ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝထဲတွင် (၂၁) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်းထိန်းသိမ်းမွေးမြူထားသည့် နေရာများတွင် သက်တမ်း (၂၄) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။

အစားအစာ

အဓိက အစာအဖြစ် သစ်သီးမှည့်များ အရွက်များကို နှစ်သက်သော် လည်း တခါတရံ အခွံအမာသီးများ ၊အစေ့များ၊ အင်းဆက်များနှင့် ဥများကို စားသုံးလေ့ရှိသည်။

နေထိုင်ရာ

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀ မှ ၁,၇၀၀ ကြားရှိ အပူပိုင်းနှင့် အပူလျော့ပိုင်း စိုစွတ်သော သစ်တောများတွင် နေထိုင်ကြသည်။

နေထိုင်ဒေသ

အလယ်ပိုင်းအမေရိကမှ တောင်အမေရိက မြောက်ပိုင်းအထိ တွေ့ရှိရသည်။

မျောက်ပင့်ကူ

အမည် မျောက်ပင့်ကူ
သိပ္ပံအမည် Ateles fusciceps
အလျား ကိုယ်အလျား ၃၈ မှ ၆၃ စင်တီမီတာခန့်၊ အမြီးအလျား ၆၀ မှ ၈၅ စင်တီမီတာခန့်
အလေးချိန် ၆ မှ ၉ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၄-၅ နှစ်
အမ အရွယ်ရောက်အသက် ၄-၅ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၇-၇.၅ လခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်မွေးလျှင် (၁) ကောင်သာမွေးပါသည်။
မူရင်းဒေသ အီကွေဒေါနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း

ထူးခြားချက်များ

မျောက်ပင့်ကူများသည် ခြေတံလက်တံရှည်လျားပြီး သစ်ပင်သစ် ကိုင်း များကြားတွင် လှည့်ပတ်နေထိုင်ရန် နှင့် အစာရှာဖွေရာတွင် ပဉ္စမမြောက်လက်အနေဖြင့် အမြီးပါရှိပါသည်။ အမြီး အလျား သည် ခန္ဓာကိုယ်အလျားထက်ပို၍ ရှည်လျားကြပါသည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ် (Endangered species) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်