🎊အပြည်ပြည်ဆိုင်ရာ ငှက်ကုလားအုတ်များနေ့🎊
🎊 International Ostrich Day ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၂)ရက်🎊
👉👉ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်သန်းပေါင်း(၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှဆင်းသက်လာသည့် ခန္ဓာကိုယ်အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် Common Ostrich (Struthio camelus) နှင့် ဆိုမာလီငှက်ကုလားအုတ် Somali ostrich (Struthio molybdophanes)၊ ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ပွားပါသည်။
👉👉ငှက်ကုလား အုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန် ဆုံးသောငှက်များဖြစ်ကြပြီး ရှည်လျားသန်မာသော ခြေထောက် များရှိသည့်အတွက် တစ်ခါခုန် လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါသည်။
👉👉ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသောမျက်လုံးကို ပိုင်ဆိုင်ထား ကြပြီး မျက်လုံး အလျားမှာ(5) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ကဲ့သို့သော သားရဲမုဆိုးများ ကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါသည်။
👉👉 သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို ကီလိုမီတာ (၈၀)နှုန်း အထိ ပြေးလွှားနိုင်ပါတယ်။
👉👉ငှက်ကုလားအုတ်များသည်အစုံစားသတ္တဝါများဖြစ်ကြသော်လည်း အသီးအရွက်ကိုသာ အဓိက ထားစားသုံးကြပြီး ရံဖန်ရံခါ အသားစားသတ္တဝါများ၏ ကြွင်းကျန်ရစ် သည့်တိရစ္ဆာန်များ၏ အသားများကိုလည်း စားကြပါသည်။
👉👉ရေမရှိဘဲ အချိန်အကြာကြီးအသက်ရှင်သန်နိုင်ပါသည်။
👉👉အစာအိမ်(၃) လုံးပါရှိပြီး အစာချေရန် ကျောက်စရစ်ခဲများကို မျိုချကြပါသည်။
👉👉 အခြားသက်ရှိငှက် များနှင့်မတူ ငှက်ကုလားအုတ်သည် ဆီးကိုမစင်နှင့် သီးခြားစီခွဲခြားပြီး စွန့်ထုတ်နိုင်သည့်အတွက် ဆီးစွန့်ထုတ်တတ်သော ထူးခြားဆန်းပြားသည့် ငှက်ဖြစ်ပါသည်။
👉👉သဘာဝတွင်နှစ်ပါင်း(၃၀−၄၀)ခန့်နေထိုင်နိုင်ပြီး မွေးမြူထိန်းသိမ်းထားသည့် နေရာတွင် နှစ်ပေါင်း (၇၀) ခန့်အထိ နေထိုင်နိုင်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
👉👉ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် မပျံသန်းနိုင်သည့် ခန္ဓာကိုယ်အကြီးဆုံး ငှက်ကုလားအုတ်များကို သူတို့၏ထူးခြားဆန်းပြားသည့် ခြေချောင်းနှစ်ချောင်းကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဥ် ဖေဖော်ဝါရီလ (၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငှက်ကုလား အုတ်များထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်လျှက်ရှိပါကြောင်း ဗဟုသုတ မျှဝေလိုက်ပါသည်။
#YangonZoo
#InternationalOstrichDay
#Education
Copyright 2018, All rights reserved.