💚တန်ဖိုးထားဖွယ်ရာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ ✨
👷♀️နှစ်စဉ် မေလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labour Day) အဖြစ် သတ်မှတ်ဂုဏ်ပြုထားပါတယ်။🙆💚
👷ယခုကျရောက်သော မေလ (၁)ရက်နေ့သည် ၁၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများနှင့်အတူ တိရစ္ဆာန်ဉယျာဉ် (ရန်ကုန်)မှာ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ကျရာတာဝန်ကို အားထုတ် ဆောင်ရွက်နေကြပါသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို တန်ဖိုးထားစွာဖြင့် လေးစားစွာဂုဏ်ပြုလိုက်ပါတယ် ။ 🙇♀️💚
👉အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာလည်း ရန်ကုန်တိရစ္ဆာန်ဉယျာဉ်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ် ဖွင့်လှစ်ပေးထားခြင်းကြောင့် အားလပ်ရက်တွေမှာ ချစ်ခင်ရသော မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက်လည်ပတ်ရင်း အပန်းဖြေအနားယူဖို့ ဖိတ်ခေါ် လိုက်ရပါတယ်။💁🥰💚
#Internationallabourday
#yangonzoo
Copyright 2018, All rights reserved.