ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

၂၀-၂၅ နှစ်

အစားအစာ

ကြွက်၊ ယုန်၊ ဝက်၊ သမင်ကဲ့သို့သော နို့တိုက်သတ္တဝါများနှင့် ငှက်များကို ဖမ်းယူစားသောက်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ပိုမိုကြီးမားသော သားကောင်များကိုလည်း အမဲလိုက်တတ်သည်။ အဆိပ်မရှိသော မြွေအမျိုးအစားဖြစ်ပြီး သားကောင်ကို ကိုယ်လုံးဖြင့် ရစ်ပတ်ညှစ်သတ်ခြင်း (Constriction) ဖြင့် အစာရှာဖွေသည်။

နေထိုင်ရာ

အရှေ့တောင်အာရှရှိ အပူပိုင်းသစ်တောများ၊ မြက်ခင်းပြင်များ၊ စိမ့်တောများနှင့် မြစ်ချောင်းဒေသများတွင် တွေ့ရှိရပြီး များသောအားဖြင့် ရေနှင့်နီးစပ်သော နေရာများတွင် နေထိုင်လေ့ရှိကြသည်။

နေထိုင်ဒေသ

အရှေ့တောင်အာရှ၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် တွေ့ရှိရပါသည်။

မြန်မာ့စပါးအုံးမြွေ

အမည် မြန်မာ့စပါးအုံးမြွေ
သိပ္ပံအမည် Python bivittatus
အလျား ၁၆ ပေ
အလေးချိန် ၉၀ မှ ၂၀၀ ပေါင်ခန့်
အထီး အရွယ်ရောက်အသက် ၄ နှစ်
အမ အရွယ်ရောက်အသက် ၄ နှစ်ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ဥပ် ကြာချိန်မှာ (၂) လခန့်ဖြစ်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် ၁၂ လုံး-၃၆ လုံးအထိ အုလေ့ရှိပါသည်။
မူရင်းဒေသ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် တွေ့ရှိရပါသည်။

ထူးခြားချက်များ

အရွယ်အစားကြီးများ၍ အဆိပ်မရှိသော မြွေအမျိုးအစား ဖြစ်သည်။ ၎င်းတွင် အညိုရင့်ရောင် အကွက်များ၊ သန်မာသော ကြွက်သားများရှိသည့် ကိုယ်ထည်နှင့် သွေးနွေးသတ္တဝါများကို ရှာဖွေနိုင်သည့် အပူလှိုင်းဖမ်း အာရုံခံကျင်းများ (heat-sensing pits) ပါရှိသည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ ထုတ်ပြန်ထားသော Red List အရ Vulnerable (VU) မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောအဖြစ် သတ်မှတ်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်