BUY TICKETS
English
မြန်မာ
မူလစာမျက်နှာ
လည်ပတ်ရန်အကောင်းဆုံးနေရာများ
တိရိစ္ဆာန်များ
အတွေ့ကြုံသစ်များ
ပွဲတော်များ
သင်ကြားရေးအစီအစဥ်များ
မိမိတို့အကြောင်း
သတင်းများ
Happy 116th Anniversary
Reaching the Next Successful Milestone: Happy 116th Anniversary
(၁၉၀၆) ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်တွင် Victoria Memorial Park (ဝိတိုရိယဘုရင်မပန်းခြံနှင့် ဥယျာဉ်) ဟု အခမ်းအနားဖြင့် အမည်ပေး ဖွင့်လှစ်ခဲ့ပြီး (၁၉၅၁) ခုနှစ်တွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်အဖြစ် တရားဝင် အမည်ပြောင်းလဲခဲ့တဲ့ အရှေ့တောင်အာရှမှာ သက်တမ်းအရင့်ဆုံး ရန်ကုန်မြို့ရဲ့ အထင်ကရ တိရစ္ဆာန်ဥယျာဉ်ကြီးဟာ ယနေ့မှာတော့ (၁၁၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ယခုအခါ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ အရိပ်ရသစ်ပင်ကြီးများ၊ နို့တိုက် သတ္တဝါမျိုးစိတ်ပေါင်း (၄၄) မျိုး၊ ငှက်မျိုးစိတ်ပေါင်း (၇၂) မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း (၁၉) မျိုး၊ စုစုပေါင်း မျိုးစိတ် (၁၀၀) ကျော်တို့ကို ထိန်းသိမ်းမွေးမြူ ပြသထားရှိပြီး မျိုးဆက်ပျက်သုဉ်းလုနီးပါး အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော မျိုးစိတ်များဖြစ်ကြတဲ့ ဘင်္ဂလားကျားများ၊ အာရှဆင်များ၊ ကျားသစ်များနှင့် ငှက်မျိုးစိတ်များကိုလည်း ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ပြသထားလျှက်ရှိပါတယ်။
ခရီးသွားဝါသနာပါသူများနှင့် မြို့တွင်းအပန်းဖြေသူများ လာရောက်လည်ပတ်မှု အများဆုံးနေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ် လူဦးရေ (၁.၅) သန်းခန့် လာရောက်လည်ပတ်လျှက်ရှိပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား အများပြည်သူများ အပန်းဖြေအနားယူနိုင်စေရန်၊ ဗဟုသုတများ ရှာမှီးနိုင်ရန်၊ အဆင့်မြင်ပညာသင်ကြားနေသော ကျောင်းသား/ သူများ သတ္တနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူပြုနိုင်စေရန်၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအတွက် အများပြည်သူအား စည်းရုံးပညာပေးရန်၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော တောရိုင်းတိရစ္ဆာန်များအား မျိုးဆက်ပျံ့ပွားနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပြသထားခြင်းဖြစ်ပါတယ်။
Copyright 2018, All rights reserved.