ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောတွင်း၌ အသက် (၂၀) နှစ်အထိ နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့်နေရာများတွင် အသက် (၃၄) နှစ်အထိ နေထိုင်နိုင်ပါသည်။

အစားအစာ

အစုံစားသတ္တဝါဖြစ်ပြီး ပျားအုံ၊ ခြ၊ ခရု၊ တိရစ္ဆာန်အကောင်ငယ်များ နှင့် အသီးအနှံအချို့ကိုလည်း စားသုံးတတ်ကြပါသည်။

နေထိုင်ရာ

ပသျှူးဝက်ဝံများသည် အရှေ့တောင်အာရှရှိ အပူပိုင်းမိုးသစ်တောများ၊ မြေနိမ့်ပိုင်းသစ်တောများနှင့် တစ်ခါတစ်ရံတွင် တောင်ပေါ်သစ်တောများတွင် နေထိုင်ကျက်စားကြပါသည်။

နေထိုင်ဒေသ

ပသျှူးဝက်ဝံများကို အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊မလေးရှား၊တရုတ်ပြည်တောင်ပိုင်း၊ဆူမားတြားနှင့်ဘောနီယိုကျွန်းများတွင် နေထိုင်ကျက်စားကြပါသည်။

ပသျှူးဝက်ဝံ

အမည် ပသျှူးဝက်ဝံ
သိပ္ပံအမည် Helarctos malayanus
အလျား ၁၂၀ မှ ၁၅၀ စင်တီမီတာခန့်
အလေးချိန် ၂၅ မှ ၆၅ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၄-၅ နှစ်
အမ အရွယ်ရောက်အသက် ၃-၄ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၇ -၈ လခန့် ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်မွေးလျှင် (၁-၂) ကောင်မွေးလေ့ရှိပါသည်။
မူရင်းဒေသ အရှေ့တောင်အာရှ နိုင်ငံများ

ထူးခြားချက်များ

ဝက်ဝံမျိုးစိတ် (၈) မျိုးတွင် အရွယ်အစားအသေးငယ်ဆုံးသော မျိုးစိတ်ဖြစ်ပါသည်။ အမွှေးတိုပြီး ရင်ဘတ်တွင် အဖြူရောင် (U) ပုံသဏ္ဌာန် အမှတ်အသားပါရှိသည်။ တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး နှာခေါင်းနှင့် နှာထိပ်ဖျားတွင် အဖြူရောင်ပါရှိသည်။ ပသျှူးဝက်ဝံများကို Honey Bear ဟုလည်း အသိများကြသည်။

မှတ်ချက်

ပသျှူးဝက်ဝံများကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်