ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောထဲတွင် ၈နှစ်မှ ၁၀နှစ် အထိ နေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် ၁၃ နှစ်မှ ၁၅ နှစ် အထိရှင်သန်နေထိုင်နိုင်ပါသည်။

အစားအစာ

ကြောင်ဝံနီတွေဟာ အဓိကအားဖြင့် ဝါးကို စားသုံးကြပေမဲ့ သစ်သီးဝလံတွေ၊ ဘယ်ရီသီးတွေ၊ ပန်းပွင့်တွေ၊ အင်းဆက်ပိုးမွှားတွေ၊ ဥတွေနဲ့ နို့တိုက်သတ္တဝါအငယ်စားလေးတွေကိုလည်း စားသုံးတတ်ကြပါသည်။

နေထိုင်ရာ

ဟိမဝန္တာဒေသနှင့် အနီးတဝိုက်ရှိ သမပိုင်းတောများတွင် ကျက်စားကြသည်။ ၎င်းတို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ ဝါးပင်များ ထူထပ်စွာ ပေါက်ရောက်ခြင်း၊ တက်ရောက်ရန် သစ်ပင်များ ပေါများခြင်းနှင့် အေးမြစိုစွတ်သော ရာသီဥတုရှိ သော သစ်တောများတွင် နေထိုင်ပါသည်။

နေထိုင်ဒေသ

ဟိမဝန္တာတောင်တန်းဒေသနဲ့ နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ မြန်မာနဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ အပါအဝင် အာရှတိုက်ရဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ နေထိုင်ကြပါတယ်။ အထူးသဖြင့် ဝါးပင်တွေ ပေါက်ရောက်ရာ သမပိုင်းတောတောင်တွေမှာ အများဆုံး တွေ့ရှိရပါသည်။

ပန်ဒါနီ (ခ) ကြောင်နီ

အမည် ပန်ဒါနီ (ခ) ကြောင်နီ
သိပ္ပံအမည် Ailurus fulgens
အလျား ကိုယ်အလျား ၅၀ မှ ၆၄ စင်တီမီတာခန့်၊ အမြီးအလျား ၂၈ မှ ၅၉ စင်တီမီတာခန့်
အလေးချိန် ၃ မှ ၆ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် အသက် (၁၈) လ မှ (၂) နှစ် ဝန်းကျင်တွင် အရွယ်ရောက်ကြပါသည်။
အမ အရွယ်ရောက်အသက် အသက် (၁၈) လ ကနေ (၂) နှစ် ဝန်းကျင်မှာ မျိုးပွားနိုင်တဲ့ အရွယ်ကို ရောက်ရှိကြပါသည်
ကိုယ်ဝန်ဆောင်ကာလ ၁၃၅ ရက် (၄လခွဲခန့်) ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် ပုံမှန်အားဖြင့် တစ်ကြိမ်မွေးလျှင် သားငယ် (၁) ကောင်မှ (၄) ကောင်အထိ မွေးဖွားနိုင်ပါသည်။
မူရင်းဒေသ ကြောင်ဝံနီများသည် ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ အမြင့်ပေ မြင့်မားသော သမပိုင်းတောများ

ထူးခြားချက်များ

ခန္ဓာကိုယ်တစ်ကိုယ်လုံးကို နီညိုရောင်ဖြင့်ဖုံးအုပ်ထားပြီး ဝမ်းဗိုက်နဲ့ခြေလက်တွေမှာ ပြောင်လက်တဲ့အနက်ရောင်ပါရှိသည်။ နားရွက်၊မျက်ခုံးနဲ့နှာခေါင်းအထက်ပိုင်းကတော့အဖြူရောင်ပါရှိပြီး မျက်လုံး၏အောက်မှာ နီညိုရောင်အမွှေးအမှင်များက မျက်ရည်စီးကြောင်းကဲ့သို့ ဖြစ်နေပါတယ်။ အမြီးတွင် အနီနှင့်အဝါရောင်အကွင်းရစ်များ တစ်လှည့်စီပါပါတယ်၊ ဒါကြောင့် ချစ်စရာကောင်းလို့ ကြောင်ဝံနီ၊ မီးမြေခွေးလို့ ချစ်စနိုးခေါ်ကြပါတယ်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ် (Endangered species) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်