ဒီနေ့ကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အချစ်တော် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က ဆင်ဘွားဘွား မိုမိုရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာတော့ မိုမိုမွေးနေ့ကို ခါတိုင်းနှစ်များလို ပရိသတ်များနဲ့ ပျော်ပွဲရွှင်ပွဲများ၊ ဂိမ်းများ၊ ဖျော်ဖြေပွဲများနဲ့ မကျင်းပဖြစ်ပေမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တာဝန်ရှိသူများ၊ ဝန်ထမ်းများ ပူးပေါင်းပြီး မိုမိုမွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဖန်တီးဖြစ်ပါတယ်။ တိရစ္ဆာန်ချစ်သူများအားလုံး မိုမိုမွေးနေ့ပွဲကျင်းပနေတဲ့ ပုံရိပ်များကို မိုမို့အလွမ်းပြေ ကြည့်ရှု့အားပေးသွားကြပါဦး။ မိုမို့အနေနဲ့ အခုလို ၆၇ နှစ်ပြည့်မွေးနေ့လေးကနေ နောက်နှစ်ပေါင်းများစွာအထိ မိုမို့ချစ်သူတွေနဲ့အတူ ပျော်စရာမွေးနေ့ပွဲများ ကျန်းကျန်းမာမာနဲ့ အများကြီးကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။