တိရစ္ဆာန် ချစ်သူများအတွက် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကြီးက တိရစ္ဆာန်လေးတွေကို လာရောက် အစာကျွေးနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်ချစ်သူတွေနဲ့ တိရစ္ဆာန်လေးတွေတွေ့ဆုံနိုင်ဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။ လာရောက် အစာကျွေးသူတွေ အနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားတဲ့ Social Distancing နဲ့ ပတ်သတ်တဲ့ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး နှာခေါင်းစည်းများကိုလည်း မဖြစ်မနေဝတ်ဆင်ထားရမှာဖြစ်ပါတယ်။ အစာကျွေးမယ့်အစီအစဉ်က တစ်ရက်ကို (၂) ဖွဲ့ခွင့်ပြုပေးထားပြီး နံနက်ပိုင်း (၁) ဖွဲ့၊ နေ့လည်ပိုင်း (၁) ဖွဲ့ ဖြစ်ကာ တစ်ဖွဲ့ကို လူဦးရေ ၅ ယောက် မှ ၇ ယောက် သတ်မှတ်ပေးထားပါတယ်။ နံနက်ပိုင်းကျွေးမယ့်အဖွဲ့က နံနက် ၈:၃၀ မှ ၉:၀၀ အချိန်အတွင်း၊ နေ့လည်ပိုင်းအဖွဲ့က နေ့လည် ၂:၀၀ မှ ၂:၃၀ အချိန်အတွင်း တိရစ္ဆာန်ဥယျာဉ်ကို အရောက်လာပေးဖို့ လိုအပ်ပါတယ်။ အစာကျွေးဖို့ စီစဉ်ရာမှာလည်း အသီးအနှံနဲ့ အရွက်များကို ကိုယ်တိုင် ဝယ်ယူလာနိုင်သလို၊ တိရစ္ဆာန်ဥယျာဉ်မှ စီစဉ်ပေးထားတဲ့ အစီအစဉ်တွေ အတိုင်းလည်း ကျွေးနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေး အတွက် ပြင်ပမှဝယ်ယူလာတဲ့ အစာတွေကို သေချာစွာစစ်ဆေးခြင်းကို နားလည်ပေး ဖို့လည်း ကြိုတင် မေတ္တာရပ်ခံထားပါရစေ။ ဒီအစီအစဉ်လေးနဲ့ ပတ်သတ်လို့ စိတ်ပါဝင်စားသူများ အနေနဲ့ ကြိုတင်စာရင်းပေးဖို့လိုအပ်တဲ့အတွက် ဖုန်းနံပါတ် (09682011170/09448007527) သို့ ခေါ်ဆိုပြီး ကျွေးချင်တဲ့ ရက်၊ ကျွေးချင်တဲ့ အစာနဲ့ အစီအစဉ် အသေးစိတ်ကို ကြိုတင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Copyright 2018, All rights reserved.