"Let's go to Yangon Zoo with YBS."
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို YBS စီးပြီး လာကြမယ် 🚍🚍🚍
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို YBS စီးပြီး လာရောက်လည်ပတ်ချင်သော သားသား၊ မီးမီးနှင့် မိဘပြည်သူများအတွက် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိနိုင်တဲ့ YBS ကားနံပါတ်လေးတွေ လမ်းညွှန်ပေးပါရစေ။ 🚍
YBS - 12, 28, 29, 36, 61, 87, 139 ထဲက မိမိတို့နဲ့ နီးစပ်ရာ YBS ကားနံပါတ်ကိုစီးပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ တောင်ဘက်ဂိတ်ဝင်ပေါက်ဖြစ်တဲ့ ကျောက်တိုင်မှတ်တိုင်မှာဆင်းပြီး လာရောက်လည်ပတ်လို့ရပါတယ်။ မြောက်ဘက်ဂိတ်ဝင်ပေါက် (ကန်လမ်း) က လာရောက်လည်ပတ်ချင်သူများအနေနဲ့ ဗဟန်း (၃) လမ်းမှတ်တိုင်မှာ ဆင်းပြီး လမ်းအနည်းငယ်လျှောက်ရုံဖြင့် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်နိုင်ပါတယ်။
အခုဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ဘယ် YBS ကားနံပါတ်တွေစီးပြီး လာလို့ရလဲဆိုတာ သိပြီဖြစ်လို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗🤗
Copyright 2018, All rights reserved.