ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောထဲတွင် ၃၅နှစ်မှ ၄၀နှစ် အထိ နေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ထားသည့် နေရာများတွင်(၆၀)နှစ်ခန့် အထိရှင်သန်နေထိုင်နိုင်ပါသည်။

အစားအစာ

အသီးအရွက်များကိုသာစားသုံးပြီး အရွက်၊ အစေ့၊ပန်း၊ အပင်အတွင်းပိုင်း၊ မျှစ်များတို့ကိုလည်း စားလေ့ရှိပါသည်။

နေထိုင်ရာ

ဘော်နီယိုအော်တန်အူတန်များကို အပူပိုင်းဒေသရှိ ဘိုနီယိုကျွန်း (အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း) တို့တွင် နေထိုင်ကြပြီး အနိမ့်ပိုင်း အပူပိုင်းမုတ်သုန်သစ်တောများ၊ ရွှံ့နွံတောများ၊ တောင်တန်းသစ်တောများတွင်လည်း တွေ့နိုင်ပါသည်။

နေထိုင်ဒေသ

"အရှေ့တောင်အာရှရှိအင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် အဓိကနေထိုင် ကျက်စားကြပါသည်။ အပူပိုင်းမုတ်သုန်သစ်တောများ၊ ရွှံ့နွံတောများနှင့် ပေ ၄၉၀၀ ကျော်မြင့်သောတောင်တန်းဒေသများတွင်လည်းတွေ့ရှိရပါသည်။"

ဘော်နီယိုအော်ရန်အူတန်

အမည် ဘော်နီယိုအော်ရန်အူတန်
သိပ္ပံအမည် Pongo pygmaeus
အလျား ခန္ဓာကိယ်အမြင့် အမများမှာ(၁.၀-၁.၂) မီတာ၊ အထီးများမှာ(၁.၂-၁.၅)မီတာ
အလေးချိန် အမများမှာ(၃၀-၅၀) ကီလိုဂရမ်ရှိပြီး အထီးများမှာ(၅၀-၁၀၀)ကီလိုဂရမ်ခန့်ရှိပါသည်။
အထီး အရွယ်ရောက်အသက် အထီးများမှာ(၁၅-၂၀)နှစ်တွင်အရွယ်ရောက်ကြပါသည်။
အမ အရွယ်ရောက်အသက် အမများမှာ(၁၀-၁၅) နှစ်ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်ကာလမှာ (၈ လမှ ၁၀လ) ခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် အများအားဖြင့် တစ်ကောင်သာမွေးဖွားလေ့ရှိပါသည်။
မူရင်းဒေသ အရှေ့တောင်အာရှဒေသ ဘော်နီယိုကျွန်း

ထူးခြားချက်များ

ထူထဲပြီးရှည်လျားသောအနီရင့်ရောင်(သို့မဟုတ်)နီညိုရောင်အမွေးများပါရှိသည်။မျက်နှာနှင့်လက်ဖဝါး၊ ခြေဖဝါး များမှာအမည်းရောင်(သို့မဟုတ်)မီးခိုးရောင်ဖြစ်ပြီးအမွေးမပါရှိပါ။လက်များသည်ခြေထောက်များထက်ပိုမိုရှည်လျားပါသည်။ လူကဲ့သို့ လက်မ ပါရှိပြီးသစ်ကိုင်းများကိုဆုပ်ကိုင်နိုင်ပြီးခြေဖဝါးများသည်လည်းလက်ကဲ့သို့ အရာဝတ္ထုများကို ဆုပ်ကိုင်နိုင်စွမ်းရှိပါသည်။အထီးများသည်အမများထက်အရွယ်အစားနှစ်ဆ ခန့်ပိုမို ကြီးမား ပါသည်။အထီးများမှာ အရွယ်အစား ပိုမိုကြီးမား၍ ပါးပြင်တွင် ပါးစောင်အိတ်များ ပါရှိကြပါသည်။ အမများမှာ အရွယ်အစားသေးငယ်၍ပါးပြင်တွင် ပါးစောင်အိတ်များ မပါရှိကြပါ။

မှတ်ချက်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN-  Red List)  တွင်Critically Endangered (CR) ဟုဖော်ပြထားပြီး မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ် အဖြစ်ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။
မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်