ကမ္ဘာ့ ကက်ဆိုဝါရီနေ့(World Cassowary Day) – Yangon Zoo

🦃ကမ္ဘာ့ ကက်ဆိုဝါရီနေ့(World Cassowary Day)🦃 Cassowary ဟာဆိုရင် အရောင်အသွေးတောက်ပပြီး ကြီးမားသန်မာတဲ့ ဒိုင်နိုဆော မျိုးစိတ်လိုမျိုး ခြေထောက်ရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ Cassowary ငှက်မျိုးစိတ် (၃)😳မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Southern Cassowary ၊ Northern Cassowary နှင့် Dwarf Cassowary တို့ပဲဖြစ်ပါတယ်။ ကတ်ဆိုဝါရီ ငှက်မျိုးစိတ် (၃) မျိုးထဲမှ အကြီးဆုံးဖြစ်တဲ့ Southern Cassowary ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားပါတယ်။😱 ထို့နောက် ၎င်းတို့ကိုဩစတေးလျနိုင်ငံနှင့် နယူးဂီနီကျွန်းများ🏝️ တွင် တွေ့ရှိရပါတယ်။ Cassowary တွေရဲ့အသွင်အပြင်ခန္ဓာလက္ခဏာဟာဆိုရင်ကိုယ်တွင်တောက်ပလှသော အနက်ရောင်အမွေးများရှိပြီးဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိ၍ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင် ရှိ၍ ရှည်လျားပြီး တွဲလောင်းကျနေတဲ့ အနီရောင် အဖက် (Red wattles)ပါရှိပါတယ်။ 🦃သူတို့မှာ ခြေချောင်း (၃) ချောင်းသာပါရှိပါတယ်။🫢 Cassowary ရဲ့ထူးခြားချက်တွေကတော့ အမများက ဥ ဥပြီး ထိုဥများကို🥚 အထီးတွေကသာဝပ်ပြီး ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ကာ အစာရှာဖွေနိုင်သည့်အထိ အဖေကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ ကက်ဆိုဝါရီငှက်တွေဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ် ပြုလေ့မရှိသော်လည်း ကလေးများနဲ့အတူ အစာစားနေချိန်တွေမှာ အန္တရာယ်ပြုတယ်လို့ ထင်မိရင် သူတို့ရဲ့ သန်မာလှတဲ့ ခြေထောက်တွေကို အသုံးပြုပြီး လူသေနိုင်သည့်အထိ တိုက်ခိုက်လေ့ရှိပါတယ်။ကက်ဆိုဝါရီငှက်တွေဟာ သူတို့နေထိုင်ကျက်စားရာ မိုးသစ်တောတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်🪴🌲🌱အား စားသုံးပြီး‌ ဝေးလံသည့် နေရာများတွင် အစေ့များစွန့်ထုတ်ခြင်းကနေ အပင်သစ်များ ပေါက်နိုင်တဲ့အတွက် မိုးသစ်တောများအတွက် ဥယျာဉ်မှူးအဖြစ် အရေးကြီးသော အခန်းကပါဝင်ပါတယ်။ ကက်ဆိုဝါရီငှက်များကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ်သတ်မှတ် ထားပြီး မိုးသစ်တောများ🌿🌲🌳အတွက် အဓိကကျသည့် မျိုးစိတ် “keystone spceies” အပင်များ များစွာပေါက်ရောက်နိုင်ဖို့အတွက် ကူညီပေးသည့် ငှက်ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသည့် ငှက်ဖြစ်သောကြောင့် ကမ္ဘာ့ကတ်ဆိုဝါရီငှက်များနေ့တွင် ဗဟုသုတရဖွယ် အကြောင်းအရာများဖြင့် ရေးသား ဂုဏ်ပြုအပ်ပါတယ်။🤗 #YangonZoo #knowledgesharing #education #CassowaryDay

Copyright 2018, All rights reserved.