ဒီနေ့ (၂၄.၅.၂၀၂၀)ရက်နေ့သည် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏မင်္ဂလာရှိသော နံနက်ခင်းလေးဆို မမှားပါဘူး။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ထိန်းသိမ်းစောင့်လျှောက် မွေးမြူပြသထားတဲ့ Gnu (ဆတ်ကျွဲ)မလေးတစ်ကောင်ဟာ ဇီးလွယ်ကာလ ၈လကျော်ခန့်ပြီးသည့်နောက် ချစ်စရာ ဆတ်ကျွဲပေါက်ချောချောလေး တစ်ကောင်ကို အောင်မြင်စွာ မွေးဖွားသန့်စင် နိုင်ခဲ့ပါတယ်... ဆတ်ကျွဲပေါက်လေးတွေဟာ မွေးပြီးပြီးချင် မိနစ်ပိုင်းအတွင်းမှာပဲ လမ်းလျှောက်နိုင်ကြပါတယ်။ ယခုအချိန်ထိ ကလေးလေးရောမိခင်ပါ ကျန်းမာလျှက်ရှိနေပါတယ်။ ဥယျာဉ်ကြီး ပြန်လည်ဖွင့်လှစ်သည့် အခါတွင်လည်း ဆတ်ကျွဲလေးကို လာရောက်ကြည်ရှု့ဖို့ဖိတ်ခေါ်ပါတယ်။

Copyright 2018, All rights reserved.