၃၀ နှစ်
အသီးအရွက်စားသတ္တဝါများ ဖြစ်ကြပြီး သစ်ရွက်များ၊ အညွှန့်များ၊ သစ်သီးများနှင့် ရေနေအပင်များကို စားသုံးကြသည်။
အရှေ့တောင်အာရှရှိ အပူပိုင်းမိုးသစ်တောများ၊ နွံတောများ၊ တောင်ပေါ်တောများနှင့် မြစ်ချောင်းများ သို့မဟုတ် ရေဝပ်ဒေသတစ်လျှောက်တွင် နေထိုင်ကြသည်။
မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံ၊ မလေးကျွန်းဆွယ်နှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆူမားတြားကျွန်းတို့တွင် တွေ့ရှိရသည်။
ကြံ့သူတော်များသည် ကိုယ်ခန္ဓာ၏ ရှေ့ပိုင်းသည် အနက်ရောင်၊ အလယ်ပိုင်းတွင် အဖြူရောင်နှင့် နောက်ခြေထောက်များမှာ အနက်ရောင်ဖြစ်ပါသည်။ နားရွက်များ၏ အနားသတ်တွင် အဖြူရောင် အမွေးများရှိပါသည်။ ခြေထောက်များ၌ ခွာပါသည့် ရှေ့ခြေချောင်း လေးချောင်းနှင့် နောက်ခြေမှာ သုံးချောင်းရှိပါသည်။
မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ် (Endangered) အဖြစ် သတ်မှတ်ထားပါသည်။