🐅💚တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) မှာ ရန်ကုန်သားလေး တစ်ကောင် ထပ်တိုးလာပါပြီ ။ 🥰🥰 – Yangon Zoo

🐅💚တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) မှာ ရန်ကုန်သားလေး တစ်ကောင် ထပ်တိုးလာပါပြီ ။ 🥰🥰

 

✌️✨အချိန်ကာလအားဖြင့် ၂၀၂၂ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) ထံကို ကျားသစ်အထီးလေး ဘရပ်စ် နဲ့ ကျားသစ်မလေး ရွှင်ရွှင် လို့ နာမည်ရတဲ့ ကျားသစ်ပေါက်လေး နှစ်ကောင်ဟာ စတင်ပြီး ရောက်ရှိ ခဲ့ကြပါတယ်။ ကျားသစ်ပေါက်လေး နှစ်ကောင် ရောက်ရှိချိန်မှ စတင်၍ တိရစ္တာန်ဥယျာဉ် (ရန်ကုန် ) ၏ မိသားစုဝင်တွေ ဟာ ရည်ရွယ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ပါတယ် ။ အဲ့တာကတော့ ကျားသစ်ပေါက်လေး နှစ်ကောင်ကို အကောင်းဆုံး ပြုစု ပျိုးထောင် ပြီး ကျားသစ်မျိုးစိတ်ကို မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် နှင့် မျိုးဆက်ပြန့်ပွားရေးအစီအစဉ်တွင် အကောင်းဆုံး ဆောင်ရွက်သွားရန်ပဲ ဖြစ်ပါတယ်။🥰🥰

 

🐅💚တိရစ္ဆာန်ဥယျာဉ် (ရန်ကုန် ) ၏ ကောင်းမွန်သော ပြုစုစောင့်ရှောက်မှုများအောက်တွင် ဘရပ်စ် နှင့် ရွှင်ရွှင်တို့ဟာ ကျန်းကျန်း မာမာ ပျော်ပျ်ောရွှင်ရွှင်ဖြင့် ကြီးပြင်းလာပြီး အရွယ်ရောက်ချိန် မိတ်လိုက်သည့် ကာလများကိုလည်း ကျော်ဖြတ်ခဲ့ကြပါသည် ။ ပထမဆုံး ကျားသစ်မလေး ရွင်ရွင် ဆီမှာ ကိုယ်ဝန်ရလာချိန်တွင် တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) ၏ မိသားစုဝင်တွေ အားလုံးဟာ ဝမ်းပန်းတသာဖြစ်ကြရပေမဲ့ မမျှော်လင့်ပဲ သားလျောခဲ့တဲ့အတွက် စိတ်ဓါတ်တွေကျ ဝမ်းနည်းခဲ့ရပါတယ် ။ 😪😪

 

🥰🥰ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတွေကို အမြဲရနေသော သူတို့လေးတွေဟာ ပြန်လည် ကျန်းမာလာသည့် အခါတွင် တဖန်မိတ်လိုက်ပြီး အောင်မြင်တဲ့ လက္ခဏာတွေကို မြင်တွေ့ လာချိန် မှာတော့ အသေးစိတ် CCTV record တွေနဲ့ စောင့်ကြည့်ပြုစုခဲ့ကြသလို Restricted Area အဖြစ် သေချာသတ်မှတ်ထားပြီး သူတို့လေးအတွက် Stress မဖြစ်ပေါ်စေဖို့အထိ ကြိုးစားခဲ့မှုတို့ကြောင့် ဘရပ်စ် (အထီး) နှင့် ရွှင်ရွင် (အမ) တို့မှ (၂၂.၆.၂၀၂၅) ရက်နေ့ ည (၇း၀၀) မှာ ရည်ရွယ်ချက်ထားခဲ့သလို ကျားသစ်ပေါက်ငယ်လေး တစ်ကောင်ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၌ အောင်အောင် မြင်မြင် မွေးဖွားခဲ့ပါတယ် ။ 👏👏

 

👉ကမ္ဘာပေါ်တွင် ကျားသစ်မျိုးစိတ်ကွဲ (၉) မျိုးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင်ကျက်စားတဲ့ ကျားသစ်မျိုးစိတ်ကတော့ Indochinese leopard (Panthera pardus delacouri ) မျိုးစိတ်ပဲဖြစ်ပါတယ်။ IUCN - International Union for Conservation of Nature ကထုတ်ပြန်ထားတဲ့ Red List အရ Indochinese Leopard မျိုးစိတ်သည် Critically Endangered (CR) မျိုးသုဉ်းဖို့ အလွန်နီးကပ်နေသော မျိုးစိတ်ပဲဖြစ်ပါတယ်။ ယခုလိုအရေးတကြီးထိန်းသိမ်းသင့်တဲ့ မျိုးစိတ်တစ်ခုဟာ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သမိုင်းမှာ ဖြစ်ပေါ်လာခဲ့ခြင်းသည် တိရစ္ဆာန်ဥယျာဉ်များရဲ့ မျှော်လင့်ထားတဲ့ ရည်ရွယ်ချက် အနာဂတ်လေးတစ်ခုလည်း ဖြစ်ပါတယ် ။ 👈💚

 

🥳🥳ဒီလို ပျော်စရာကောင်းတဲ့ အခိုက်တန့်လေးကို သတင်းကောင်းအနေနဲ့ မျှဝေပြီး လက်တွေ့ မြင်တွေ့ လိုသူတွေ အနေနဲ့လည်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန် ) တွင် ကျားသစ်ပေါက်ငယ်လေးကို လာရောက် တွေ့ဆုံ နှုတ်ဆက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။🙆🙆

 

#newbornleopard 

#YangonZoo

Copyright 2018, All rights reserved.