| ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | ၆ပေ - ၈ပေ |
| ခန္ဓာကိုယ်အလေးချိန် | ၅၀၀ ပေါင် - ၆၆၀ ပေါင် |
| အရွယ်ရောက်ချိန် | ၃နှစ် |
| ကိုယ်ဝန်ဆောင်ကာလ | ၁၃လ |
| မွေးဖွားနှုန်း | ၁ကောင် |
| သက်တမ်း | ၃၀နှစ် |
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - ကြံ့သူတော်များသည် သစ်တောများပြုန်းတီးမှု နှင့် အမဲလိုက်ခံရခြင်းများ ယင်းတို့ နေ ထိုင်ကျက်စားရာဒေသများ ပျောက်ကွယ်လာခြင်းတို့ကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင် ဆိုင်ကြုံတွေ့နေရပါသည်။
တွေ့ရှိရာဒေသ - အရှေ့တောင်အာရှ ၊မြန်မာ၊ မလေးရှား၊ မလေးကျွန်းဆွယ်၊ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းနှင့် ဆူမား တြားတို့တွင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်ပိုင်းတွင် တွေ့ ရသည်။
သွင်ပြင်လက္ခဏာ - ကြံ့သူတော်မျိုးစိတ်(၄)မျိုးတွင် အကြီးဆုံးမျိုးစိတ်ဖြစ်သည်။ ခန္ဓာကိုယ်မှာ လုံးဝန်းပြီး ဆင် ကဲ့သို့ နှာမောင်းတိုလေးတစ်ခုပါရှိသည်။ ပုခုံးနောက်မှ တင်ပါးဆုံပိုင်းအထိ အဖြူရောင်ရှိပြီး ကျန်အပိုင်းသည် အမဲရောင်ဖြစ်ပါသည်။ ဤကဲ့သို့ ခန္ဓာကိုယ် အဖြူတစ်ပိုင်း အမဲတစ်ပိုင်း ဖြစ်နေသည်မှာ ညအချိန်တွင် ရန်သူများအလွယ်တကူမမြင်နိုင်စေရန်အတွက် သဘာဝက ဖန်တီးပေးထားသည်ဟု သတ္တဗေဒပညာရှင်များက ယူဆကြပါသည်။ မွေးကင်းစကြံ့သူ တော်လေးများ၏ အရောင်မှာ အညိုရောင်နှင့် အဖြူအစင်းအကွက်များပါရှိပြီး (၄)လမှ (၇)လအရွယ်တွင် အစင်းများပျောက်သွားသည်။ ကြံ့သူတော်များသည် ခွာမစုံသတ္တဝါမျိုး ဖြစ်ပြီးရှေ့ခြေတွင် ခြေချောင်း(၄)ချောင်းနှင့် နောက်ခြေတွင် ခြေချောင်း (၃)ချောင်းပါရှိ ပါသည်။
နေထိုင်မှုသဘာဝ - ညဖက်တွင် အစာရှာထွက်လေ့ရှိပြီး နေ့ဘက်တွင် တောထူထပ်သောနေရာတွင် တိတ် ဆိတ်စွာနေလေ့ရှိသည်။ ကျက်စားရာလမ်းကြောင်းအတိုင်း မြေပြင်ကို နှာခေါင်းဖြင့် မကြာ ခဏ နမ်းရှုပ်လေ့ရှိပြီး အစာရှာဖွေတတ်ပါသည်။ နှာမောင်းကို လက်ချောင်းကဲ့သို့ အသုံးပြုပြီး မြက်များနှင့် သစ်ရွက်များကို အနားသို့ ဆွဲယူကာပါးစပ်ထဲသို့ ထည့်သွင်းစားသောက် လေ့ရှိပါသည်။
အစားအစာ - မြက် ၊သစ်ရွက်များ ၊ရေတွင်ပေါက်သောအပင်များနှင့် သစ်ပင် ချုံနွယ်များ၏ သေးငယ် သော အကိုင်းအခက်များကို စားသောက်လေ့ရှိပါသည်။
Copyright 2018, All rights reserved.