တူယှဉ် နွှဲပျော် ရွေ့လျားဈေးပွဲတော် – Yangon Zoo

✨ တူယှဉ် နွှဲပျော် ရွေ့လျားဈေးပွဲတော် ✨ သားသားမီးမီးနဲ့ မိဘပြည်သူများအတွက် Mobile Market ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ဇူလိုင်လ (၁၉) ရက်နေ့မှ ဇူလိုင်လ (၂၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 🎉🎉🎉 ပွဲတော် ပထမရက်ဖြစ်တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာတော့ 🎶 JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့ရဲ့ Baby Talent Show Rose Mary ရဲ့ ဖျော်ဖြေတင်ဆင်မှုတွေ အပြင် သားသားမီးမီးတို့ အကြိုက် joker ရဲ့ ရင်သက်ရှုမောဖွယ် တင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်ပါတယ် ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ (၂၀) ရက်နေ့မှာတော့ 🎶 JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ 👯♂️ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့ရဲ့ Baby Talent Show 🎶 သားသားမီးမီးတွေ အပြင် ဖေဖေ မေမေတို့ပါ အတူပါ၀င် ပျော်ရွှင်ရမည့် Zumba Lei နဲ့ အတူ Zumba ကကြမည့် အစီအစဉ်တွေ အပြင် 🎶 ချစ်စရာကောင်းပြီး အသံချိုချို လေးနဲ့ ဖျော်ဖြေတင်ဆက်ပေးမယ့် Nora 🎤 တိရစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်လေးတွေနဲ့ အထွေထွေဗဟုသုတများကို ဆွေးနွေးပြောပြပေးသွားမယ့် Yangon Zoo (Education Department) နှင့် အတူ Ma Hla Nu Tun တို့ရဲ့Talk Show အစီအစဉ် 📸 ဓါတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ရမယ့် Photo Booth နှင့် 🧩 Family-Friendly Game Activities များပါဝင်သွားမှာဖြစ်ပြီး ပွဲတော်အပိတ်နေ့ဖြစ်တဲ့ ဇူလိုင်လ (၂၁) ရက်နေ့မှာလည်း 🎶 DESKS Band ရဲ့ ဖျော်ဖြေတင်ဆက်မှု 🎶 သားသားမီးမီးတွေ အပြင် ဖေဖေ မေမေတို့ပါ အတူပါ၀င် ပျော်ရွှင်ရမည့် Zumba Lei နဲ့ အတူ Zumba ကကြမည့် အစီအစဉ်တွေ အပြင် Monster Dance Group ရဲ့ အကအလှများအပြင် 🎶 တေးသံရှင် Phyo Kyaw Htike ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်ပါတယ် 🎩 ရင်သက်ရှုမောဖွယ် မျက်လှည့်ပြကွက်များ 🦜 ချစ်စရာကောင်းတဲ့ ငှက်လိမ္မာလေးများနဲ့ ဓါတ်ပုံရိုက်ကူးခြင်း 🐅 Keeper Talks Program 📚 တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ပညာပေးပြကွက်၊ တိရစ္ဆာန်လေးများနဲ့ပတ်သက်တဲ့ ဉာဏ်စမ်း အမေးအဖြေအစီအစဉ်နှင့် တခြားသော ဗဟုသုတရဖွယ်ရာများ ပြသပေးထားမယ့် Zoo and Animal Education Booth လေးတွေကတော့ ပွဲတော် ရက်တိုင်းမှာ ရှိနေမှာ ဖြစ်လို့ လာရောက် ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်နော်

Copyright 2018, All rights reserved.