21 May 2026
"လူဝံ" (Bornean Orangutan) စုံတွဲလေး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလို့နေပါပြီ။
လူသားမျိုးနွယ်စုများနှင့် ဗီဇအနီးစပ်ဆုံးဖြစ်ပြီး အလွန်ဉာဏ်ရည်ထက်မြက်ကြတဲ့ အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်... မလေးဘာသာစကားအရ "သဘာဝတောတွင်းလူသားကြီးများ" ဟု အဓိပ္ပာယ်ရတဲ့ "လူဝံ" (Bornean Orangutan) စုံတွဲလေး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလို့နေပါပြီ။
ဒီမျိုးစိတ်ဟာဆိုရင် လက်ရှိ သဘာဝတောတွင်းမှာ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် (Critically Endangered Species) စာရင်းဝင် ရှားပါးတိရစ္ဆာန်လည်း ဖြစ်ပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လူဝံများကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ခန့်ကပင် နောက်ဆုံးပြသခဲ့ဖူးတာမို့ အခုတစ်ခေါက်မှာတော့ ချစ်စရာကောင်းလှတဲ့ လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ပြန်လည်တွေ့ဆုံခွင့်ရရှိမှာက တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များမှာ တွေ့ရှိနိုင်ပါတယ်။ ချစ်စရာကောင်းလှတဲ့ လူဝံ လေးတွေဟာ သဘာဝတောထဲတွင် သစ်ပင်အမြင့်ကြီးများပေါ်၌ အသိုက်ဆောက်ကာ နေထိုင်လေ့ရှိပြီး မိမိတို့၏ ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင် ကူးသန်းသွားလာတတ်ပါသည်။ထို့အပြင် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး အသုံးအဆောင်ပစ္စည်းများကိုပါ ကိုင်တွယ်အသုံးပြုနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားလှပါတယ်။
ထိုကဲ့သို့ ချစ်စရာကောင်းသော အပြုအမူနှင့် လှုပ်ရှားမှုဟန်ပန်များရှိသော လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလေ့လာနိုင်ဖို့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
ဤအသိပေးချက်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်