၂၀၂၅ခုနှစ် မတ်လ ၁၈ရက် မှ ၁၉ ရက်နေ့အထိ Htoo Zoos and Gardens Business Unit နှင့် ထိုင်းနိုင်ငံ Zoological Park Organization-ZPOT တို့ပူးပေါင်း၍ Zoo Animals Health Management ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေ:ပွဲအား တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၊ မန္တလေးတွင် ကျင်းပပြုခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ Htoo Zoos and Gardens Business Unit ၏ Chief Executive Officerနှင့် တကွ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ၊မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆေးကုဆရာဝန်၊တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တို့မှ အုပ်ချုပ်ရေးမှူးများနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး ဥယျာဉ်အတွင်းထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်များ၏ ပြကွက်တစ်ခုချင်းအလိုက် လိုအပ်သော ပြုစုစောင့်ရှောက်မှူနှင့် စီမံအုပ်ချုပ်မှုများအား တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် အသေးစိတ်မေးမြန်းပြီး လိုအပ်သည့် ညွှန်ကြားမှုများကိုDr. Visit ( Zoo Park Organization Thailand−ZPOT) မှ အသေးစိတ်ညွှန်ကြားမှုများပြုလုပ်ခဲ့ကြပြီး တိရစ္ဆာန်ဥယျာဉ်များ၏ ကျန်းမားရေးစောင့်ရှောက်မူ ပိုမို ကောင်းမွန််လာစေရန် အတူတကွပူးပေါင်း ဆောက်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သားပေါက်ရန်ရှိသည့် ရေမြင်းများအတွက်လည်း လိုအပ်သည့်ပြင်ဆင်မှူများ၊ ဆေးဝါးနှင့် အစားများအတွက် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစိတ်ဆွေးနွေတိုင်ပင်ခဲ့ကြပါသည်။
Copyright 2018, All rights reserved.