ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း (၃၀) ခန့်ထိ နေထိုင်နိုင်သည့် မှတ်တမ်းများတွေ့ရှိရပါသည်။ သို့သော် သဘာဝတွင်းနေထိုင်ခြင်းသည် ပို၍တိုတောင်းပါသည်။

အစားအစာ

အစုံစားသတ္တဝါဖြစ်ပြီး သစ်သီးမှည့်များ၊ သစ်သီးများ၊ အရွက်နှင့် သစ်ခေါက်များနှင့် နို့တိုက်သတ္တဝါငယ်များကို စားသုံး‌လေ့ရှိ ကြပါသည်။

နေထိုင်ရာ

ဒီဘရာဇာမျောက်များကို ထူထပ်လှသည့်သစ်တောများ၊ ရွံနွံတော များ၊ ရာသီအလိုက်ရေမြုပ်သည့် ဧရိယာများတွင် တွေ့ရှိရပါသည်။ စိုထိုင်းဆများသည့် သစ်တောများတွင် ကျတ်စား နေထိုင် လေ့ရှိကြပါသည်။

နေထိုင်ဒေသ

ဒီဘရာဇာ မျောက်များကို အဓိကအားဖြင့် အာဖရိကအလယ်ပိုင်း တွင် တွေ့ရှိပါသည်။ နိုင်ငံအားဖြင့် ကင်မရွန်း၊ ကာဂွန်၊ အီကွေတိုးရီးယား ဂီနီ၊ အာဖရိကနိုင်ငံအလယ်ပိုင်း၊ ကွန်ဂိုနိုင်ငံ၊ ဆူဒန်၊ ယူဂန္ဓာနှင့် အီသီယိုးပီးယား နိုင်ငံ တို့တွင် တွေ့ရှိရပါသည်။

ဒီဘရာဇာမျောက်

အမည် ဒီဘရာဇာမျောက်
သိပ္ပံအမည် Cercopithecus neglectus
အလျား ကိုယ်အလျား ၄၀ မှ ၆၀ စင်တီမီတာခန့်၊ အမြီးအလျား ၅၀ မှ ၈၅ စင်တီမီတာခန့်
အလေးချိန် ၄ မှ ၇ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၅-၆ နှစ်
အမ အရွယ်ရောက်အသက် ၅-၆ နှစ် အရွယ်ရောက်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်ကာလ ၅-၆ လ
တစ်ကြိမ်မွေးအရေအတွက် အများအားဖြင့် တစ်ကောင် သာ မွေးဖွားလေ့ရှိပြီး တခါတရံ အမွှာမွေး တတ်ပါသည်။
မူရင်းဒေသ မူရင်းဒေသမှာ အာဖရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့ ဖြစ်ပြီး၊ ကင်မရွန်း၊ ကွန်ဂို၊ ဂါဘွန်၊ အန်ဂိုလာ၊ ယူဂန်းဒါး နှင့် ကင်ညာကဲ့သို့သော နိုင်ငံများ ပါဝင်သည်။

ထူးခြားချက်များ

ဒီဘရာဇာမျောက်များသည် မီးခိုးရောင်ဖြစ်ပြီး ခြေချောင်း များသည် အနက်ရောင်ရှိကြပါသည်။ မျက်နှာပေါ်ရှိ နုတ်ခမ်းတစ်ဝှက် တွင်အဖြူရောင် မုတ်ဆိတ် မွှေးများရှိပြီး ဦးခေါင်းထိပ်တွင် လိမ္မော်‌ရောင် အမောက်တို့ပါရှိပါသည်။ အထီးများ၏ ခန္ဓာကိုယ် အရွယ် သည်အမများထက် ပိုမို ကြီးမား ပါသည်။

မှတ်ချက်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN-Red list) တွင် (Least Concern-LC) ဟုဖော်ပြထားပြီး မျိုးသုဉ်းရန် အန္တရာယ်နည်းပါးသည့် ဇီဝမျိုးအဖြစ် ထည့်သွင်း၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ထား ပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်