ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သတင်းများ

🩷မြန်မာအမျိုးသမီးများနေ့🩷

03 July 2026 Yangon Zoo Administration News

🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများ၊ အိပ်မက်များနှင့် စွမ်းဆောင်နိုင်မှုများ ရှိကြပြီး မိမိတို၏ ကြိုးစားအားထုတ်မှုများဖြင့် လူ့အဖွဲအစည်းကို အကျိုးပြုလျက်ရှိပါသည်။

🌿 အမျိုးသမီးတစ်ဦး၏ တန်ဖိုးသည် သူမ၏ ရုပ်ရည်၊ အသက်အရွယ် သိုမဟုတ် လူမှုအဆင့်အတန်းပေါ်တွင် မူတည်ခြင်းမရှိပါ။ မိမိကိုယ်ကို ယုံကြည်မှု၊ ကြိုးစားမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အခြားသူများအပေါ် ကောင်းမွန်သော သဘောထားတိုသည် အမျိုးသမီးတစ်ဦး၏ အမှန်တကယ်တန်ဖိုးကို ဖော်ပြပေးပါသည်။
💐 ယနေ့ခေတ်တွင် အမျိုးသမီးများသည် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ ထိုကဲ့သိုသော ပါဝင်မှုများသည် မိသားစုများသာမက နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။
🌸မြန်မာအမျိုးသမီးများနေ့တွင် ထိုအရည်အချင်းများပိုင်ဆိုင်ထားသည့် မြန်မာအမျိုးသမီးတရပ်လုံးအား ဂုဏ်ပြုသကဲ့သို Htoo Zoos & Gardens Business Unit ရှိ ဥယျာဉ်သီးသီး၌ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု၊ ခွန်အားနှင့် တန်ဖိုးများကို လေးစားဂုဏ်ပြုအပ်ပြုအပ်ပါသည်။

Facebook တွင်မျှဝေရန်
သတင်းမီဒီယာများတွင်လည်း သတင်းများဖတ်နိုင်ပါသည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ နောက်ဆုံးရ သတင်းများ၊ အသိပေးချက်များနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းရာများကို သိရှိနိုင်ရန် ကျွန်ုပ်တို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ချိတ်ဆက်လိုက်ပါ။