သဘာဝထဲတွင် ၂၀ နှစ်ထိ အသက်ရှင် နေထိုင်နိုင်ပြီး ထိန်းသိမ်း စောင့်ရှောက် ထားသည့် နေရာများတွင်အသက် (၂၅-၃၀) နှစ်ခန့် ထိ အသက်ရှင် နေထိုင်ကြပါသည်။
သစ်သီးများ၊ အစေ့အဆန်များ၊ အမြစ်များ၊ သစ်ဥသစ်ဖုများ၊ အရွက်များ၊ မှိုများ၊ အင်းဆက်များ၊ ပုရွက်ဆိတ်များ၊ ခြများ၊ ခရုများ၊ တွားသွားသတ္တဝါငယ်များနှင့် ကုန်းနေရေနေသတ္တဝါငယ်များအပြင် တစ်ခါတစ်ရံတွင် ငှက်ဥများနှင့် အခြားကျောရိုးရှိသတ္တဝါငယ်များကို စားသုံးကြသည်။
အပူပိုင်း မိုးသစ်တောများနှင့် ထူထပ်သော secondary သစ်တောများတွင် နေထိုင်ကြပြီး၊ ချုံပုတ်ထူထပ်သော နေရာများနှင့် သစ်တောအစပ်များတွင် ကျက်စားနေထိုင်ကြပါသည်။
အာဖရိကတိုက် အီကွေတာဒေသများတွင် နေထိုင်ကြပြီး အဓိကအားဖြင့် ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်း၊ ဂါဘွန်နိုင်ငံ၊ အီကွေတိုးရီးယား ဂီနီနိုင်ငံနှင့် ကွန်ဂိုသမ္မတနိုင်ငံ အနောက်တောင်ပိုင်းတို့တွင် တွေ့ရှိရသည်။
ကမ္ဘာ့အကြီးဆုံး မျောက်မျိုးစိတ်တွေဖြစ်ပြီး အထီးတွေဟာ အမတွေထက် သိသိသာသာ ပိုမိုကြီးမားကြပါတယ်။ သူတို့မှာ သန်မာတဲ့ ခြေလက်အင်္ဂါတွေနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ အမြီးတို၊ ကြီးမားတဲ့ အစွယ်တွေနဲ့ အစာသိုလှောင်ဖို့ ပါးစောင်အိတ်တွေ ရှိကြပါတယ်။ အထီးတွေရဲ့ မျက်နှာနဲ့ တင်ပါးချပ်တစ်ဝိုက်တွင် တောက်ပတဲ့ အပြာရောင်နဲ့ အနီရောင် ရှိပြီး မိတ်လိုက်ချိန်တွေမှာ ပိုမိုတောက်ပ တောက်ပလေ့ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါသည်။