ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောတွင်း၌ သက်တမ်းမှာ အနှစ် ၆၀ မှ ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူထားသော နေရာများတွင် ပိုမိုအသက်ရှည်နိုင်ပါသည်။

အစားအစာ

အသားစားသတ္တဝါဖြစ်ပြီး အခွင့်သာလျှင် သာသလို ဖမ်းဆီးစားသောက်တတ်သည့် သားရဲ (Opportunistic predator) ဖြစ်သည်။ ၎င်းတို့သည် ငါး၊ ငှက်၊ တွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါများကို စားသောက်လေ့ရှိပြီး ရံဖန်ရံခါတွင် သမင် ၊ ကျွဲ၊ နွား နှင့် မွေးမြူရေး သတ္တဝါများအား ဖမ်းယူစားသောက်တတ်သည်။

နေထိုင်ရာ

ကမ်းရိုးတန်းမြစ်များ၊ မြစ်ဝများ၊ လမုတောများ၊ အိုင်များနှင့် ပင်လယ်ပြင်များ

နေထိုင်ဒေသ

ရေငန်မိကျောင်းများကို အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် သီရိလင်္ကာနိုင်ငံမှသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အပြင် ပါပူအာနယူးဂီနီ၊ ဆော်လမွန်ကျွန်းစုနှင့် ဩစတြေးလျနိုင်ငံမြောက်ပိုင်းအထိ အင်ဒို-ပစိဖိတ်ဒေသတစ်လွှားတွင် ကျယ်ပြန့်စွာ တွေ့ရှိရသည်။

ရေချိုရေငန်မိစပ်ကျောင်း

အမည် ရေချိုရေငန်မိစပ်ကျောင်း
သိပ္ပံအမည် Crocodylus porosus
အလျား အထီး ၄ မှ ၆ မီတာခန့်၊ အမ ၂.၅ မှ ၃ မီတာခန့်
အလေးချိန် ၄၀၀ မှ ၁၀၀၀ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် အထီး (Males): အသက် ၁၆ နှစ်မှ ၁၇ နှစ် ဝန်းကျင်တွင်မှ အရွယ်ရောက်ကြပါတယ်။ (ခန္ဓာကိုယ်အရှည် 3.2 မီတာမှ 3.3 မီတာခန့် ရှိချိန် ဖြစ်ပါတယ်။
အမ အရွယ်ရောက်အသက် အမ (Females): အသက် ၁၀ နှစ်မှ ၁၂ နှစ် ဝန်းကျင်တွင် အရွယ်ရောက်ကြပါတယ်။ (ခန္ဓာကိုယ်အရှည် 2.2 မီတာမှ 2.5 မီတာခန့် ရှိချိန် ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ဥများ သားဖောက်သည့်ကာလမှာ အပူချိန်နှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်၍ ရက်ပေါင်း ၈၀ မှ ၉၀ ခန့် ကြာမြင့်တတ်သည်
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်လျှင် ဥပေါင်း ၄၀ မှ ၆၀ ခန့် ဥလေ့ရှိသည်။
မူရင်းဒေသ ရေချိုရေငန်မိစပ်ကျောင်းများကို တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ဩစတေးလျမြောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ရှိ ကျွန်းစုများတလျှောက် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဂေဟစနစ်များတွင် တွေ့ရှိရသည်

ထူးခြားချက်များ

မီးခိုးရောင်နှင့် ရေညှိ စိမ်းရောင်ရှိပြီး ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်ရှိပါသည်။ ခန္ဓာကိုယ်တွင် ကြမ်းတမ်းသော အကြေးခွံများပါရှိပါသည်။

မှတ်ချက်

မျိုးသုဉ်းရန်အန္တရာယ် နည်းပါးသည့်မျိုးစိတ် အဖြစ်သတ်မှတ်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်