🐘 ပျော်ရွှင်လေ့လာ တိရစ္ဆာန်ဥယျာဉ်မှာ 🐘 – Yangon Zoo
🐘 ပျော်ရွှင်လေ့လာ တိရစ္ဆာန်ဥယျာဉ်မှာ 🐘   သားသားမီးမီးတို့အတွက် Yangon Zoo မှာ နေ့စဉ်တင်ဆက်ပေးနေတဲ့ Keeper Talks အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ 📢📢📢   Keeper Talks အစီအစဉ်မှာ   တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ (Keeper) များမှ သူတို့ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ တောရိုင်းတိရစ္ဆာန်လေးများနဲ့ ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများ မှီတည်ချိတ်ဆက်နေမူတို့ကို အသိပညာပေး ပြောကြားသွားမှာပဲ ဖြစ်ပါတယ်။ 🦢🐒🦓🦌🐅🐘   Keeper Talks အစီအစဉ်အား (နေ့စဉ်)   🕰️ နံနက် (9:30 AM) မှာ ငှက်ကြီးဝန်ပို   🕰️ နံနက် (10:30 AM) မှာ မျောက်စပ်   🕰️ နံနက် (11:30 AM) မှာ မြင်းကျား   🕰️ နေ့လည် (13:30 PM) မှာ ဘင်္ဂလားကျား   🕰️ နေ့လည် (14:30 PM) မှာ အာရှဆင်   🕰️ ညနေ (15:30 PM) မှာ ရွှေသမင်   သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာ တိရစ္ဆာန်လေးတွေရဲ့ ခြံဝန်းလှောင်အိမ်တွေမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။  

  Keeper Talks အစီအစဉ်အား ကြည့်ရှုခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်များနဲ့ ပတ်သက်သည့် ဗဟုသုတများ၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာနိုင်မှာဖြစ်လို့ တိရစ္ဆာန် (ရန်ကုန်) သို့ လာရောက် အပန်းဖြေလည်ပတ်ရင်း Keeper Talks အစီအစဉ်အား ကြည့်ရှုသွားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Copyright 2018, All rights reserved.