ဒီနေ့ (၂၄.၅.၂၀၂၀)ရက်နေ့သည် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏မင်္ဂလာရှိသော နံနက်ခင်းလေးဆို မမှားပါဘူး။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ထိန်းသိမ်းစောင့်လျှောက် မွေးမြူပြသထားတဲ့ Gnu (ဆတ်ကျွဲ)မလေးတစ်ကောင်ဟာ ဇီးလွယ်ကာလ ၈လကျော်ခန့်ပြီးသည့်နောက် ချစ်စရာ ဆတ်ကျွဲပေါက်ချောချောလေး တစ်ကောင်ကို အောင်မြင်စွာ...
တိရစ္ဆာန် ချစ်သူများအတွက် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကြီးက တိရစ္ဆာန်လေးတွေကို လာရောက် အစာကျွေးနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်ချစ်သူတွေနဲ့ တိရစ္ဆာန်လေးတွေတွေ့ဆုံနိုင်ဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။ လာရောက် အစာကျွေးသူတွေ အနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားတဲ့...
ပထမဦးဆုံးအကြိမ်အနေဖြင့် ပြုလုပ်သော Animals Adoption Program တွင် တိရစ္ဆာန်လေးတွေအပေါ်မှာ မေတ္တာထားလို့ ပူးပေါင်းပါဝင် ပေးကြသူများ ကိုအထူးပင် ကျေးဇူးတင်ရှိပါတယ်။
ဒီနေ့ကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အချစ်တော် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က ဆင်ဘွားဘွား မိုမိုရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာတော့ မိုမိုမွေးနေ့ကို ခါတိုင်းနှစ်များလို ပရိသတ်များနဲ့ ပျော်ပွဲရွှင်ပွဲများ၊ ဂိမ်းများ၊ ဖျော်ဖြေပွဲများနဲ့ မကျင်းပဖြစ်ပေမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တာဝန်ရှိသူများ၊ ဝန်ထမ်းများ ပူးပေါင်းပြီး မိုမိုမွေးနေ့ပွဲလေးကို...
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ရဲ့ ချစ်စရာတိရစ္ဆာန်လေးတွေအတွက် ယခုအချိန်ထိ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းပေးခဲ့ကြတဲ့ တိရစ္ဆာန်ချစ်သူများအားလုံးကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။ တိရစ္ဆာန်ချစ်သူများအနေနဲ့ ချစ်စရာတိရစ္ဆာန်လေးတွေအတွက် အစာလှူဒါန်းတဲ့အခါမှာ လှူဒါန်းမှုအဆင်ပြေစေရန် OnePay mobile app ကနေ မိမိတို့ တတ်နိုင်သလောက် လွယ်ကူစွာ...
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ပြန်မဖွင့်သေးပေမယ့် တိရစ္ဆာန်ချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ လာရောက် အစာကျွေးခွင့်ရမယ့် Feeding Tour လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Feeding Tour လေးကတော့ တစ်ရက်ကို ၄ ဖွဲ့ လာရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပြီး တစ်ဖွဲ့ကို အများဆုံး...
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က ချစ်စရာတိရစ္ဆာန်လေးတွေကို လွမ်းနေကြပြီလား တိရစ္ဆာန်ချစ်သူများ စောင့်မျှော်နေကြတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကို မကြာမီကာလအတွင်းမှာပဲ ကျန်းမာရေး လမ်းညွှန်ချက် များနဲ့အညီ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဘယ်သူ့ကို အလွမ်းဆုံးလဲဆိုတာ ပြောပြသွားပါဦး။
မိုမိုနဲ့တွေ့ဖို့ မစောင့်နိုင်ဖြစ်နေပြီလား …🐘 ဒါဆိုရင်တော့ မိုမိုကို လွမ်းနေတဲ့ မိုမို့ချစ်သူတွေအနေနဲ့ မိုမိုနဲ့တွေ့ပြီး အစာကျွေးခွင့်ရမယ့် “Meet with Mo Mo Tour” အထူးအစီအစဥ်ကောင်းလေးရှိနေပါတယ်။ Meet with Mo Mo Tour...
Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.