ကျောင်းပြင်ပလေ့လာရေးအနေဖြင့် လာရောက်လေ့လာလိုသော ကျောင်းများအနေဖြင့် (၂)ရက်ကြိုတင်၍ ဖောင်တင်ထားခြင်းဖြင့် Discount များကိုရယူနိုင်ပါတယ်။ ကျောင်းအဖွဲ့များအနေဖြင့် ကြိုတင်၍အကြောင်းကြားလိုပါက BOOK a LEARNING ကိုနှိပ်ပြီး ဖောင်ဖြည့်လိုက်ပါ။ ဒါမှမဟုတ် ဖုန်းနံပတ် ၀၉၉၅၃၄၇၇၇၆၄ သို့မဟုတ် education@ygnzoo.com ကို မေးလ်ပို့၍ လည်းဆက်သွယ်နိုင်ပါတယ်။
သားရေခွာရုပ်လုပ်သွင်းပညာရပ် လေ့လာချင်သူများအတွက် တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်ခန့်အ ထိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တက္ကသိုလ်များမှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် အခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှလည်း နှစ်စဉ်လာရောက် လေ့လာသင်ကြားလျှက်ရှိပါသည်။ သင်တန်း ကြာမြင့်ချိန်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ရုပ်လုံးသွင်းဌာန၊ ရုပ်လုုံးသွင်းပညာရှင် ဦးဘော်သန်းမှ စာတွေ့/ လက်တွေ့ သင်ကြားပေးလျှက်ရှိပါသည်။
Internship Program, Volunteer Program, Research Program, များကို Htoo Zoos and Gardens Business Unit ပညာပေးဌာန၊ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) တို့နှင့် ဆက်သွယ်၍ လာရောက်လေ့လာနိုင်ပါတယ်။ Internship Programs, Volunteer Program များအတွက် အချိန်ကာလအားဖြင့် ( ၃ ) လခန့် လေ့လာရမည် ဖြစ်ပြီး လေ့လာခြင်းပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ် ချီမြှင့်ပေးအပ််မည်ဖြစ်ပြီး တက္ကသိုလ်အသီးသီးမှ ဘွဲ့လွန် သုတေသနစာတမ်း၊ မဟာဘွဲ့အတွက် သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအတွက်လည်း လိုအပ်သော အချက်အလက်များနှင့် ပံ့ပိုးကူညီမှုုများ ဆောင်ရွက်ပေးလျှက် ရှိသည့်အပြင် တောရိုင်းတိရစ္ဆာန်နှင့်...
မျိုးသုန်း ပျောက်ကွယ်တော့မည် တောရိုင်းတိရစ္ဆာန်များအား ထိန်သိမ်းစောင့်ရှောက်ထားသည့်အပြင် မျိုးဆက်ပြန့်ပွားရေး အတွက်လည်း သားဖောက်မျိုးပွားခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ ဒေသရင်းမျိုးစိတ်များ ဖြစ်သော မြန်မာ့ကြယ်လိပ်နှင့် တိုက်လိပ်များကို အောင်မြင်စွာ သားဖောက် မွေးမြူထိန်းသိမ်းလျှက်ရှိပြီး အခြားမျိုးသုဉ်းရန် အန္တရာယ်ကျရောက် နေသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သော ကြောင်တံငါ ၊ ဘင်္ဂလားကျား ၊ အောက်ချင်းငှက်၊ အောင်လောင်ငှက် အစရှိသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ သားဖောက်မွေးမြူထိန်းသိမ်း စောင့်ရှောက်လျှက်ရှိပါသည်။
တိရစ္ဆာန်ချစ်သူများအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကြီးမှာ တိရစ္ဆာန်လေးတွေကို အစာလာကျွေးနိုင်ဖို့ စီစဉ်ထားပါတယ်။ အစာကျွေးမယ့် အစီအစဉ်ကို တစ်ရက် (၂) ဖွဲ့ ခွင့်ပြုပေးထားပြီး နံနက်ပိုင်း (၁) ဖွဲ့၊ နေ့လည်ပိုင်း (၁) ဖွဲ့ ဖြစ်ကာ တစ်ဖွဲ့ကို လူဦးရေ ၅ ယောက် မှ ၇ ယောက် သတ်မှတ်ပေးထားပါတယ်။ နံနက်ပိုင်း အစာကျွေးမယ့်အဖွဲ့က နံနက် ၈:၃၀ မှ ၉:၀၀ အချိန်အတွင်း၊ နေ့လည်ပိုင်းအဖွဲ့က နေ့လည် ၂:၀၀ မှ ၂:၃၀ အချိန်အတွင်း တိရစ္ဆာန်ဥယျာဉ်ကို အရောက်လာပေးဖို့ လိုအပ်ပါတယ်။ အစာကျွေးမယ့် ကုသိုလ်ရှင်များအနေနဲ့ ပြင်ပအစာအစားများ...
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ရဲ့ “Animals Adoption” အစီအစဥ်ကို စိတ်ဝင်တစား မေးမြန်းလာကြတဲ့ တိရစ္ဆာန်ချစ်သူများ အားလုံးကို Yangon Zoo မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။ Animals Adoption” အစီအစဥ်မှရရှိလာတဲ့ ရံပုံငွေများကို တိရစ္ဆာန်လေးများအစာအဟာရအတွက်သာမက အသိပညာပေးရေးနှင့်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဥ်များအတွက်ပါ အကျိုးရှိစေပါတယ်။ ကူညီထိန်းသိမ်းလို့ရမယ့် အကောင်လေးတွေရဲ့ တစ်ကောင်ချင်းစီအကြောင်းကို အောက်ကပုံလေး တွေမှာ အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ဒီအစီအစဥ်လေးကို စိတ်ဝင်စားပါက ဖုန်းနံပါတ် 09682011170 သို့မဟုတ် marketing@htoozng.com ကို ရုံးချိန်အတွင်းမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်.
Copyright 2018, All rights reserved.