သဘာဝတောများထဲတွင် သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ခန့်ရှိပြီး ထိန်းသိမ်းမွေးမြူထားရှိသည့်နေရာများတွင် ၁၈ နှစ်မှ ၂၀ နှစ်အထိ နေထိုင်နိုင်ပါသည်။
အသီးအရွက်စားသတ္တဝါဖြစ်ပြီး အရွက်များ၊ မြက်များ၊ အပင်ပျော့များနှင့် အရွက်အဖူး အညွန့်များကို စားသုံးကြပါသည်။
ခြောက်သွေ့သောအိုင်ဒိုင်းတောများ၊ သစ်ကျဲတောများ၊ မြက်ခင်းပြင်များနှင့် ရေလျှံကွင်းဒေသများ (အများအားဖြင့် ရေအရင်းအမြစ်များအနီးတွင် တွေ့ရတတ်သည်)
မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် သမင် (Eld's deer မျိုးစိတ်ခွဲ) ကို နိုင်ငံ၏ အလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကတွေ့ရှိရပြီး၊ ၎င်းတို့ကို ရွှေစက်တော်နှင့် ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် အဓိကထား ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
သွယ်ပြီး ရှည်လျှားသော ခန္ဓာကိုယ် ရှိပြီး အခြားသော သမင်မျိုးစိတ်များကဲ့သို့ ခန္ဓာကိုယ်ကို နီညိုရောင်အမွေးအမျှင်များဖြင့် ဖုံး အုပ်ထားပါသည်။ အထီးများမှာ အလွန်လှပသည့် လေးကိုင်းပုံသဏ္ဍန်ရှိသော ဦးချို(ဂျို)များကို ပိုင်ဆိုင်ထားကြပြီး နှစ်စဉ် ဦးချို(ဂျို)ချလေ့ရှိပြီး ဦးချို (ဂျို) အသစ်လဲလှယ်လေ့ရှိပါ သည်
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ် (Endangered species) အဖြစ်သတ်မှတ်ထားပါ သည်။