ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

၄၀-၅၀ နှစ်

အစားအစာ

အသီးအရွက်စားသတ္တဝါများဖြစ်ကြပြီး အဓိကအားဖြင့် မြက်များကို စားသုံးကြသည်။

နေထိုင်ရာ

အာဖရိကရှိ ဆာဗားနားမြက်ခင်းကျယ်များ

နေထိုင်ဒေသ

အာဖရိကတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ

ကြံ့ဖြူ

အမည် ကြံ့ဖြူ
သိပ္ပံအမည် Ceratotherium simum simum
အလျား ၃.၄ မှ ၄.၂ မီတာခန့်
အလေးချိန် ၁၈၀၀ မှ ၂၇၀၀ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၈-၁၀ နှစ်
အမ အရွယ်ရောက်အသက် ၆-၇ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၁၅-၁၆ လကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်မွေးဖွားလျင် တစ်ကောင်သာမွေးဖွားကြပါသည်။
မူရင်းဒေသ တောင်အာဖရိက၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ ကင်ညာနှင့် ယူဂန်ဒါ

ထူးခြားချက်များ

ကြံ့များသည် မြက်စားရန်အတွက် လေးထောင့်ဆန်သည့် စတုရန်းပုံသဏ္ဌာန်ရှိသော ပါးစပ်များ ပါရှိကြပါသည်။ ၎င်းတို့၏ ၂.၅ စင်တီမီတာအထိ ထူထဲသော မီးခိုးရောင်အရေပြားသည် သားရဲတိရစ္ဆာန်များ၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးပါသည်။ ကြံ့ဖြူများတွင် (keratin) ဓာတ်ဖြင့် ဖွဲ့စည်းထားသော ဦးချိုနှစ်ခုရှိပြီး ရှေ့ဘက်ဦးချိုမှာ ပို၍ ရှည်ပါသည်။

မှတ်ချက်

မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် (NearThreaten - NT)

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်