✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨
👉👉🌍🌎ကမ္ဘာပေါ်တွင် ✨🗾အန္တာတိကတိုက်နှင့် ✨🗾သြစတြေလျှတိုက်မှလွဲ၍ ကျန်တိုက် ကြီးများ တွင် နေထိုင် ကျက်စားကြသော လင်းတများကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် စနစ်တကျ မွေးမြူပြသထားပါတယ်ရှင် 🤗🤗
👉👉🌎ကမ္ဘာပေါ်တွင်လင်းတမျိုးစိတ်ပေါင်း (၂၃) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ကြပြီး အမေရိကတိုက်တွင် နေထိုင်သော လင်းတ မျိုးစိတ်များကို ✨✨🌍ကမ္ဘာသစ်လင်းတဟုခေါ်ပြီး အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင်တွေ့ရှိရသော လင်းတမျိုးစိတ်များကို ✨✨🌍ကမ္ဘာဟောင်းလင်းတ မျိုးစိတ်များရယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ်
👉👉လင်းတများရဲ့ အမူအကျင့် များက သဘာဝ ပတ်ဝန်းကျင်ကိုသန့်ရှင်းစေရုံသာမက မြေကြီးကိုလည်း မြေသြဇာကောင်းမွန်အောင် အထောက်အကူပြုပေးပြန်ပါတယ်🤗🤗
👉👉လင်းတတွေရဲ့ထူးခြားတဲ့ အမူအကျင့်ကတော့ ဆွေးမြေ့နေသော ရုပ်အလောင်းများ၏ အကြွင်းအကျန်များကို သန့်ရှင်းပေးခြင်းဖြင့် အနံ့ အသက်ဆိုးများကို ကာကွယ်တားဆီးနိုင်သည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကို သိသိသာ သာ လျှော့ချပေးနိုင်ပြီး ဗက်တီးရီးယာ ကြောင့်ဖြစ်ပေါ်နိုင်သည့် အဆိပ်သင့်ရောဂါ (botulism) နှင့် ပလိပ်ရောဂါကဲ့သို့သော ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်✨✨
👉👉လင်းတမျိုးစိတ်များ အကောင်ရေလျှော့နည်းလာခြင်း၏ အဓိကပြဿနာမှာ အဆိပ်သင့် အသေကောင်များကို စားသုံးမိခြင်းကြောင့် 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။
ယခုအခါနိုင်ငံတကာမှ 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျှက်ရှိပါတယ်🤗🤗
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှာ ဆိုရင် ရှားပါး🦆🦢🦜🕊️🦅ငှက်မျိုးစိတ်များ အပါအဝင် အခြားသောရှားပါး🐐🐘🦒🐫🐂🐅🦓🐆🦌တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကိုပါ အများပြည်သူများ ဗဟုသုတရစေရန် ရည်ရွယ်၍ စနစ်တကျထိန်းသိမ်း မွေးမြူပြသထားလို့ ပိတ်ရက်တွေမှာ အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ် ဗဟုသုတရချင်လို့ပဲ ဖြစ်ဖြစ် အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်🤗🤗