💚 World Tapir Day 💚
ကမ္ဘာ့ကြံ့သူတော်များနေ့
🗓️နှစ်စဉ် ဧပြီလ (၂၇) ရက်နေ့မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်းဟာ ကြံ့သူတော်နေ့ကို ကျင်းပလေ့ရှိကြပါတယ်။ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလွန်ချစ်စရာကောင်းပြီး ထူးခြားသော အဆင်းရှိတဲ့ ကြံ့သူတော်လေးတွေဟာ အချိန် ၂၀၀၈ ခုနှစ်မှစတင်၍ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အခက်အခဲများဖြင့် ရင်ဆိုင် တွေကြုံနေရခြင်းကို သတိပြုလာမိခြင်းကြောင့်ပဲဖြစ်ပါတယ် ။ ဒါ့ကြောင့် ချစ်စရာကြံ့သူတော်လေးများအား မဆုံးရှုံးစေရန် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ အသိပညာတွေကို လူအများအား လက်ဆင့်ကမ်း မျှဝေလိုသော ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဧပြီလ (၂၇) ရက်နေ့ကို ကြံ့သူတော်များလေး၏ အထိမ်းအမှတ် နေ့လေး တစ်နေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ 💁
💚💚ကြံ့သူတော်လေးတွေဟာ အသီးအရွက်စား နို့တိုက်သတ္တဝါ ဖြစ်ပြီးတော့ အမေရိကတိုက် အလယ်ပိုင်း၊ တောင်အမေရိကနှင့် အရှေ့တောင်အာရှနိုင်ငံ တွေမှာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။ လုံးဝန်းလှတဲ့ ခန္ဓာကိုယ်နဲ့ နှာမောင်းအတိုလေးပါရှိခြင်းဟာ ဝက်ကလေးတွေနဲ့လည်း ပုံပန်းသဏ္ဍာန်ချင်း ဆင်တူကြပါတယ် ။ ထိုသို့ ဝက်ကလေးများနှင့် ဆင်တူသော်လည်း ကြံ့သူတော်လေးတွေဟာ သီးခြားမျိုးစိတ် တစ်ခုသာဖြစ်ပါတယ်။ ကြံ့သူတော်လေးများရဲ့ ထူးခြားချက်ကတော့ လှည့်နိုင်တဲ့နှာခေါင်းအဖျား (Prehensile trunk) ဖြစ်ပြီး အဲ့ဒီနှာမောင်းအတိုလေးနှင့် သစ်ရွက်၊ သစ်သီးတွေကို ခူးယူစားသောက်နိုင်ခြင်းပဲဖြစ်ပါတယ်။ 🙌
💚💚ကြံ့သူတော်လေးတွေဟာ မျိုးစိတ် (၄) မျိုးဖြင့် ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ကျက်စားကြပါတယ်။ မြန်မာနိုင်ငံမှာ ကျက်စားနေထိုင်တဲ့ မျိုးစိတ်ကတော့
မလေးကြံ့သူတော်မျိုးစိတ်ဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစား အကြီးမားဆုံးလည်းဖြစ်ပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီ နဲ့ ထိုင်းမြန်မာ နယ်စပ်ရှိ သစ်တောတွေမှာ နေထိုင်ကျက်စားကြပါတယ်။ 🙆🙆
💚💚မလေးကြံ့သူတော်လေးတွေဟာ ခြေလက်နှင့်ကိုယ်အရှေ့ပိုင်းတွေဟာ အနက်ရောင်ရှိပြီး ခန္ဓာကိုယ် အလယ်ပိုင်းမှာ အဖြူရောင်ရှိကာ အဖြူနဲ့အနက်သီးခြားစွာပိုင်းခြားထားပါတယ်။ မွေးကာစအရွယ်လေးတွေမှာတော့ နီညိုရောင် (သို့) အနက်ရောင်ပေါ်မှာ အဖြူရောင် အစက်အပြောက်လေးတွေ ပါရှိကြပါတယ်။ ထိုအစက်အပြောက်လေးတွေဟာ အသက် (၄) လမှ (၆) လအတွင်း တဖြည်းဖြည်း ပျောက်ကွယ်ပြီးတော့ တဖြည်းဖြည်းအရွယ်ရောက်သည့်ပုံစံကို ပြောင်းလဲသွားကြပါတယ်။ ကြံ့သူတော်လေးတွေဟာ တစ်ကောင်တည်း နေထိုင်တတ်လေ့ ရှိကြပါတယ်။ ညထွက်သတ္တဝါဖြစ်ပြီး နေ့လည်ပိုင်းတွေ မှာတော့ အရိပ်ရတဲ့သစ်ပင်တွေအောက်မှာ အိပ်စက်လေ့ရှိကြပါတယ်။ ရေစိပ်ရတာကို အလွန်ပင်ကြိုက်နှစ်သက်ကြပြီး ရေအာက်မှာဆိုရင်သူတို့ရဲ့ နှာမောင်းကို အသက်ရှူပိုက်လိုအသုံးပြု ကြပါတယ်။ 💁💁
💚💚ကြံ့သူတော်လေးများသည် သဘာဝသစ်တောပတ်ဝန်းကျင်ကောင်းမွန်တဲ့နေရာတွေမှာသာ အသက် ရှင်သန်နေထိုင်ကြပါတယ်။ သဘာဝတွင် အနေအထိုင်လျှို့ဝှက်စွာ နေထိုင်တတ်ပြီး သားသတ်လွတ် အသီးအရွက်၊ သစ်ဥ/သစ်ဖု၊ အစေ့ အဆံတို့ကိုသာ စားသုံးသည့်အတွက် သဘာဝ တောများကို ပြန်လည်ရှင်သန် ဖြစ်ထွန်းစေနိုင်သည့်အပြင် သဘာဝတောများ ၏အရည်အသွေးကိုလည်းပြသသည့် သင်္ကေတ မျိုးစိတ်တစ်မျိုးဖြစ်ပြီး သစ်တော၏ မြေဆီ/မြေသြဇာ လွှာကောင်းမွန်စေရန် ပြန်လည်ဖြည့်တင်း ပေးနိုင်သည့်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကကျသည့်မျိုးစိတ် (Keystone Species) မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ် ။🙆🙆
💁💚ထိုကဲ့သို့ သဘာဝဂေဟကိုစနစ်ဟန်ချက်ညီစေရန် သဘာဝသစ်တောများရေရှည်တည်တံ့စေရန် များစွာအထောက်အကူပြုပေးနေသော ထူခြားဆန်းပြားပြီး လူသိအရမ်းနည်းသည့် မလေးကြံ့ သူတော်များ၏ နေထိုင်ရာဒေသ များဆုံးရှုံးလာခြင်း၊ အလွန်အကျွံအမဲလိုက်ခံရခြင်း တို့ကြောင့် ကြံ့သူတော်လေးများသည် မျိုုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့လာရပါသဖြင့် ကမ္ဘာ့သဘာဝ ပတ်ဝန်း ကျင်းထိန်းသိမ်းရေးအဖွဲကြီး(IUCN) မှ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် Endangered (EN) မျိုးစိတ်စာရင်းတွင်ထည့်သွင်း ကာကွယ်စောင့်ရှောက်ထားရှိပြီး မြန်မာနိုင်ငံတွင်လည်း ကာကွယ်သင့်သည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်စာရင်းတွင် ထည့်သွင်းကာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားခြင်း ဖြစ်ပါတယ် ။ 🥰✨
👉သဘာဝပတ်ဝန်းကျင်ရှင်သန်ရပ်တည်နိုင်ရေးအတွက် များစွာအထောက်အကူပြုပေးပါသော ကြံ့သူတော်လေးများအား မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ အတူတကွ ကာကွယ်စောင့်ရှောက်ရန် နှင့် တန်ဖိုးထားတတ်စေရန်အတွက် မှတ်တမ်းတင် ဂုဏ်ပြုရေးသားလိုက်ရပါတယ်။ အလွန်ချစ်စဖွယ်ကောင်းသော ကြံ့သူတော်လေးများကို လူအများ ကြည့်ရှု့ လေ့လာနိုင်စေရန်အတွက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ဂရုတစိုက်ဖြင့်ထိန်းသိမ်း မွေးမြူထားပါသဖြင့် လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။🙇♀️💚✨
-------------------------------------------------
Every year on April 27th, nature lovers around the world celebrate World Tapir Day. The purpose of this celebration, which began in 2008, is to raise awareness about the threats facing tapirs, adorable and unique animals that are currently endangered. This day is dedicated to educational and awareness activities focused on the conservation of tapirs.
Tapirs are herbivorous mammals that live in Central and South America as well as Southeast Asia. With their rounded bodies and short snouts, they resemble pigs, although they are actually a distinct species. One of their most unique features is their prehensile snout, which they use to grab and eat leaves and fruits.
There are four species of tapirs in the world. In Myanmar, the Malayan tapir is the only species found, and it is also the largest among them. They inhabit the southern forests of Myanmar, especially in the Tanintharyi region and along the Thai-Myanmar border.
Malayan tapirs have black legs and front bodies, while the middle part of their bodies is white, creating a stark contrast of colors. At birth, they are reddish-brown or black with white spots and stripes. These markings fade gradually by the time they are four to six months old, transforming into the adult coloration. Tapirs are solitary animals, active mostly at night (nocturnal), and during the day, they rest under the shady trees. They love water and are excellent swimmers. When in the water, they use their snouts like snorkels for breathing.
Tapirs thrive only in healthy natural forest environments. Because they are herbivores that consume fruits, seeds, and leaves, they play a vital role in forest regeneration and maintaining biodiversity. They are considered a keystone species, meaning their presence helps sustain the entire ecosystem. By dispersing seeds and enriching the soil, they contribute to the health and sustainability of forests.
Despite their importance, these rare and fascinating animals are under threat due to habitat loss and excessive hunting. The International Union for Conservation of Nature (IUCN) has listed the Malayan tapir as Endangered (EN). In Myanmar, it is also protected under the list of completely protected wild animals. At the Yangon Zoo, Malayan tapirs are conserved and displayed to the public for educational purposes and to promote awareness.
On this World Tapir Day, this tribute is written to help raise public awareness about the threats facing tapirs and to encourage people to value and protect these unique creatures.
#worldtapirday #yangonzoo
Copyright 2018, All rights reserved.