တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( Zoo Lovers Day )
🗓️နှစ်စဉ် ဧပြီလ (၈) ရက်နေ့သည် တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားချစ်မြတ်နိုးသူများ ၊ တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တည်မြဲစွာ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းအားထုတ်နေသူများမှ တိရိစ္ဆာန်ချစ်သူများနေ့ ( Zoo Lovers Day ) နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ် ။ 💁
💚ဤနေ့တွင် တိရစ္ဆာန်ဥယျာဉ်များ၏ အရေးပါမှုကို မီးမောင်းထိုးပြခြင်း၊ တိရစ္ဆာန်လေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အသိပညာပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် လူအများပူးပေါင်းပါဝင်လာစေရန် အသိပညာပေးခြင်း အစီအစဉ်များကို တိရစ္ဆာန်ဥယျာဉ်များတွင် ပြုလုပ်ကြခြင်းဖြစ်ပါသည်။💁
🐯🐼တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေရခြင်းသည် လူအများအား ပြသဖျော်ဖြေရန်ရည်ရွယ်ချက် တစ်ခုတည်းသာမကဘဲ သဘာဝထိန်းသိမ်းရေးဌာနများ (Conservation Centers) အဖြစ်ရပ်တည်ကာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော တိရစ္ဆာန်များ အတွက် ခိုလှုံစရာနေရာများ၊ သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ဗဟိုဌာနများ၊ လူထု သင်ကြားရေးအတွက် အထောက်အကူပြုဌာနများ၊ မျိုးဆက်ပျံ့ပွားရေးအတွက်မွေးမြူရေးဌာနများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း တိရစ္ဆာန်များ ပြန်လည်စေလွှတ်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပါသည် ။ 💁
💚တိရစ္ဆာန်ဥယျာဉ်များ၏ အဓိကအခန်းကဏ္ဍမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော တိရစ္ဆာန် များကို ထိန်းသိမ်းကာကွယ်ထိန်းသိမ်းခြင်း၊ မျိုးပွားထုတ်လုပ်ခြင်း (Captive Breeding)၊ မျိုးစိတ် များပြန်လည်စေလွှတ်ခြင်း(Species Reintroduction)၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်လာခြင်း (Genetic Research) သဘာဝတောထဲတွင် မျိုးသုဉ်းပျောက်ကွယ်သွားသည့် တိရစ္ဆာန်မျိုး စိတ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကြိုးပမ်းခြင်းတို့ပဲဖြစ်ပါသည်။💁
✨ထို့ကြောင့် တိရစ္ဆာန်ချစ်သူများနေ့ ( Zoo Lovers Day ) သည် တိရစ္ဆာန်လေးများအတွက် ဂုဏ်ပြုပွဲတစ်ခုထက်မက နောင်လာနောက်သားများ အတွက် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်မှုများပင်ဖြစ်ပါသည်။ တာဝန်သိတိရစ္ဆာန်ဥယျာဉ်များကို ပံ့ပိုးကူညီခြင်းနှင့် ထိန်းသိမ်းရေးအစပျိုးလုပ်ငန်း များတွင် ပါဝင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့အားလုံးသည် မယုံနိုင်စရာ ဇီဝမျိုးစုံမျိုးကွဲ များကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီနိုင်ပါသည်။ တိရစ္ဆာန်ဥယျာဉ်များသို့ လည်ပတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်များကို လှူဒါန်းခြင်း သို့မဟုတ် အသိပညာ ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာ့အခမ်းနားဆုံး သတ္တဝါများအား နောင်နှစ်ပေါင်းများစွာထိ ရှင်သန်ရပ်တည်နိုင်စေရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်းကို ဗဟုသုတရစေရန် ရည်ရွယ်ချက်ဖြင့် မျှဝေဖော်ပြလိုက်ပါတယ်ရှင် ။🥰🥰
#yangonzoo #zooloversday #တိရစ္ဆာန်ချစ်သူများနေ့
Copyright 2018, All rights reserved.