မေးလေ့ရှိသောမေးခွန်များ – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

မေးလေ့ရှိသောမေးခွန်များ

ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသောဝင်ပေါက်ရှိပါသလား။

ရပါတယ်။မသန်စွမ်းသူများအားနွေးထွေးစွာကြိုဆိုပါတယ်။

မြန်မာကျပ်ငွေတစ်ခုတည်းဖြင့်သာဝင်ကြေးကိုလက်ခံပါသလား။

ဒေါ်လာရောမြန်မာငွေပါ လက်ခံပါတယ်။

ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည်နေရာရှိပါသလား။

လူမျိုးဘာသာမရွေးစာသုံးလို့ရအောင် စီစဉ်ပေးထားသောစားသောက်ဆိုင်များဆင်ရုံနားမှာရှိပါတယ်။

အခြားကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အုပ်စုလိုက်ဝင်ချင်ပါကမည်သို့ဆောင်ရွက်ရမည်နည်း။

အုပ်စုလိုက်ဝင်ခွင့်အတွက် ကြိုတင်၍ ဖောင်လျှောက်ထားသူများအတွက်ရပါတယ်။

ဥယျာဉ်အတွင်းလှည့်ပတ်ကြည့်ရှုရန် စီးစရာများဘိုကင်ကြိုလုပ်ရန်လိုပါသလား။

မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာမိမိကြိုက်နှစ်သက် အဆင်ပြေရာစက်ဘီး ၊ ဘက်ဂီကားများငှားစီးနိုင်ပါတယ်။

ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။

ဥယျာဉ်အနီးအနားမှာ ရွှေတိဂုံစေတီ ၊ ကန်တော်ကြီးဥယျာဉ် ၊အောင်ဆန်းကွင် ၊ ရန်ကုန်ဘူတာကြီးတို့ရှိပါတယ်။

အလှူငွေများပါဝင်လှူဒါန်းလို့ရပါသလား။

အလှူငွေများပါဝင်လှူဒါန်းလိုပါကနွေးထွေးစွာကြိုဆိုပါတယ်။လက်မှတ်အရောင်းကောင်းတာတွင် အသေးစိတ်မေးမြန်နိုင်ပါတယ်။

တောရိုင်းတိရစ္ဆာန်များကိုလည်းဆက်သွယ်လှူဒါန်းလို့ရပါသလား။

ရပါတယ်။ ဖုန်းဖြင့်ဆက်သွယ်၍ အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။

အခြားအဖိုးအခများမပါသေးပါ။ အခြားအဖိုးအခများအားသက်ဆိုင်ရာနေရာအလိုက်တွင် ကောက်ခံပါသည်။

ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် ဆင်ပြတိုက်အတွက်ဝင်ကြေးလက်မှတ်ခပါဝင်ပါသလား။

မပါဝင်ပါ၊ဆင်ပြတိုက်လက်မှတ်ခအားဆင်ပြတိုက်သို့ဝင်မှသာထိုပြတိုက်အဝင်တွင် ကောက်ခံပါသည်။

ပြင်ပမှာ တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလို့ရပါသလား။

တိရစ္ဆာန်အစားအစာများကြွေးမွေးလှူဒါန်းလိုပါက တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ထိန်းသိမ်းရေးနှင့်  ဆေးကုသရေးဌာန၏ စစ်ဆေးခွင့်ပြုချက်ရရှိပါက ကြွေးမွေးလှူးဒါန်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Copyright 2018, All rights reserved.