစဉ်များကတော့ 🪄မျက်လှည့်နှင့်ဆပ်ကပ် 🏃လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ 🍜မုန့်စားပြိုင်ပွဲများ ပါဝင်သွားမှာဖြစ်ပြီး ညနေပိုင်းအစီအစဉ်များကတော့..... 🪄မျက်လှည့်နှင့်ဆပ်ကပ် 🕺K-pop Random Dance အစီအစဉ်များ ပါဝင်သွားမှာဖြစ်ပါတယ်။ မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အရောက်လှမ်းခဲ့ပြီး Summer Party Event ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗
“Summer Party” တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှာ Summer Party Event ကို မတ်လ ၈ ရက်နေ့မှစတင်ပြီး ၁၀ရက်နေ့အထိ ၃ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။ 🥳🥳 ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ပဉ္စလက်ကိုခိုင်ရဲ့မျက်လှည့်နှင့်ဆပ်ကပ်၊ Memory Music Band ရဲ့သီဆိုဖျော်ဖြေမှုနှင့် The Feniks Boy Group ဦးဆောင်ပြီး အခြား Special Dance Group များစွာပါဝင်ဖျော်ဖြေခဲ့သော K-pop Random Dance စသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းစီစဉ်ပေးခဲ့ပြီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မြေအိုးပန်းချီပြိုင်ပွဲနဲ့ မုန့်စားပြိုင်ပွဲများကိုလည်း စီစဉ်ကျင်းပပေးခဲ့ပါတယ်။ 🎉🎉 Summer Party Eventရဲ့ ဒုတိယနေ့နဲ့တတိယနေ့များမှာ လာရောက်လည်ပတ်သူများ၊ ဖျော်ဖြေရေးအစီအစဉ်များနဲ့ ဈေးပွဲတော်အတွင်းမှ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 📸📸 မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗
အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) အဖွဲ့ကြီး၏ လုပ်ငန်းခွဲကော်မတီတစ်ခု ဖြစ်သည့် Animal Welfare and Ethic Committee-AWEC သည် ပုံမှန်ကျင်းပမြဲဖြစ်သော Online Zoom Meeting ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၆) ရက်နေ့ နေ့လည် (၁:၃၀) မှ (၂:၃၀) ထိ ကျင်းပပြုလုပ်သွားခဲ့ရာ မြန်မာနိုင်ငံ၊ Htoo Zoos and Gardens Business မှ AWEC ကော်မတီဝင် ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီသည် SEAZA မှချမှတ်ပေးထားသော တိရစ္ဆာန်မျိုးစိတ်များ၏ မွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက် (Husbandry Guideline) ကို ရေးဆွဲမည်ဖြစ်ပြီး ကနဦးစီမံကိန်း Pilot Project အတွက် Best Practice Guidelines များရှိပြီးဖြစ်သည့် လူဝံမျိုးစိတ် အော်ရမ်အူတန် (Orangutan) အား ရွေးချယ်ခဲ့ကြပါသည်။ ထို့အပြင် AWEC အနေဖြင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိစစ်ဆေးတွေ့ရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး အစည်းအဝေးတွင် တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များ၏...
"Let's go to Yangon Zoo with YBS." တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို YBS စီးပြီး လာကြမယ် 🚍🚍🚍 တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို YBS စီးပြီး လာရောက်လည်ပတ်ချင်သော သားသား၊ မီးမီးနှင့် မိဘပြည်သူများအတွက် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိနိုင်တဲ့ YBS ကားနံပါတ်လေးတွေ လမ်းညွှန်ပေးပါရစေ။ 🚍 YBS - 12, 28, 29, 36, 61, 87, 139 ထဲက မိမိတို့နဲ့ နီးစပ်ရာ YBS ကားနံပါတ်ကိုစီးပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ တောင်ဘက်ဂိတ်ဝင်ပေါက်ဖြစ်တဲ့ ကျောက်တိုင်မှတ်တိုင်မှာဆင်းပြီး လာရောက်လည်ပတ်လို့ရပါတယ်။ မြောက်ဘက်ဂိတ်ဝင်ပေါက် (ကန်လမ်း) က လာရောက်လည်ပတ်ချင်သူများအနေနဲ့ ဗဟန်း (၃) လမ်းမှတ်တိုင်မှာ ဆင်းပြီး လမ်းအနည်းငယ်လျှောက်ရုံဖြင့် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်နိုင်ပါတယ်။ အခုဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ဘယ် YBS ကားနံပါတ်တွေစီးပြီး လာလို့ရလဲဆိုတာ သိပြီဖြစ်လို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗🤗
🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day) ကမ္ဘာပေါ်တွင် အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ဝက်ဝံမျိုးစိတ် (၈) မျိုး ပျံ့နှံ့ ရှင်သန်ကျက်စားကြပါတယ်။ ထိုမျိုးစိတ် (၈) မျိုးထဲမှ (၂) မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ဝက်ဝံမျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြပါတယ်။ ၁၉၉၂ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ...
🌟 အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်နှင့် သင်္ကြန်အကြိုစျေးရောင်းပွဲတော် 🌟 တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်နှင့် သင်္ကြန်အကြိုစျေးရောင်းပွဲတော်ကို ဧပြီလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲတော်အချိန်ကာလအတွင်း ROYAL-D မှ ဦးစီး၍ အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သောအကြောင်းအရာများအား ဆွေးနွေးပြောကြားပေးမည့် အစီအစဉ်များနှင့် ပညာပေးဆိုင်းဘုတ်များဖြင့် ပြသပေးထားမည့် အစီအစဉ်များအပြင် 🪄 မျက်လှည့်ပြပွဲ 🦜 ငှက်လိမ္မာလေးများနဲ့ ဓာတ်ပုံရိုက်ကူးခြင်း 🎶 တေးဂီတဖျော်ဖြေပွဲများ ပါဝင်မည့်အပြင် 📸 ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်မယ့် Photo Booth 🤼 သားသားမီးမီးတို့ ပါဝင်ယှဉ်ပြိုင်လို့ရမယ့် ဂိမ်းအစီအစဉ်များလည်း ပါဝင်သွားမှာဖြစ်ပြီး လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများရောင်းချပေးမယ့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ 🥳🥳🥳 အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်နှင့် သင်္ကြန်အကြိုစျေးရောင်းပွဲတော် အချိန်ကာလတွင် မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနဲ့အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗 ဈေးပွဲတော် ဆိုင်ခန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger (သို့) ဖုန်း - 09421055343, 09450037909 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
💦 တူယှဉ်နွှဲပျော် သင်္ကြန်အကြိုစျေးရောင်းပွဲတော် 💦 တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ သင်္ကြန်အကြိုစျေးရောင်းပွဲတော်ကို ဧပြီလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သင်္ကြန်အကြိုစျေးရောင်းပွဲတော် အချိန်ကာလအတွင်း ROYAL-D မှ ဦးစီး၍ အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သောအကြောင်းအရာများအား ဆွေးနွေးပြောကြားပေးမည့် အစီအစဉ်များနှင့် ပညာပေးဆိုင်းဘုတ်များဖြင့် ပြသပေးထားမည့် အစီအစဉ်များအပြင် 🪄 မျက်လှည့်ပြပွဲ 🧐 အမေးအဖြေ ကဏ္ဍများ 🕺🏻 Dance Performance အစီအစဉ်များ 🦜 ငှက်လိမ္မာလေးများနဲ့ ဓာတ်ပုံရိုက်ကူးခြင်း 📸 ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်မယ့် Photo Booth နှင့် 🤼 သားသားမီးမီးနှင့် မိဘပြည်သူများ ပါဝင်ယှဉ်ပြိုင်လို့ရမယ့် ဂိမ်းအစီအစဉ်များအပြင် တခြားသော ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ပွဲတော်အချိန်ကာလအတွင်း လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများရောင်းချပေးမယ့် ဈေးဆိုင်ခန်းများစွာလည်း ပါဝင်သွားမှာဖြစ်လို့ မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနဲ့အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗 ဈေးပွဲတော် ဆိုင်ခန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger (သို့) ဖုန်း - 09421055343, 09450037909 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🎉 Happy National Zoo Lovers Day! 🐾❤️ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( National Zoo Lovers Day) ကို နှစ်စဉ် ဧပြီလ (၈) ရက်နေ့၌ အမေရိကန်နိုင်ငံတွင် အဓိက ကျင်းပပြုလုပ်လေ့ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ကို - တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိအမြင်များ ပိုမိုတိုးပွါးလာစေရန် - မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် - မိမိနိုင်ငံတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဥယျာဉ်များအတွင်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ပိုမိုချစ်ခင်မြတ်နိုးကာ ယင်းတို့၏ ကောင်းကျိုးချမ်းသာအတွက် ပိုမိုဆောင်ရွက်နိုင်စေရန် - လူအများကို သဘာဝနှင့် ပိုမိုနီးစပ်လာစေရန် - တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် တိရစ္ဆာန်ဥယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ 🌿 🐾❤️ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေနှင့် ဥယျာဉ်အတွင်းမှာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘယ်တိရစ္ဆာန်လေးတွေကို အနှစ်သက်ဆုံးလဲဆိုတာကို မျှဝေပေးသွားကြပါဦး 🐯🐻
မြန်မာ့နှစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🌿
✨ ကမ္ဘာ့ကြံ့သူတော်များနေ့ (World Tapir Day) ✨ နှစ်စဉ် ဧပြီလ (၂၇) ရက်နေ့ကို ကမ္ဘာ့ကြံ့သူတော်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကြံ့သူတော်များကို အနာဂတ်ကာလတွင် ကာကွယ်ထိန်းသိမ်းနိုင်စေရန်နှင့် ပညာပေးလှုပ်ရှားမှု အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ (၂၀၀၈) ခုနှစ်မှ စတင်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) နှစ်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ကြံ့သူတော်မျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွား နေထိုင်ကျက်စားလျက်ရှိပြီး မြန်မာနိုင်ငံတွင်တွေ့ရှိရသော The Malayan Tapir (မလေး ကြံ့သူတော်) များကို မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရှင်သန်နေထိုင် ကျက်စားကြသည်ကို တွေ့ရှိရပါတယ်။ တခြားသော ကြံ့သူတော်မျိုးစိတ် (၃) မျိုးကို တောင်အမေရိကတိုက်နှင့် အမေရိကတိုက် အလယ်ပိုင်းတို့တွင် တွေ့ရှိရပါတယ်။ ကြံ့သူတော်များ၏ခန္ဓာကိုယ်သည် လုံးဝန်းပြီး ဆင်ကဲ့သို့ နှာမောင်းတိုလေးတစ်ခုပါရှိပါတယ်။ ပခုံး၏အနောက်မှ တင်ပါးဆုံပိုင်းအထိ အဖြူရောင်ရှိပြီး ခန္ဓာကိုယ်၏ ကျန်အပိုင်းသည် အမဲရောင်ဖြစ်ပါတယ်။ ဤကဲ့သို့ ခန္ဓာကိုယ် အဖြူတစ်ပိုင်း အမဲတစ်ပိုင်း ဖြစ်နေသည်မှာ ညအချိန်တွင် ရန်သူများ အလွယ်တကူ မမြင်နိုင်စေရန် သဘာဝက...
🐆 အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ 🐆 နှစ်စဉ် မေလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ (International Leopard Day) အဖြစ် ဂုဏ်ပြုကျင်းပလျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျားသစ်မျိုးစိတ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များနှင့် ကမ္ဘာပေါ်ရှိ ယင်းတို့ ရှင်သန်ကျက်စားရာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းကို သိရှိစေရန် ရည်ရွယ်၍ ဂုဏ်ပြုကျင်းပရခြင်းဖြစ်ပါတယ်။ ကျားသစ်များသည် ကြောင်ကြီးမျိုးနွယ်ဝင်မျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကျားသစ်မျိုးစိတ် (၉) မျိုး ရှင်သန်နေထိုင်ကျက်စားလျက်ရှိသည့်အနက် မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားသစ်မျိုးနွယ် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ကျားသစ်များသည် သဘာဝထဲတွင် တစ်ကောင်တည်းသာ နေထိုင်လေ့ရှိကြပြီး မိတ်လိုက်မျိုးပွားချိန်ရောက်မှသာ အထီးနှင့်အမ ယှဉ်တွဲနေထိုင်တတ်ကြပါတယ်။ ကျားသစ်များသည် အချိန်အများစုကို သစ်ပင်များပေါ်တွင်သာ ကုန်ဆုံးလေ့ရှိတတ်ကြသည့် သတ္တဝါများ ဖြစ်ကြပါတယ်။ ကြောင်ကြီးမျိုးနွယ်ဝင်များထဲတွင် ခန္ဓာကိုယ်အရွယ်အစား အသေးငယ်ဆုံး ဖြစ်ကြသော်လည်း ကျွမ်းကျင်သည့် သစ်ပင်တက်သမားများဖြစ်ကြပါတယ်။ ကျားသစ်များ၏ ခန္ဓာကိုယ်အောက်ခံအညိုရောင်ပေါ်တွင် ကျက်စားရာနေရာဒေသအလိုက် စက်ဝိုင်းပုံနှင့် စတုရန်းပုံသဏ္ဍန်ရှိသော အနက်ရောင်အပွင့်များဖြင့် ဖုံးအုပ်ထားပါတယ်။ ရင်ဘတ်၊ ခြေဖဝါး၊ မျက်နှာနှင့် အမြီးတို့တွင် အနက်ရောင်အကွက်များရှိသည့်အပြင် ခန္ဓာကိုယ်ပေါ်တွင်လည်း အနက်ရောင်အကွက်လေးများပါရှိတတ်ပါတယ်။ ထိုအကွက်လေးများက ယင်းတို့၏ သားကောင်များထံမှ အလွယ်တကူ မမြင်တွေ့နိုင်စေရန်...
✨ အားလုံးပျော်မယ် တိရစ္ဆာန်ဥယျာဉ်ဝယ် ✨ သားသားမီးမီးနဲ့ မိဘပြည်သူများအတွက် မိုးရာသီအကြိုစျေးရောင်းပွဲတော်နှင့် Back to School Event ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ မေလ (၁၇) ရက်နေ့မှ မေလ (၁၉) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 🎉🎉🎉 ပွဲတော် ပထမရက်ဖြစ်တဲ့ မေလ (၁၇) ရက်နေ့မှာတော့ 🐅 Keeper Talks Program 📚 တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ပညာပေးပြကွက်၊ တိရစ္ဆာန်လေးများနဲ့ပတ်သက်တဲ့ ဉာဏ်စမ်း အမေးအဖြေအစီအစဉ်နှင့် တခြားသော ဗဟုသုတရဖွယ်ရာများ ပြသပေးထားမယ့် Zoo and Animal Education Booth ဒုတိယနေ့ဖြစ်တဲ့ မေလ (၁၈) ရက်နေ့မှာတော့ 🎶 JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 🎩 ရင်သက်ရှုမောဖွယ် မျက်လှည့်ပြကွက်များ 👯♂️ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့ရဲ့ Baby Talent Show 🦜 ချစ်စရာကောင်းတဲ့ ငှက်လိမ္မာလေးများနဲ့ ဓါတ်ပုံရိုက်ကူးခြင်း 🎤 တိရစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်လေးတွေနဲ့...
🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်းကိုအသိပညာပေးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🐅🦏🌳 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ သက်ရောက်မှုတစ်ခုခုကြောင့် နေရင်းဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေအတွက်သည် စံသတ်မှတ်ချက်များအရ အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🦏🐘🌳 မျိုးစိတ်ဟု ခေါ်ဆိုရာတွင် မျိုးရိုးဗီဇ ဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🐢🐘🌳 ကမ္ဘာကြီးရဲ့ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့လူဦးရေ ပိုမိုများပြား တိုးပွားလာခြင်း၊ အလွန့်အကျွံ့ အမဲလိုက်ခံရခြင်း၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ နည်းပါးလာခြင်းတို့က မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်နီးစပ်ကာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင်ပျောက်ကွယ်မည့် အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 🐅🌱🌳🌏 မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသော ဇီဝမျိုးစိတ်များထဲတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ အပင်မျိုးစိတ်များ အများအပြားရှိနေပါတယ်။ 🦥🦒🐋🦆 ...
🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢 နှစ်စဉ် မေလ (၂၃) ရက်နေ့ကို ကမ္ဘာ့လိပ်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ လိပ်များ၏သမိုင်းကြောင်းကို ဖော်ပြရမည်ဆိုလျှင် ရှေးလွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင်ကာလ၊ နှစ်သန်းပေါင်း (၃၉၅ မှ ၂၂၅) ပလီအိုဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၉၀) ခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles) မှ တစ်ဆင့်၊ ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သော နှစ်သန်းပေါင်း(၂၆၀) ခန့်မှစတင်ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြပါတယ်။ 🐢🌏 ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်သန်းပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွား နေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများ ဖြစ်ကြသည့် ဖိုးသက်ရှည်လိပ်များသည် လူသားတို့အတွက် အသားနှင့်ဥအား အစားအစာအဖြစ်...
🦦 ကမ္ဘာ့ဖျံများနေ့ (World Otter Day) 🦦 နှစ်စဉ်နှစ်တိုင်း မေလ၏နောက်ဆုံးသော ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ဖျံများနေ့အဖြစ် International Otter Survival Fund (IOSF) မှ စတင်ဂုဏ်ပြုသတ်မှတ်ထားပြီး ဖျံမျိုးစိတ်များ၏ ဂေဟစနစ်အတွင်း အရေးပါပုံကို သိရှိစေရန်နှင့် ဖျံမျိုးစိတ်တို့၏ ရှင်သန်ကျက်စားနိုင်သည့် နေရာများ လျော့နည်းလာခြင်း အစရှိသည်တို့ကို သတိပြုမိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 ဖျံများသည် သွက်လက်သော ပင်ကိုယ်သဘာဝရှိကြပြီး အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဖျံမျိုးစိတ်ပေါင်း (၁၃) မျိုးထိရှိကြပြီး ဩစတေးလျတိုက်နှင့် အန္တာတိကတိုက်တို့မှလွဲ၍ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ၏ ရေချိုမြစ်ချောင်း အများစုတွင် တွေ့ရှိရသလို ပင်လယ်ကမ်းရိုးတန်း ဒေသတွင်လည်း တွေ့ရှိရပါတယ်။ ဖျံမျိုးစိတ် (၁၃) မျိုးထဲတွင် Giant Otter သည် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တောင်အမေရိကတိုက်၏ အမေဇုန်မြစ်၊ လာပလာတာမြစ်နှင့် အော်ရီနိုကိုမြစ်တစ်လျောက်တွင် တွေ့ရှိနိုင်ပါတယ်။ 🦦🦦🦦 ဖျံမျိုးစိတ်တစ်မျိုးဖြစ်သော Sea Otter of North America (ပင်လယ်ဖျံ) သည် သူတို့နေထိုင်ရာ ပင်လယ်ကမ်းရိုးတန်းဒေသအတွက် အရေးပါသော မျိုးစိတ်တစ်မျိုး (Key Stone...
🐊 ကမ္ဘာ့မိကျောင်းများနေ့ (World Crocodile Day) 🐊 နှစ်စဉ် ဂျွန်လ (၁၇) ရက်နေ့ကို ကမ္ဘာ့မိကျောင်းများနေ့အဖြစ် သတ်မှတ်ထားပြီး မိကျောင်းများ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေနှင့် လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 မိကျောင်းများကို ကမ္ဘာ့နေရာတိုင်းနီးပါးတွင် တွေ့ရှိနိုင်ပြီး ရေချိုနှင့် ရေငန်နှစ်မျိုးစလုံးတွင် ရှင်သန်နေထိုင်နိုင်ကြပါတယ်။ မိကျောင်းများဟာ ငါး၊ ငှက်များနှင့် နို့တိုက်သတ္တဝါများကို ဖမ်းဆီးစားသောက်တတ်ပါတယ်။ 🐟🐊 မိကျောင်းများ၏ ပျမ်းမျှ သက်တမ်းမှာ နှစ်ပေါင်း (၇၀) ခန့်ရှိပြီး၊ ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း နှစ် (၁၀၀) ကျော်အထိ ရှင်သန်နေထိုင်နိုင်ပါတယ်။ 🐊🐊🐊 မြန်မာနိုင်ငံတွင် မိကျောင်းမျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွားခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိခဲ့ရသော်လည်း ယခုအခါတွင် ရေချို ရေငန်စပ် မိကျောင်းမျိုးစိတ်တစ်မျိုးတည်းသာ ဧရာဝတီတိုင်းဒေသကြီးတွင် ရှင်သန်ပေါက်ပွါးနေထိုင်လျက်ရှိပါတယ်။ 🐊🐊🐊 သို့ဖြစ်ပါ၍ မိကျောင်းမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် တိုက်တွန်းနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် မိကျောင်းမျိုးစိတ်များသာမက တခြားသော ရှားပါးတိရစ္ဆာန်မျိုးစိတ်များကိုလဲ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ထားတာဖြစ်လို့ လာရောက်...
✨ မှတ်မှတ်ရရ ဒိတ်လှလှလေးတွေ ဖန်းတီးမယ် yangon zoo ရဲ့ ရွှေ့လျားစျေး၀ယ် ✨ သားသားမီးမီးနဲ့ မိဘပြည်သူများအတွက် မတူညီတဲ့ အမှတ်တရ ဒိတ်လှလှလေးတွေ ဖန်းတီးဖို့ mobile market ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ဇူလိုင်လ (၁၉) ရက်နေ့မှ ဇူလိုင်လ (၂၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 🎉🎉🎉 ပွဲတော် ပထမရက်ဖြစ်တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှစလို့ နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင်လ (၂၁) ရက်နေ့အထိ မတူကွဲပြားတဲ့ Edutainment & Entertainment ပေါင်းများစွာနဲ့အတူ Glamorizze နှင့် yangon zoo တို့ပူးပေါင်းကျင်းပတဲ့ mobile market သို့ ဖိတ်ခေါ်လိုက်ပါရစေရှင်
"ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day)" နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့ကို ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day) အဖြစ် သတ်မှတ်ပြီး 🌏🌏ကမ္ဘာအနှံအပြားမှ တိရစ္ဆာန်ဥယျာဉ်များတွင် မြွေများနှင့်ပတ်သက်၍ လူထုအတွင်း ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်ကြပါသည်။ 👉👉မြွေများနှင့် ပတ်သက်၍ ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များတွင် လွဲမှားစွာဖော်ပြလေ့ရှိကြပြီး မြွေများ သည် Veranidae မျိုးရင်းဝင် 🐊🐊ဖွတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပါသည်။ Veranidae မျိုးရင်းဝင်ဖွတ်များသည် မြွေများနှင့်အနီးစပ်ဆုံး သက်ရှိဆွေမျိုးများ ဖြစ်ကြပြီး ဆင့်ကဲဖြစ်စဉ်များ အရ Veranidae မျိုးရင်းဝင်များသည် ခြေလက်များပျောက်ကွယ်သွားပြီး မြွေများအဖြစ်သို့ အသွင်ကူး ပြောင်းလာဟု သိရှိကြရပါသည်။ 🐍🐍 🦎🐊တွားသွားသတ္တဝါ မြွေမျိုးစိတ်များသည် လွန်ခဲ့ သော နှစ်သန်းပေါင်းများစွာ ကတည်းက 🦖🦕ဒိုင်နိုဆော်များနှင့် အတူရှင်သန်ခဲ့ပြီး ဒိုင်နိုဆော်များ မျိုးသုဉ်းပျောက်ကွယ် သွားသော်လည်း ယနေ့ အထိတိုင် မြွေများသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ရှင်ကျန်ရှိနေပါသည်။ 👉👉မြွေများသည် ခြေ၊ လက်၊ နား၊ မျက်ခွံမပါရှိပါ၊ ဆီးအိမ်မပါရှိသည့် တွားသွားသတ္တဝါမျိုးစိတ်ဖြစ်ပါသည်။ 👬👭လူသားများ အနေဖြင့် မြွေများကိုတွေ့သည်နှင့် ၎င်းတို့အတွက် အန္တရာယ်ပေးနိုင်သည်ဟု...
✨ တူယှဉ် နွှဲပျော် ရွေ့လျားဈေးပွဲတော် ✨ သားသားမီးမီးနဲ့ မိဘပြည်သူများအတွက် Mobile Market ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ဇူလိုင်လ (၁၉) ရက်နေ့မှ ဇူလိုင်လ (၂၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 🎉🎉🎉 ပွဲတော် ပထမရက်ဖြစ်တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာတော့ 🎶 JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့ရဲ့ Baby Talent Show Rose Mary ရဲ့ ဖျော်ဖြေတင်ဆင်မှုတွေ အပြင် သားသားမီးမီးတို့ အကြိုက် joker ရဲ့ ရင်သက်ရှုမောဖွယ် တင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်ပါတယ် ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ (၂၀) ရက်နေ့မှာတော့ 🎶 JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့ရဲ့ Baby Talent Show 🎶 သားသားမီးမီးတွေ အပြင် ဖေဖေ မေမေတို့ပါ...
🐘 ပျော်ရွှင်လေ့လာ တိရစ္ဆာန်ဥယျာဉ်မှာ 🐘 သားသားမီးမီးတို့အတွက် Yangon Zoo မှာ နေ့စဉ်တင်ဆက်ပေးနေတဲ့ Keeper Talks အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ 📢📢📢 Keeper Talks အစီအစဉ်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ (Keeper) များမှ သူတို့ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ တောရိုင်းတိရစ္ဆာန်လေးများနဲ့ ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများ မှီတည်ချိတ်ဆက်နေမူတို့ကို အသိပညာပေး ပြောကြားသွားမှာပဲ ဖြစ်ပါတယ်။ 🦢🐒🦓🦌🐅🐘 Keeper Talks အစီအစဉ်အား (နေ့စဉ်) 🕰️ နံနက် (9:30 AM) မှာ ငှက်ကြီးဝန်ပို 🕰️ နံနက် (10:30 AM) မှာ မျောက်စပ် 🕰️ နံနက် (11:30 AM) မှာ မြင်းကျား 🕰️ နေ့လည် (13:30 PM) မှာ ဘင်္ဂလားကျား 🕰️ နေ့လည် (14:30 PM) မှာ အာရှဆင် 🕰️...
JEWEL Advanced Pre-School မှ သားသားမီးမီးတို့ရဲ့ Yangon Zoo သို့လေ့လာရေးခရီးစဉ် မှတ်တမ်းကို ပြန်လည်မျှဝေလိုက်ပါတယ်ရှင်🤗🤗 ✨✨မိတ်ဆွေတို့အနေနဲ့လည်း Yangon Zoo သို့လာရောက်လည်ပတ်ပြီး 🐆🐘🐅🦓တိရစ္ဆာန်လေးများအကြောင်းကိုပြောပြပေးနေတဲ့ 📣📣Keeper Talks အစီအစဉ်များကိုနားထောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်...
"အဖြေမှန်သူ Free Ticket ယူ" 👉👉Yangon Zoo ရဲ့ ❓❓Quiz Time အစီအစဉ်လေး လာပါပြီနော်📣📣 👉👉မေးထားတဲ့မေးခွန်းလေးတွေကို 💬💬 Comment မှာ လာရောက် ဖြေဆိုရုံနဲ့ 👫👬👭မိသားစုလိုက် 🦓🐅🐘🐆Yangon zoo ကို Free Ticket လေးတွေနဲ့ လာရောက်လည်ပတ်လို့ရမယ့် အခွင့်အရေးလေးပါနော်🤗🤗 👉👉အရင်ဆုံး Post လေးကို like & Share လေး လုပ်ပေးပါ 👉👉မေးခွန်းလေးရဲ့ အဖြေကို 💬💬comment မှာ ဖြေဆိုပေးရမှာပါရှင်🤗🤗 👉👉Yangon Zoo ဘက်မှ အဖြေမှန်သူတွေထဲက 👪👪(၃)ဦးကို မဲဖောက်ပေးပြီး ✨✨မဲပေါက်သူ (၁)ဦးလျှင် မိသားစု၀င် (၅)ဦး အထိ Yangon Zoo ရဲ့ Free Ticket ကို ရရှိမှာဖြစ်ပါတယ်နော်🤗🤗 ✨အဆင်သင့်ဆို စလိုက်ကြရအောင်နော်✨
✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨ 👉👉🌍🌎ကမ္ဘာပေါ်တွင် ✨🗾အန္တာတိကတိုက်နှင့် ✨🗾သြစတြေလျှတိုက်မှလွဲ၍ ကျန်တိုက် ကြီးများ တွင် နေထိုင် ကျက်စားကြသော လင်းတများကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် စနစ်တကျ မွေးမြူပြသထားပါတယ်ရှင် 🤗🤗 👉👉🌎ကမ္ဘာပေါ်တွင်လင်းတမျိုးစိတ်ပေါင်း (၂၃) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ကြပြီး အမေရိကတိုက်တွင် နေထိုင်သော လင်းတ မျိုးစိတ်များကို ✨✨🌍ကမ္ဘာသစ်လင်းတဟုခေါ်ပြီး အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင်တွေ့ရှိရသော လင်းတမျိုးစိတ်များကို ✨✨🌍ကမ္ဘာဟောင်းလင်းတ မျိုးစိတ်များရယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ် 👉👉လင်းတများရဲ့ အမူအကျင့် များက သဘာဝ ပတ်ဝန်းကျင်ကိုသန့်ရှင်းစေရုံသာမက မြေကြီးကိုလည်း မြေသြဇာကောင်းမွန်အောင် အထောက်အကူပြုပေးပြန်ပါတယ်🤗🤗 👉👉လင်းတတွေရဲ့ထူးခြားတဲ့ အမူအကျင့်ကတော့ ဆွေးမြေ့နေသော ရုပ်အလောင်းများ၏ အကြွင်းအကျန်များကို သန့်ရှင်းပေးခြင်းဖြင့် အနံ့ အသက်ဆိုးများကို ကာကွယ်တားဆီးနိုင်သည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကို သိသိသာ သာ လျှော့ချပေးနိုင်ပြီး ဗက်တီးရီးယာ ကြောင့်ဖြစ်ပေါ်နိုင်သည့် အဆိပ်သင့်ရောဂါ (botulism) နှင့် ပလိပ်ရောဂါကဲ့သို့သော ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်✨✨ 👉👉လင်းတမျိုးစိတ်များ အကောင်ရေလျှော့နည်းလာခြင်း၏ အဓိကပြဿနာမှာ အဆိပ်သင့် အသေကောင်များကို စားသုံးမိခြင်းကြောင့် 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ယခုအခါနိုင်ငံတကာမှ 👉👉လင်းတမျိုးစိတ်များ...
🦃ကမ္ဘာ့ ကက်ဆိုဝါရီနေ့(World Cassowary Day)🦃 Cassowary ဟာဆိုရင် အရောင်အသွေးတောက်ပပြီး ကြီးမားသန်မာတဲ့ ဒိုင်နိုဆော မျိုးစိတ်လိုမျိုး ခြေထောက်ရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ Cassowary ငှက်မျိုးစိတ် (၃)😳မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Southern Cassowary ၊ Northern Cassowary နှင့် Dwarf Cassowary တို့ပဲဖြစ်ပါတယ်။ ကတ်ဆိုဝါရီ ငှက်မျိုးစိတ် (၃) မျိုးထဲမှ အကြီးဆုံးဖြစ်တဲ့ Southern Cassowary ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားပါတယ်။😱 ထို့နောက် ၎င်းတို့ကိုဩစတေးလျနိုင်ငံနှင့် နယူးဂီနီကျွန်းများ🏝️ တွင် တွေ့ရှိရပါတယ်။ Cassowary တွေရဲ့အသွင်အပြင်ခန္ဓာလက္ခဏာဟာဆိုရင်ကိုယ်တွင်တောက်ပလှသော အနက်ရောင်အမွေးများရှိပြီးဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိ၍ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင် ရှိ၍ ရှည်လျားပြီး တွဲလောင်းကျနေတဲ့ အနီရောင် အဖက် (Red wattles)ပါရှိပါတယ်။ 🦃သူတို့မှာ ခြေချောင်း (၃) ချောင်းသာပါရှိပါတယ်။🫢 Cassowary ရဲ့ထူးခြားချက်တွေကတော့ အမများက ဥ ဥပြီး ထိုဥများကို🥚 အထီးတွေကသာဝပ်ပြီး ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ကာ အစာရှာဖွေနိုင်သည့်အထိ အဖေကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ ကက်ဆိုဝါရီငှက်တွေဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ် ပြုလေ့မရှိသော်လည်း ကလေးများနဲ့အတူ အစာစားနေချိန်တွေမှာ...
"Htoo Zoos & Gardens Business Unit "နှင့် "The Zoological Park Organization( Thiland)" တို့ ပူးပေါင်း၍ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော် ၊ ရန်ကုန်၊ ရတနာပုံ) တို့၏ Master Plan ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ Unit office Meeting Room တွင်✨✨၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှ (၂၇) ရက်နေ့ထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ Master Plan ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ZPO( Thailand) မှ Dr.Sumate Kamolnorranath , Dr.Visit Arsaithamkul နှင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှ Dr.Htun Myint , တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) မှ Dr.မြတ်သူ, တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှ Dr.Thaw Thaw Linn တို့နှင့် အတူ ဥယျာဉ်အသီးသီးရှိ တာ၀န်ရှိ လူကြီးမင်းများမှ ပူးပေါင်းပါ၀င် တတ်ရောက်ဆွေးနွေးခဲ့ကြပါသည်။
👨💼အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day) 👨💼 🦏တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေတဲ့ သူတွေကို တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ(Zoo Keepers) ဟုခေါ်ဆိုပါတယ်။ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ အနေနဲ့ တိရစ္ဆာန်များကို အဓိကတာဝန်ယူ ထိန်းသိမ်းပြုစုစောင့်ရှောက်ပေးနေသူများဖြစ်တဲ့ တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန် ဥယျာဉ်များ၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေ ရန် အဓိကအထောက်အကူ ပြုပေးနေသူများလည်း ဖြစ်ကြပါတယ်။ 🦒တိရစ္ဆာန်ထိန်းများရဲ့ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့သည် တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်ပေးနေရသော ရှေ့တန်းတိုက်စစ်မှူးများပင်ဖြစ်ကြပါတယ်။ 🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာနှင့် တိရစ္ဆာန်ဥယျာဉ် များ၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များအား ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့အဖြစ် သတ်မှတ်ပြီးဂုဏ်ပြုလိုက် ရပါတယ်။ #YangonZoo #zookeeperday
✨ တူယှဉ် ပျော်နွှဲ မိုမို့ မွေးနေ့ပွဲ✨ 🤗🤗ကလေးတိုင်းအတွက် ငယ်ဘဝ အမှတ်တရတွေထဲက တစ်ခုဖြစ်တဲ့ 🐘🐘ဆင်မကြီး မိုမို ရဲ့ ၇၁နှစ်မြောက်🎈🎊မွေးနေ့ပွဲကို 👉နိုဝင်ဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ ၃ရက်တိုင်တိုင် 👉တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 🎉🎉🎉 ပွဲတော် ပထမရက်နှင့် ဒုတိယရက်တွေမှာတော့ 🎶 Glory Agency ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Joy activity များ ✨✨Game activity များ ပါ၀င်မှာ ဖြစ်ပြီး ပွဲတော် တတိယရက်ဖြစ်တဲ့ နိုဝင်ဘာလ ၃ရက်နေ့မှာတော့ 🐘🐘ဆင်မကြီး မိုမိုနှင့်အတူ သူမ၏ 🐘🐘သူငယ်ချင်းများမှ 🎈🎂🍰မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်🎉🎉 ✨✨Special Guest သရုပ်ဆောင်ကျော်စု၏ ဖျော်ဖြေ တင်ဆက်မှု ✨တေးသံရှင် 🌹Rose marry ၏ ဖျော်ဖြေတင်ဆင်မှုနှင့်အတူ အနုပညာရှင်ပေါင်းများစွာမှ ပါဝင်အားဖြည့်ပေးသွားမှာ ဖြစ်ပြီး 🐘🐘ဆင်မကြီးမိုမို ရဲ့ ငယ်ဘဝအမှတ်တရများအကြောင်း တင်ဆက်ပေးသွားမယ့် Yangon Zoo (Education...
"ပြန်လည်တမ်းတ မိုမိုမွေးနေ့အမှတ်တရ" ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုမွေးနေ့ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် (၁.၁၁.၂၀၂၄) မှ (၃.၁၁၇.၂၀၂၄) အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာပဲဖြစ်ပါတယ် ပွဲတော်ရက်အတွင်း 🎶 Glory Agency ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Joy activity များ ✨✨Game activity များ 🐘🐘ဆင်မကြီး မိုမိုနှင့်အတူ သူမ၏ 🐘🐘သူငယ်ချင်းများမှ 🎈🎂🍰မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်🎉🎉 ✨✨Special Guest သရုပ်ဆောင်ကျော်စု၏ ဖျော်ဖြေ တင်ဆက်မှု ✨တေးသံရှင် 🌹Rose marry ၏ ဖျော်ဖြေတင်ဆင်မှုနှင့်အတူ အနုပညာရှင်ပေါင်းများစွာမှ ပါဝင်အားဖြည့်ပေးသွားတာပဲ ဖြစ်ပါတယ် 🐘🐘ဆင်မကြီးမိုမို ရဲ့ ငယ်ဘဝအမှတ်တရများအကြောင်း တင်ဆက်ပေးသွားတဲ့ Yangon Zoo (Education Department) နှင့် အတူ Ma Hla Nu Tun တို့ရဲ့🎤Talk Show အစီအစဉ်ကိုလည်း စိတ်ဝင်စားဖွယ် ဖြစ်အောင် တင်ဆက်ခဲ့ကြပါတယ်🤗🤗 📸 ဓါတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ရတဲ့ Photo Booth နှင့်...
🙏တန်ဆောင်တိုင် ဆုတောင်း🙏 ✨မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေထဲကမှ တစ်ရက်ဖြစ်တဲ့ 🪔တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလ အခါတော်နေ့)🪔မှာ မိတ်ဟောင်းမိတ်သစ် ၊ ချစ်သူ ခင်သူများ 🤗အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး စိီးပွားလာဘ်လာဘများ💰 ဒီရေအလား တိုးတက်ကြပါစေကြောင်း✨ တိရစ္ဆာန်ဥယျာဉ် ရန်ကုန် (Yangon Zoo )မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်.....။🙏🙏🙏 #YangonZoo #TazaungdaingFestival
🇲🇲အမျိုးသားနေ့……(တို့မမေ့)🇲🇲 ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ (၂၅)ရက်၊ တနင်္လာနေ့တွင် ကျရောက်သော (၁၀၄)ကြိမ်မြောက်အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူ/ပြည်သားများအားလုံးနင့် မိတ်ဟောင်းမိတ်သစ်များ အားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း တိရစ္ဆာန်ဉယျာဉ်(ရန်ကုန်)မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🏻🙏🏻🙏🏻
🎄🎄🎄“လာပါနွှဲပျော် Christmas & Pre New Year ပွဲတော်”☃️☃️☃️ ❄️❄️❄️ဒီဇင်ဘာလပိတ်ရက်များထဲ မိသားစု၊ သူငယ်ချင်းများနဲ့အတူတူ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်မယ့်“Christmas & Pre New Year Open Events” ပွဲတော်တစ်ခုကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နဲ့ MJE Company Limited တို့မှ စီစဉ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။🎉🎉🎉 ပွဲတော်ကာလအတွင်းမှာ ကျင်းပသွားမယ့် ဖျော်ဖြေရေးအစီအစဉ်များကို မကြာမီထပ်မံကြေညာသွားမှာဖြစ်လို့ ဒီPage လေးကို Like and Follow လေးနှိပ်ထားပေးပါဦးနော် 👍👍👍 ဒီပွဲတော်အတွင်းမှာ လာရောက်ဆင်နွှဲလည်ပတ်ကြမယ့်သူတွေအတွက် ပျော်ရွှင်ဖွယ်ရာစိတ်လှုပ်ရှားစရာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ ဂိမ်းများ၊ အစားအစာနဲ့လူသုံးကုန်ပစ္စည်းများရောင်းချပေးမယ့် ဈေးရောင်းပွဲများကို ထည့်သွင်းစီစဉ်ထားပေးတာမို့ ဥယျာဉ်အတွင်း ပျော်ပျော်ပါးပါးလည်ပတ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကိုကြည့်ရှုနိုင်ရန် မိသားစု၊သူငယ်ချင်းများနဲ့အတူတူလာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗🤗 ဈေးပွဲတော်တွင်ပါဝင်ရောင်းချချင်သူများအတွက် ဖုန်း 09250371296 , 09421055343 ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်☎️☎️☎️ #YangonZoo #MJE #ChristmasPreNewYear #OpenEvents
⛄⛄Merry Christmas ☃️☃️ "Spreading joy, love, and cheer—Merry Christmas and a Happy New Year!" ❄️❄️Merry Christmas to all of you.🌲🌲 #YangonZoo #ChristmasWish #Yangon
🤗🎊❄️ဒီဇင်ဘာ ၂၅ ရက်နေ့မှ - ဒီဇင်ဘာ ၃၀ရက်နေ့ အထိ ကျင်းပသွားမယ့် 🧑🎄❄️Christmas & pre new year event ကို 👉👉တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမြဲ ဖြစ်ပါတယ် 🎊🎊 🤗🤗ပျော်ရွှင်စရာကောင်းတဲ့ event 🎊❄️🧑🎄လေးကို ပျော်ပျော်ပါးပါးဆင်နွှဲခွင့်ရအောင် ကျန်ရှိနေသေးတဲ့ ရက်တွေမှာ ပါ၀င်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗🎊🧑🎄❄️
🎉🎊HAPPY NEW YEAR🎉🎊 "As we step into a new year, may you find strength to overcome challenges and embrace every opportunity with courage and joy. Happy New Year!"🥳🎊🎇🎆 #HappyNewYear #Welcome2025 #YangonZoo #Yangon
🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။ "Hailing the 77th anniversary of independence day 2025: Aspiration of the people for long-lasting independence" #YangonZoo #77th #MyanmarIndependenceDay #Yangon
🤗🎉နွှဲပျော်ကြမယ် နှစ်ပတ်လည် ပွဲတော်၀ယ်🤗🎉 အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို ၁၉၀၆ခုနှစ် တွင် စတင်တည်ထောင်ခဲ့တာကြောင့် ယခုနှစ် ၂၀၂၅ ခုနှစ်မှာ (၁၁၉) နှစ်ပြည့်မြောက်မှာပဲ ဖြစ်ပါတယ် 🥳🥳🥳 ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ကျရောက်မယ့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ (၁၁၉) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို၊ တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ 🎶 Music Band & kid's Dance Performance 🤹 Magic Show အစီအစဉ် 🎈🎉 ဂျိုကာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်မှု 🎈🎉🤗ဗဟုသုတရဖွယ်ရာ game အစီအစဥ်တွေမှာ လက်ဆောင်တွေရအောင် ယူကြရင်း ပျော်ရွှင်စရာ အခိုက်အတန့်🤗🤗🤗 ချစ်စရာ တိရစ္ဆာန်လေးများရဲ့ ဗဟုသုတရဖွယ်ရာများကို ဝေမျှပေးသွားမယ့် talk show အစီအစဉ် ✨️🎤🎶🎼Super Star Music Band ရဲ့ ဖျော်ဖြေတင်ဆက်မှု ...
Yangon Zoo မှာကျင်းပပြုလုပ်မယ့် Happy Yangon zoo’s 119 Anniversary ပွဲတော်ကို Partner Company များအဖြစ် ပါ၀င်အားဖြည့်ပေးပါသော FM Bagan, one pay နှင့် FNI(General) တို့အားအထူးပင် ကျေးဇူးတင် အပ်ပါတယ်။ #YangonZoo #119th #HappyAnniversary #LetsCelebrateTogether
🎊🐍🐍Gong Xi Fa Cai! Wishing you good health,happiness and abundance throughout of year of the snake🐍🐍🎉 #YangonZoo #HappyChineseNewYear #YearOfSnake2025
🎊🎊 အပြည်ပြည်ဆိုင်ရာမြင်းကျားနေ့ International Zebra Day January 31, 2025🎊🎊 👉👉၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ဖြစ်ပါတယ်.. အပြည် ပြည်ဆိုင်ရာမြင်းကျားများနေ့မှာ မြင်းကျားလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေ လိုက်ပါတယ်…🤗🤗 ကမ္ဘာပေါ်မှာ မြင်းကျား(၃) မျိုးရှိပါတယ်…. 🦓ဂရီဗီမြင်းကျား(Grevy Zebra)၊ 🦓ပလိန်းမြင်းကျား (Plains Zebra) နှင့် 🦓တောင်ပေါ်မြင်းကျား (Mountain Zebra) ဆိုပြီး မြင်းကျား(၃) မျိုးရှင်သန်နေထိုင်ပါတယ်။ 👉👉မြင်းကျားတွေဟာအာဖရိကတိုက်မှာရှိတဲ့ နိုင်ငံများမှာ နေထိုင်ပါတယ်…🤗🤗 👉👉ထူးခြားချက်အနေနဲ့ကတော့ မြင်းကျားတွေရဲ့ အစင်းကြောင်းတွေဟာ လူတွေမှာရှိတဲ့ လက်ဗွေ တစ်ယောက်နှင့် တစ်ယောက်မတူသလို သူတို့ရဲ့ အစင်းကျားတွေကလည်း….တစ်ကောင်နှင့် တစ်ကောင်မတူကြပါဘူး🤗🤗 👉👉သူတို့ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကြောင်းတွေက ရန်သူအလွယ် တကူမမြင်နိုင်အောင် ဖုံးကွယ် အကူအညီပေးပါတယ်🤗🤗 👉👉မြင်းကျားတွေဟာ တစ်နာရီကို (၆၅) ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ကြပါတယ်🤗🤗 👉👉ဂရီဗီမြင်းကျား (Grevy Zebra)များဟာ ဆယ်စုနှစ်(၃) စုအတွင်း အကောင်ရေ (၅၄) ရာခိုင်နှုန်းခန့်ကျဆင်းသွားသည့်အတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် Endangered (EN) မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ကာကွယ်ထားပါသည်။ ...
🎊အပြည်ပြည်ဆိုင်ရာ ငှက်ကုလားအုတ်များနေ့🎊 🎊 International Ostrich Day ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၂)ရက်🎊 👉👉ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်သန်းပေါင်း(၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှဆင်းသက်လာသည့် ခန္ဓာကိုယ်အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် Common Ostrich (Struthio camelus) နှင့် ဆိုမာလီငှက်ကုလားအုတ် Somali ostrich (Struthio molybdophanes)၊ ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ပွားပါသည်။ 👉👉ငှက်ကုလား အုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန် ဆုံးသောငှက်များဖြစ်ကြပြီး ရှည်လျားသန်မာသော ခြေထောက် များရှိသည့်အတွက် တစ်ခါခုန် လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါသည်။ 👉👉ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသောမျက်လုံးကို ပိုင်ဆိုင်ထား ကြပြီး မျက်လုံး အလျားမှာ(5) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ကဲ့သို့သော သားရဲမုဆိုးများ ကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါသည်။ 👉👉 သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို ကီလိုမီတာ (၈၀)နှုန်း အထိ ပြေးလွှားနိုင်ပါတယ်။ 👉👉ငှက်ကုလားအုတ်များသည်အစုံစားသတ္တဝါများဖြစ်ကြသော်လည်း အသီးအရွက်ကိုသာ အဓိက ထားစားသုံးကြပြီး ရံဖန်ရံခါ အသားစားသတ္တဝါများ၏ ကြွင်းကျန်ရစ် သည့်တိရစ္ဆာန်များ၏...
🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #YangonZoo #78th #UnionDay2025
🎊World Hippopotamus Day (ဖေဖော်ဝါရီလ ၁၅ ရက်)🎊 ✨️ကမ္ဘာ့ရေမြင်းများနေ့သည် ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် တတိယအကြီးဆုံးဖြစ် သည့် ထူးခြားသောရေမြင်းများအတွက် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် ပြည်သူများအား ထိန်းသိမ်းရေးအသိအမြင်များ ဖွင့်ပေးသော နေ့လည်းဖြစ်ပါသည်။ ✨️ 👉ယခုအခါ ရေမြင်းများကို ဇမ်ဘီယာနှင့် တန်ဇန်းနီးယား ကဲ့သို့သောနိုင်ငံများတွင် အများဆုံးတွေ့ရှိနိုင်ပါသည်။ 👉ယခုအခါ ရေမြင်းများ သည် အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေထိုင်ကြပါသည်။ 👉ရေမြင်း များသည် အသက်မရှုဘဲ ရေအောက်တွင် (၅) မိနစ်ခန့် ရေငုတ်နေထိုင်နိုင်ပါသည်။ 👉ယခုအခါ ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Common Hippopotamus)ဟူ၍ ရေမြင်းမျိုး စိတ်(၂) မျိုးသာ ကမ္ဘာပေါ်တွင် ကျန်ရှိပါတော့သည်။ 👉ရေမြင်းများသည် ရေအောက်၌ အချိန်များစွာနစ်မြုပ်နေရသည့် အဓိက အကြောင်းအရင်း များထဲမှတစ်ခုမှာ ပူပြင်းသောနေရောင်အောက်တွင် ယင်းတို့၏အရေပြားများ ခြောက်သွေ့ကွဲ အက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ 👉 သူတို့၏ ခန္ဓာကိုယ်ကို အေးမြနေအောင် ကူညီပေးတာ ကြောင့် ရွှံ့ထဲမှာလူးရတာကိုလည်း နှစ်သက်ကြပါတယ်။ 👉သို့သော်လည်း ရေမြင်းများသည် သဘာဝ နေရောင်ခြည်ကို ကာကွယ်ရန် အက်စစ်ဓာတ်တစ်မျိုးကို ခန္ဓာကိုယ်မှထုတ်လွှတ်ပြီး လေနှင့် ဓာတ်ပြုကာ နီညိုရောင်အရည်အဖြစ်သို့...
✨️ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ World Wildlife Day (March 3rd)✨️ 👉ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ကျင်းပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ(UNGA) မှ နိုင်ငံတကာမှ မျိုးဆက်ပျက် သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင် ရာ (ကွန်ဗင်းရှင်း) သဘောတူ စာချုပ်(Convention on International Trade on Endangered Species of Wild Fauna and Flora-CITES) ကို လက်မှတ်ရေးထိုးခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ (၃) ရက်နေ့ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အဖြစ်သတ်မှတ်ကြေငြာ ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ 👉ထိုအပြင် CITES အထွေထွေ အတွင်းရေးမှူးရုံးအား ကမ္ဘာ့ နေ့ထူးနေ့မြတ်များကို ကုလသမဂ္ဂပြက္ခဒိန်တွင် ကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးသော အဖွဲ့အစည်း အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ခဲ့ပါသည်။ 👉၂၀၂၅ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ ဆောင်ပုဒ်သည် "Wildlife Conservation Finance: Investing in People...
"Htoo Zoos & Gardens Business Unit မှ ကြီးမှူးကျင်းပသော Customer Services & Personal Grooming Training" Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၀န်ထမ်းများအား Customer များကိုစိတ်ကျေနပ်မှုရရှိစေသော ဝန်ဆောင်မှုများပေးရန်နှင့် နေ့စဉ်ဘဝနေထိုင်မှုမှာ သန့်ရှင်းသပ်ရပ်စွာဖြင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး ယုံကြည်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးသော သင်တန်းဖြစ်ပါသည်။၀န်ထမ်းပေါင်း ၆၄ဦး တတ်ရောက်သင်ကြားခဲ့ပြီး (6.3.2025) မှ ( 7.3.2025) ထိ ၂ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။
“သားသားမီးမီးတို့အတွက် Children Party” နှစ်စဥ်နှစ်တိုင်းရဲ့ မတ်လဟာ သားသားမီးမီးတို့အတွက် နွေရာသီကျောင်းပိတ်ရက် စတင်တဲ့ကာလလေး ဖြစ်တာကြောင့် မရောက်တာကြာပြီဖြစ်တဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှာ ဆုံကြဖို့ "children party " ဆိုတဲ့ခေါင်းစဥ်လေး နှင့်အတူဖိတ်ခေါ်လိုက်ပါရစေနော်🤗🤗 "Children Party" ကို မတ်လ ၁၃ ရက်နေ့မှ စတင်လို့ ၁၆ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာပါ🎊🎉 "Children Party" က သားသားမီးမီးတို့ပွဲဖြစ်တာကြောင့် သားသားမီးမီးတို့ အကြိုက် 🎊👯♂️💃Kid's talent show 🪄Megic Show 🤗Game activity အပြင် စိတ်၀င်စားဖွယ်ရာ 🎉🎊Entertainment တွေများစွာပါ၀င်ပြီး မေမေတို့အတွက် လူသုံးကုန်ပစ္စည်းအစုံအလင်နဲ့ စျေးရောင်းပွဲတော်လည်းပါအုံးမှာနော်🤗🤗 မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အရောက်လှမ်းခဲ့ပြီး Children Party Event ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗 #YangonZoo #ChildrenParty #Event
🤗🎊မတ်လ ၁၃ ရက်နေ့မှ - မတ်လ ၁၆ရက်နေ့ အထိ ကျင်းပသွားမယ့် Children party event ကို 👉👉တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမြဲ ဖြစ်ပါတယ် 🎊🎊 🤗🤗ပျော်ရွှင်စရာကောင်းတဲ့ event 🎊🎉လေးကို ပျော်ပျော်ပါးပါးဆင်နွှဲခွင့်ရအောင် ကျန်ရှိနေသေးတဲ့ ရက်တွေမှာ ပါ၀င်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗🎊
Copyright 2018, All rights reserved.