သဘာဝတောတွင်း၌ အသက် (၂၅) နှစ်အထိ နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့်နေရာများတွင် အသက် (၃၃) နှစ်အထိ နေထိုင်နိုင်ပါသည်
အစုံစားသတ္တဝါဖြစ်ပြီး သစ်သီးများ၊ အမြစ်များ၊ သစ်ခေါက်များ နှင့်ဥများ၊ သေးငယ်သော ကျောရိုး မဲ့သတ္တဝါများ၊ ကျောရိုးရှိ သတ္တဝါများနှင့် အသေကောင်အသားများကို စားလေ့ရှိပါသည်။
အပူပိုင်းနှင့် အပူပိုင်းလျော့ပိုင်း သစ်တောများ၊ သမပိုင်းသစ်တောများနှင့် တောင်တန်းဒေသများတွင် တွေ့ရှိရပါသည်။
ပါကစ္စတန်မြောက်ပိုင်း၊ အာဖဂန်နစ္စတန်တောင်ပိုင်း၊ ဟိမဝန္တာ တောင်တန်း၏အရှေ့ဘက်၊ဗီယက်နမ်မြောက်ပိုင်း၊တရုတ်တောင်ပိုင်း၊ထိုင်းနှင့် မြန်မာနိုင်ငံ သဘာဝတောများတွင်တွေ့ရှိရပါသည်။
ခန္ဓာကိုယ်ကြီးမားပြီးခြေလက်များသည်တုတ်ခိုင်သန်မာ၍ကြီးမား ကျယ်ပြန့်သော လက်ဖဝါး၊ခြေဖဝါးများပါရှိပြီး ရှည်လျှားပြီး ထူထဲ သောအမွေးများအောက်တွင် မထင်ရှားသော အမြီးတိုလေးပါရှိ သည်။ ရင်ဘတ်ပေါ်တွင် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန်(V) အမှတ် အသားသည်လက်မောင်းရင်းထိပါရှိပါသည်။ နှုတ်သီးတွင်ရှိသော အဖြူရောင်အမွေးများသည် မျက်ဝန်းနား တစ်ဝိုက်အထိပေါက် ရောက်တတ်ပါသည်။
ဟိမဝန္တာဝက်ဝံများကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါသည်။