(၅၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။
အဓိကအားဖြင့် အသီးအနှံများကို စားသုံးလေ့ရှိပြီး အထူးသဖြင့် ညောင်သီးများကို စားသုံးကြသော်လည်း ရံဖန်ရံခါတွင် တိရစ္ဆာန်ငယ်လေးများ၊ အင်းဆက်ပိုးမွှားများ၊ ပုတ်သင်ညိုများ၊ ငှက်များနှင့် ဥများကိုလည်း စားသုံးတတ်ကြသည်။
အောင်လောင်ငှက်တို့သည် အပူပိုင်းနှင့် အပူလျော့ပိုင်းရှိ ထူထပ်သော တောအုပ်များ၊ အထူးသဖြင့် တောင်ကုန်းတောင်တန်း ဒေသများရှိ အမြဲစိမ်းတောနှင့် ရွက်ကြွေတောများတွင် ကျက်စားလေ့ရှိကြသည်။ ၎င်းတို့သည် အသိုက်ပြုလုပ်ရန်အတွက် သစ်ပင်ကြီးများ ပေါများ၍ အစားအစာပေါများသည့် သစ်ပင်များရှိရာ ဒေသများတွင် နေထိုင်ကျက်စားကြပါသည်။
အောင်လောင်ငှက်များကို အရှေ့တောင်အာရှနိုင်ငံများတွင်တွေ့ရပြီး အရှေ့အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ ထိုင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ (ဆူမားတြားနှင့်ဘော်နီယို) တို့တွင် နေထိုင်ကျက်စားကြပါသည်။ ပေ (၄၀၀၀) ထိမြင့်သော တောင်ပေါ်သစ်တောများတွင်လည်း တွေ့ရပါသည်။
အထီးများ၏မျက်လုံးသည် အနီရောင်ရှိတတ်ပြီး အမများ၏မျက်လုံးမှာ အဖြူရောင် (သို့) ဝါဖျော့ဖျော့ရောင်ရှိတတ်ပါသည်။ ဦးခေါင်းထက်ရှိ အမောက်နောက်တွင် အထီးများသည် အနက်ရောင်ဖြစ်ပြီး အမများမှာ အနီရောင်ရှိတတ်ပါသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါ သည်။