ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

၁၂ နှစ်

အစားအစာ

အဓိကအစားအစာမှာငါးဖြစ်ပြီး ဖား၊ကဏန်း၊ပင်လယ်ကောင်များ၊ငှက်ဥနှင့်ပိုးမွှားများကိုလည်းစားလေ့ရှိပါသည်။

နေထိုင်ရာ

ငါးများပေါများသည့် ရေနှင့်နီးစပ်သောနေရာများဖြစ်သည့် ရေဝပ်ဒေသများ၊ ရွှံ့နွံတောများ၊ လမုတောများနှင့် မြစ်ကမ်းပါးဒေသများတွင် ကျက်စားကြပါသည်။

နေထိုင်ဒေသ

အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဂျာဗားကျွန်းတို့တွင် ပျံ့နှံ့တည်ရှိကြပါသည်။

ကြောင်တံငါ

အမည် ကြောင်တံငါ
သိပ္ပံအမည် Prionailurus viverrinus
အလျား ၅၇ မှ ၈၆ စင်တီမီတာခန့်
အလေးချိန် ၆-၁၂ ကီလိုဂရမ် အလေးချိန်ရှိပါသည်။
အထီး အရွယ်ရောက်အသက် ၈ - ၁၀ လ ခန့်တွင် အရွယ်ရောက်ကြပါသည်။
အမ အရွယ်ရောက်အသက် ၈ - ၁၀ လ ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ၆၃-၇၀ ရက်
တစ်ကြိမ်မွေးအရေအတွက် ပုံမှန်အားဖြင့် သားပေါက်လျှင် (၁) ကောင်မှ (၄) ကောင်အထိ ရှိတတ်သော်လည်း ပျမ်းမျှအားဖြင့် သားငယ် (၂) ကောင်ခန့်သာ မွေးဖွားလေ့ရှိပါသည်
မူရင်းဒေသ အာရှတိုက်တောင်ပိုင်းနှင့်အရှေ့တောင်အာရှနိုင်ငံများ

ထူးခြားချက်များ

ကြောင်တံငါ များသည် တိုတုတ်သည့် ခြေလက်များ၊ တုတ်ခိုင်သော ကိုယ်ထည်တို့ဖြင့် သန်မာထွားကျိုင်းသည့် ပုံသဏ္ဌာန်ရှိကြပါသည်။ ၎င်းတို့တွင် ရှည်လျားသော ဦးခေါင်းရှိပြီး ခန္ဓာကိုယ်အလျား၏ သုံးပုံတစ်ပုံခန့်သာရှိသော အမြီးတို ရှိကြသည်။ အမွေးအမှင်များမှာ ကြမ်းတမ်းပြီး မီးခိုးညိုရောင်ရှိကာ ထူးခြားသော အမည်းရောင်အမှတ်အသားများ ပါရှိသည်။ ထိုအမှတ်အသားများသည် အစက်အပြောက်များနှင့် အစင်းကြောင်းများ ရောယှက်နေပြီး ခန္ဓာကိုယ်အနှံ့ အလျားလိုက် တည်ရှိကြသည်။ ထို့ပြင် မျက်လုံးအထက်နှင့် နားရွက်ကြားမှသည် ဦးခေါင်းထိပ်ကို ဖြတ်၍ ဂုတ်ပိုးအထိ အမည်းရောင်မျဉ်း ၆ ကြောင်းမှ ၈ ကြောင်းအထိ ရှိကြပါသည်။

မှတ်ချက်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN- Red List) တွင် Endangered (EN) ဟုဖော်ပြထားပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် အဖြစ်ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်