ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ဖွင့်လှစ်မည့်အချိန်: 8 am - 4 pm
နေရာ
View Map
လည်ပတ်ရန် ကြာချိန်

30 minutes

တည်နေရာ အမျိုးအစား

Indoor

သဘာဝသမိုင်းပြတိုက်

သဘာဝသမိုင်းပြတိုက်သည် သက်ဦးကပ်မှ သက်နှောင်းကပ်အထိ သက်ရှိသတ္တဝါများနှင့် သစ်ပင်များ၏ ဖွံ့ဖြိုးတိုးတက်လာပုံများ၊ သတ္တဗေဒနှင့် ဘူမိဗေဒဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ မြန်မာနိုင်ငံ၏ သယံဇာတနှင့် သစ်တောထိန်းသိမ်းရေးအကြောင်းများကို လေ့လာနိုင်ရန် ဖွင့်လှစ်ထားသော ပြတိုက်ဖြစ်ပါသည်။

သိကောင်းစရာ အဖြာဖြာ

သဘာဝသမိုင်းပြတိုက်ကို ကန်တော်ကြီးစောင်းရှိ ယခင် ပြည်ထောင်စုကလပ် အဆောက်အဦး (ယခု ကန်တော်ကြီးဟိုတယ်) တွင် ၁၉၉၆ ခုနှစ် မေလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် ၁၉၆၆ မှ ၁၉၇၆ အတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ပြတိုက်အဆောက်အဦးအသစ်ကို ဆောက်လုပ်ခဲ့ပြီး ၁၉၇၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆောက်အဦးအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ် (၄) ခုကျော်အထိ ပြည်သူများအား ဖွင့်လှစ်ပြသလျက်ရှိပါသည်။

ပြတိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ -
(က) သက်ဦးကပ်၊ သက်လယ်ကပ်၊ သက်နှောင်းကပ် ကာလများမှ စတင်၍ သက်ရှိသတ္တဝါများနှင့် သစ်ပင်များ၏ တည်ရှိပုံနှင့် အဆင့်ဆင့် ဖွံ့ဖြိုးပြောင်းလဲလာပုံများကို လေ့လာနိုင်ရန်။
(ခ) သတ္တဗေဒနှင့် ဘူမိဗေဒဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်းများကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်။
(ဂ) မြန်မာနိုင်ငံ၏ သယံဇာတပစ္စည်းများ၊ သစ်တောများ၏ တည်ရှိပုံနှင့် ထိန်းသိမ်းကာကွယ်ရေး၏ အရေးပါမှုကို သိရှိစေရန်။
(ဃ) သားရေခွာရုပ်လုံးသွင်းခြင်း (Taxidermy) ပညာရပ်ကို လေ့လာဆည်းပူးလိုသူများအတွက် အထောက်အကူဖြစ်စေရန်။

ပြသထားသည့် ပြခန်းများမှာ -
• ဘူမိဗေဒနှင့် သယံဇာတပစ္စည်းများ ပြခန်း
• နို့တိုက်သတ္တဝါနှင့် ကျေးငှက်သတ္တဝါ ပြခန်း
• ငါး၊ ကုန်းနေရေနေ တွားသွားသတ္တဝါများနှင့် အင်ဗာတီဘရိတ်များ ပြခန်း
• ဆူးတောင် ဝေလငါး အရိုးစု ပြခန်း

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။

လည်ပတ်မည်
စိတ်ဝင်စားဖွယ်နေရာများ ထပ်မံကြည့်ရှုရန်