ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

၄၀-၅၀ နှစ်

အစားအစာ

အဓိကအားဖြင့် မိုးသစ်တောထဲတွင် ကြွေကျနေသော သစ်သီးဝလံများကို စားသုံးကြသော်လည်း သစ်ရွက်များ၊ အစေ့အဆန်များ၊ မှိုများ၊ အင်းဆက်များနှင့် တိရစ္ဆာန်ငယ်လေးများကိုလည်း စားသုံးကြသည်။

နေထိုင်ရာ

အပူပိုင်းမိုးသစ်တောများ၊ ရွှံ့နွံတောများ၊ မြေနိမ့်ပိုင်းနှင့် ကမ်းရိုးတန်းသစ်တောများ

နေထိုင်ဒေသ

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါပူဝါနယူးဂီနီနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပါပူဝါဒေသတို့ရှိ အပူပိုင်းမိုးသစ်တောများတွင်နေထိုင်ကြကျတ်စားကြပါသည်။

ကတ်ဆိုဝါရီငှက်ကုလားအုတ်

အမည် ကတ်ဆိုဝါရီငှက်ကုလားအုတ်
သိပ္ပံအမည် Casuarius casuarius
အလျား ၁.၅ မှ ၁.၈ မီတာခန့်
အလေးချိန် ၂၉ မှ ၅၈ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၃ နှစ်
အမ အရွယ်ရောက်အသက် ၂.၅ -၃ နှစ်
ကိုယ်ဝန်ဆောင်ကာလ ငှက်ဖိုမှ ဥများကို ၅၀ ရက်မှ ၅၆ ရက်ခန့်အထိ ဝပ်ပေးသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ ဥလေ့ရှိပြီး တစ်ကြိမ်လျှင် ဥ ၃ လုံးမှ ၅ လုံးအထိ ရှိတတ်သည်
မူရင်းဒေသ သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း၊ နယူးဂီနီကျွန်းနှင့် ၎င်း၏အနီးတစ်ဝိုက်ရှိ ကျွန်းများပေါ်ရှိ အပူပိုင်းမိုးသစ်တောများ

ထူးခြားချက်များ

ကတ်ဆိုဝါရီငှက်သည် ကြမ်းတမ်းသော အမည်းရောင်အမွှေးအတောင်များ၊ နီပြာရောင်တောက်ပပြီး အသားပိုတွဲနှစ်ခုပါသော လည်ပင်း၊ ဦးခေါင်းပေါ်ရှိ အကာအကွယ်ပေးနိုင်သော ဦးချိုအမောက်နှင့် ခုခံကာကွယ်ရန်အတွက် ၁၂ စင်တီမီတာခန့် ရှည်လျားပြီး ဓားမြှောင်ကဲ့သို့ ထက်မြက်သော အတွင်းခြေသည်းပါရှိသည့် သန်မာသောခြေထောက်များ ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော ပျံသန်းနိုင်စွမ်းမရှိသည့် ငှက်မျိုးစိတ်တစ်ခု ဖြစ်သည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်