သဘာဝတောများထဲတွင် (၂၀-၂၅) နှစ် အထိအသက်ရှင်ပြီး ထိန်းသိမ်းစောင့် ရှောက်ထားသည့်နေရာများတွင် ၃၀ နှစ်အထိအသက်ရှင်နေထိုင်ပါသည်။
အသီးအရွက်စား သတ္တဝါများဖြစ်ပြီး အဓိကအားဖြင့် မြက်ကိုစားသော်လည်း၊ မြက်ရှားပါးသောအခါတွင် သစ်ရွက်များ၊ သစ်ညှောက်များနှင့် သစ်ခေါက်များကိုလည်း စားသုံးကြပါသည်။
မြက်ခင်းပြင်များ၊ ဆာဗားနားစားကျက်မြေများ၊ ပွင့်လင်းသစ်တောများနှင့် တစ်ခါတစ်ရံတွင် တောင်တန်းဒေသများတွင် တွေ့ရှိရပါသည်။
မြင်းကျားများသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ပျံ့နှံ့နေထိုင်ကျက်စားကြပါသည်။
ခန္ဓာကိုယ်ပေါ်ရှိ အဖြူအစင်းကြားများကို စုတ်တံပြားကြီးဖြင့် ဆေးခြယ်ထားသကဲ့သို့ တွေ့ရှိရပါသည်။ ထိုအစင်းကြောင်းများ သည် လူလက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့် တစ်ကောင်တူညီမှု မရှိပါ။
နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များထိန်းသိမ်းကာကွယ် ရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသည့် Red List အရ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သို့ ကျရောက်နိုင်သည့် မျိုးစိတ် (Near Threated) အဖြစ် ထည့်သွင်းသတ်မှတ်ထားပါသည်။