သားရေခွာရုပ်လုပ်သွင်းပညာရပ် လေ့လာချင်သူများအတွက် တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်ခန့်အ ထိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တက္ကသိုလ်များမှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် အခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှလည်း နှစ်စဉ်လာရောက် လေ့လာသင်ကြားလျှက်ရှိပါသည်။ သင်တန်း ကြာမြင့်ချိန်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ရုပ်လုံးသွင်းဌာန၊ ရုပ်လုုံးသွင်းပညာရှင် ဦးဘော်သန်းမှ စာတွေ့/ လက်တွေ့ သင်ကြားပေးလျှက်ရှိပါသည်။
Copyright 2018, All rights reserved.