ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | ၃ပေ - ၃ပေခွဲ |
ခန္ဓာကိုယ်အလေးချိန် | ၃၇ ပေါင် - ၇၀ ပေါင် |
အရွယ်ရောက်ချိန် | ၉လ - ၁၁လ |
ကိုယ်ဝန်ဆောင်ကာလ | ၇လ |
မွေးဖွားနှုန်း | ၁ကောင် - ၂ကောင် |
သက်တမ်း | ၄၅ - ၆၀ နှစ်။ |
ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် - မျိုးသုဉ်းမည့် အန္တရာယ်နည်းပါးသေးသော်လည်း ယင်းတို့၏သားရေနှင့် ချုပ်သည့် အဝတ်အထည်များကြောင့် ချေ(ဂျီ) များ၏ အရေအတွက်မှာ သိသိသာသာ လျော့နည်းလာပြီး မကြာမီတွင် မျိုးသုဉ်းမှု့ အန္တရာယ်နှင့်ကြုံတွေ့မည့် အခြေ အနေသို့ရောက်သွားနိုင်သည့်မျိုးစိတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်း အမြစ်များ ထိန်းသိမ်းရေးအဖွဲ့မှ Least Concern -LC မျိုးသုဉ်းရန် အန္တရာယ် နည်းပါသည့်မျိုးစိတ်အဆင့်သတ်မှတ်၍ ထိန်းသိမ်းကာကွယ် ထားပါသည်။
တွေ့ရှိရာဒေသ - မြန်မာ၊ ဘူတန်၊ ကမ္ဘောဒီးယား ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုချိုင်းနား၊ လာအို၊ မလေးရှား၊ နိပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ထိုင်း၊ ဗီယက်နမ်၊ ဂျပန်နှင့် တရုတ်ပြည်တောင်ပိုင်းတို့တွင် တွေ့ရှိရသည်။ မာလာယု ၊ ဆူမားတြား ၊ဂျားဗား နှင့် ဘော်နီယိုကျွန်းများတွင်လည်း တွေ့ရှိရသည်။
သွင်ပြင်လက္ခဏာ - အထီးများတွင် ဦးချိုပါရှိပြီး ဦးချိုသည်တိုပါသည်။ အမများတွင် ဦးချိုမပါရှိပါ။ အထီးများ တွင် ချွန်ထက်သောအစွယ်ပါရှိပြီး တိုက်ခိုက်ရာတွင် အသုံးပြုပါသည်။ အရောင်မှာ နီညို ရောင်ဖြစ်ပြီး မျက်ခုံးမွှေးများမှာ သိသာထင်ရှားပါသည်။
နေထိုင်မှုသဘာဝ - တစ်ကောင်တည်းနေလေ့ရှိပြီး အထီးအမစုံတွဲလည်း တွေ့ရတက်သည်။ အုပ်စုလိုက် မတွေ့ရပါ။ ညပိုင်းတွင် လှည့်လည်ကျက်စားသည်။ ရေရှိသည့် အနီးအနားတွင် တွေ့ရ တက်သည်။ သစ်ဥ၊ သစ်ဖုနှင့် ကြွေကျသောအသီးများကို စားသောက်သည်။ သွားနေကျ လမ်းကြောင်းအတိုင်း အစာရှာထွက်လေ့ရှိသည်။ ထိတ်လန့်လျှင် ကျယ်လောက်စွာ အော်(ဟောက်)တက်၍ Barking Deer ဟုလည်းခေါ်တက်ကြသည်။ မတ်လမှ ဇွန်လ အတွင်း ဦးချိုလဲကြသည်။
အစားအစာ - မြက် ၊ သစ်ရွက်ညွန့်၊ သစ်ကိုင်း ၊သစ်ဥ ၊သစ်ဖု နှင့် ကြွေကျသောအသီးများကို စားသောက် သည်။
Copyright 2018, All rights reserved.