မိမိတို့အကြောင်း – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

မိမိတို့အကြောင်း

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကြီးကို  ၁၉၀၁ ခုနှစ် တွင် ပြည်သူလူထုထံမှ ကောက်ခံရရှိခဲ့သောအလှူငွေ ၂၄၀၀၀၀ိ/-နှင့် ကန်တော်ကြီးအနီးရှိမြေရိုင်း (၆၁) ဧကကို ရှင်းလင်းပြီး စတင်တည်ထောင်ခဲ့ပါတယ်။ တိရစ္ဆာန်ဥယျာဉ်မတိုင်မီ ၁၈၈၂ ခုနှစ်၌ ယခုရန်ကုန်ပြည်သူ့ဆေးရုံကြီးမြေနေရာတွင် တောရိုင်းတိရစ္ဆာန်များကို လှောင်အိမ်ငယ်များနှင့် ပြသခဲ့သော ဖယ်ရာပြတိုက် အနေဖြင့်ပြသခဲ့ပါတယ် ။ ၅ နှစ်အကြာ ၁၉၀၆ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့တွင် ၀ိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံ ( Victoria Memorial Park ) ဟု ကမ္ဗည်းတပ်ခါ နောင်တစ်ချိန်တွင် ပဥ္စမမြောက် ဂျော့ဘုရင်နှင့်မေရီမိဖုရားကြီးဖြစ်လာမည့် အင်္ဂလန်ပြည် ဝေလမင်းသားနှင့်မင်းသမီးတို့က အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထိုစဉ်အခါကသီပေါမင်းတရားကြီး၏ ဆင်ဖြူတော်သည်လည်း တိရစ္ဆာန်ဥယျာဉ်တွင်ရှိခဲ့သည် ဟုမှတ်တမ်းများဆိုပါတယ်။ ၁၉၆၆ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ်နှင့် သဘာဝသမိုင်းပြတိုက်ကိုပါ တွဲ၍ ဖွင့်လှစ်ပြသခဲ့ပြီး ဥယျာဉ်၏ တစ်စိတ်တစ်ဒေသအဖြင့် ပါဝင်ခဲ့ပါတယ်။

Copyright 2018, All rights reserved.